မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၂၆ မြင်ကွင်း
(မိုးမခ) ဇန်နဝါရီ ၂၇၊ ၂၀၂၆
ခုရက်ပိုင်းအတွင်း ဒေသန္တရသတင်းဌာနတခုက ကသာမြို့မှာ တိုက်ပွဲဖြစ်နေလျက်နဲ့ Non CDM ဆရာ၊ ဆရာမတွေနဲ့ ကျောင်းဖွင့်နေဆိုတဲ့ခေါင်းစဥ်နဲ့သတင်းတပုဒ်ဖေါ်ပြခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရလက် အောက်က PDF နဲ့ KIA တို့ပူးပေါင်းပြီး ကသာမြို့သိမ်းတိုက်ပွဲ ဖြစ်ပွားနေချိန်မှာ ကသာမြို့ မှာရှိတဲ့ အမှတ် ၃ အထက်တန်းကျောင်းမှာ Non CDM ကျောင်းဆရာ၊ ကျောင်းဆရာမတွေနဲ့ ကသာတမြို့လုံးမှာရှိတဲ့ မြို့ကနေ တိမ်းရှောင် မသွားကြတဲ့ ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသား ကျောင်းသူတွေကို ဆက်လက်သင်ကြားပြီး သီတင်းပတ်အနည်းငယ်အကြာမှာ အတန်းတင် စာမေးပွဲ ကျင်းပဖို့ လုပ်ဆောင်နေတဲ့ အကြောင်း သတင်းဖေါ်ပြထားတာပါ။
သတင်းဖေါ်ပြမှုမှာ မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားနေလျက်နဲ့ ကျောင်းဆက်လက်ဖွင့်လှစ်ထားတဲ့ အပေါ် အငြင်းပွားစရာဖြစ်နေတယ်လို့ ဆိုထားကာ ကျောင်းဆက်လက်ဖွင့်လှစ်တာကို သဘောတူတဲ့သူတွေ ဘက်ကအမြင်က အတန်းတင်စာမေးပွဲ ကျင်းပဖို့ လအနည်းငယ်အလိုမှာ မြို့သိမ်းတိုက်ပွဲဖြစ်ပွားလာတာကြောင့် တနှစ်တာ သင်ယူထားတာတွေ စာမေးပွဲ မဖြေဆိုလိုက်ရပဲ အလဟဿ ဖြစ်သွားမယ့် အရေးစိုးရိမ်မှု၊ မြို့ကနေ တိမ်းရှောင်သွားနိုင်တဲ့ မိသားစုတွေ ကျောင်းသားတွေ အဖို့တော့ အခြားမြို့မှာ ဆက်လက်သင်ယူပြီး စာမေးပွဲဖြေဆိုခွင့် ရကောင်းရနိုင်ပေမယ့် မြို့မှာကျန်နေခဲ့သူတွေ အဖို့ တနှစ်တာ သင်ယူပြီးမြောက်မှု အတွက် အခွင့်အရေးမဆုံးရှုံးရအောင် ပညာရေး ဝန်ထမ်းတွေနဲ့ ကျောင်းသားမိဘတွေအကြား ဆွေးနွေးပြီး ကျောင်းပြန်ဖွင့်ခဲ့ကြတဲ့ သဘောဖေါ်ပြထားပါတယ်။
အခြားတဖက် တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ဝင် တဦးက အခုလို ကျောင်းဖွင့်တာဟာ ကျောင်းသားတွေကို လူသားဒိုင်း အသုံးချချင်တာကြောင့် ကျောင်းဆက်ဖွင့်တာလို့ ၄င်းအနေနဲ့ ယူဆတယ်လို့ သတင်းမှာ ဖေါ်ပြထားပါတယ်။ ကသာမြို့ကို တော်လှန်ရေးတပ်တွေက ရွေးကောက်ပွဲရဲ့ ပထမပိုင်း ကျင်းပမယ့် ရက်မတိုင်ခင် ၂ ရက်အလို ဒီဇင်ဘာ ၂၆ ရက်နေ့က စတင် တိုက်ခိုက်နေပေမယ့် တလနီးပါးကြာချိန်ထိ မြို့တမြို့လုံးကို သိမ်းနိုင်ခြင်း မရှိသေးဘဲ မြို့ရဲ့ အချို့အပိုင်းတွေမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ဒီသတင်းဖေါ်ပြမှုအောက် မှတ်ချက်တွေမှာတော့ ပညာသင်ကြားနေတာကို မရှုစိမ့်နိုင်တဲ့လက်နက်ကိုင်တပ်တွေကိုဝေဖန်တာ၊ အတန်းတင်စာမေးပွဲပြီးမှ မြို့သိမ်းတိုက်ပွဲတိုက်သင့်ကြောင်း၊ ကျောင်းဖွင့်ခြင်းဟာ နိုင်ငံရေးမဟုတ်၊ စစ်သင်တန်းပေးတာလည်း မဟုတ်တာကြောင့် ဘာကြောင့်ဆန့်ကျင်နေရတာလဲဆိုတာ နားမလည်နိုင်ကြောင်း၊ ကိုဗစ်နဲ့ ပြည်တွင်းစစ်ကြောင့် ပညာရေးနောက်ကျခဲ့တာ ၃ နှစ်ရှိပြီ ကလေးတွေကိုသနားသင့်တယ်. အစရှိတဲ့ မှတ်ချက်အများအပြား ရေးသားထားတာ တွေ့ရတာ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးမှာ ပညာရေးနဲ့ ပတ်သက်တဲ့ မူဝါဒ လွဲမှားမှုတွေ စတင်ခါစကတည်းက ရှိခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ စစ်ကျွန် ပညာကို သပိတ်မှောက်ဖို့ နှိုးဆော်ခဲ့ကြပေမယ့် စစ်ကျွန်ပညာ သင်ကြားမှု မဟုတ်တဲ့ တော်လှန်ရေး အင်အားစုတွေဘက်က စီစဥ်ဖေါ်ဆောင်ထားတဲ့ လက်တွေ့ကျတဲ့ ပညာရေး စနစ်၊ ငွေကြေး မတတ်နိုင်သူတွေပါ လက်လှမ်းမီတဲ့ပညာရေးစနစ်မျိုး စီစဥ်ဆောင်ရွက်နိုင်ခဲ့တာ မတွေ့ရပါဘူး။ တော်လှန်ရေး နှစ်ကြာလာတာနဲ့အမျှ အွန်လိုင်းပေါ်က စာသင်ကျောင်းတွေက လူတိုင်းလက်လှမ်းမီတဲ့စနစ်မဟုတ်ကြောင်း သိရှိလာကြရတာလည်းဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးလုပ်ဆောင်နေချိန် အမျိုးသားညီညွတ်ရေး အစိုးရ နဲ့ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေ အဖို့ ပညာရေးအတွက် စီမံဆောင်ရွက်ဖို့ ငွေကြေး၊ လူ့စွမ်းအားအရင်းအမြစ်၊ ဆက်သွယ်ရေး ကွန်ရက်၊ ကျောင်းသားတွေမှာ အွန်လိုင်းသင်ကြားရေးအတွက် လိုအပ်တဲ့ ကွန်ပျူတာ၊ အင်တာနက် ဆက်သွယ်မှု အစရှိတာတွေကို လက်ဝယ် ပြည့်စုံအောင် မရှိကြတဲ့ အနေအထားနဲ့ အွန်လိုင်းစာသင်ကျောင်းတွေက မှေးမှိန်လာခဲ့တာ တွေ့ရပါတယ်။
တော်လှန်ရေးလက်နက်ကိုင်တွေ ပိုင်နိုင်စွာထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေမှာ လူကိုယ်တိုင် စာသင်ကျောင်းတွေ ဖွင့်နိုင်ပေမယ့် တဖက်ဖက်က ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်ထားနိုင်ခြင်းမရှိတဲ့နယ်တွေနဲ့ စစ်တပ်ထိန်းချုပ် နယ်မြေတွေမှာတော့ စစ်တပ်ရဲ့ စီမံခန့်ခွဲမှုအောက်က စာသင်ကျောင်းတွေနဲ့ စစ်ပြေးနေရလို့ စာသင်ကြားခြင်းမပြုနိုင်တာမျိုးတွေ နဲ့ ကြုံတွေ့ကြရတဲ့အနေအထားမျိုးဖြစ်ပါတယ်။
စစ်အာဏာရှန်ဆန့်ကျင်တဲ့ အင်အားစုကို ခေါင်းဆောင်ကြသူတွေ အနေနဲ့ တော်လှန်ရေးကာလကို ကြာမှာမဟုတ်ဘူးလို့ ယူဆထားကြတဲ့ အချက်တခုကြောင့်လည်း နွေဦးတော်လှန်ရေး စတင်ခါစမှာ စစ်ကျွန်ပညာရေး မသင်ယူကြဖို့၊ ကျောင်းမတက်ကြဖို့ လှုံ့ဆော်ခဲ့ကြတာ အဲလို လမ်းကြောင်းမျိုးကို တိုက်တွန်းခဲ့ကြတာ ဖြစ်ပြီး တော်လှန်ရေး သက်တမ်းကြာလာတာနဲ့ အမျှ အစားထိုးပညာရေး စနစ်တခု ရွေးချယ်စရာတခု သို့မဟုတ် ပညာသင်ကြားရေးကို နိုင်ငံရေးနဲ့ သီးခြားစီခွဲထုတ်တာမျိုး မူဝါဒပြောင်းလဲဖို့ ပျက်ကွက်ခဲ့ကြတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ပညာရေးကို လက်လှမ်းမှီဖို့ရာအတွက် ငွေကြေးချောင်လည်သူတွေ အဖို့ တတ်နိုင်ပေမယ့် သာမန်လူတန်းစား၊ လူများစုအတွက်တော့ သားသမီးတွေကို စစ်ဘေးလွတ်ရာ မြို့တွေ၊ နိုင်ငံတွေမှာ ပညာသင်ယူစေနိုင်တဲ့ အနေအထားမရှိပါဘူး။ ဒီလိုအနေအထားမှာ အချို့သောတော်လှန်ရေးကို ဦးဆောင်သူတွေရဲ့ သားသမီးတွေက ပြည်ပမှာ ပညာသင်ယူခွင့် ရနေတာမျိုး အဖြစ်အပျက်တွေက လက်ညှိုးထိုးစရာ ဖြစ်စေပါတယ်။
လူအများစု သာမန်လူထုတွေရဲ့ သားသမီးတွေရဲ့ ပညာရေးနဲ့ပတ်သက်တဲ့ မူဝါဒ၊ လုပ်ဆောင်မှုတွေကို ဖော်ဆောင်ပေးနိုင်ဖို့ အဲလို့မဟုတ်ရင် ပြည်သူလူထုအနေနဲ့ ပညာရေးအတွက် ၄င်းတို့ရဲ့ ရွေးချယ်မှုတွေကိုလေးစားဖို့ အရေး ကြီးတယ်လို့ ထင်မြင်ယူဆမိပါတယ်။ ပညာရေးဟာ အနာဂတ် မြန်မာနိုင်ငံ ထူထောင်ရေးအတွက် အရေးပါတဲ့ အရင်းအနှီးတရပ်လည်း ဖြစ်ပြီး ပညာရေးနိမ့်ကျမှုက မဝေးတဲ့အနာဂတ်မှာ လူမှုအသိုင်းအဝိုင်းကို အနုတ်သဘော သက်ရောက်မှုတွေ ရိုက်ခတ်စေမှာလည်း ဖြစ်တာ အသေအချာပဲ ဖြစ်ပါတယ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar
(မိုးမခ) ဇန်နဝါရီ ၂၇၊ ၂၀၂၆
တော်လှန်ရေးကာလ ပညာသင်ကြားရေး
နွေဦးတော်လှန်ရေးကာလတွင် အငြင်းပွားဖွယ်ရာ ကောင်းတဲ့အကြောင်းအရာ၊ နိုင်ငံရေးတခုထည်းကိုသာ ဇောင်းပေးခြင်းကြောင့် စည်းရုံးရေး ထိခိုက်စေနိုင်တဲ့အကြောင်းအရာ၊ အစွန်းရောက်အယူအဆ၊ လမ်းစဥ်ကြောင့် နွေဦးတော်လှန်ရေးရဲ့ ဂုဏ်သတင်းကို ထိပါးစေနိုင်တဲ့အကြောင်းအရာ တခုကို ညွှန်ပြပါဟု ဆိုလျင် ပညာရေးပဲ ဖြစ်ပါလိမ့်မယ်။ခုရက်ပိုင်းအတွင်း ဒေသန္တရသတင်းဌာနတခုက ကသာမြို့မှာ တိုက်ပွဲဖြစ်နေလျက်နဲ့ Non CDM ဆရာ၊ ဆရာမတွေနဲ့ ကျောင်းဖွင့်နေဆိုတဲ့ခေါင်းစဥ်နဲ့သတင်းတပုဒ်ဖေါ်ပြခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရလက် အောက်က PDF နဲ့ KIA တို့ပူးပေါင်းပြီး ကသာမြို့သိမ်းတိုက်ပွဲ ဖြစ်ပွားနေချိန်မှာ ကသာမြို့ မှာရှိတဲ့ အမှတ် ၃ အထက်တန်းကျောင်းမှာ Non CDM ကျောင်းဆရာ၊ ကျောင်းဆရာမတွေနဲ့ ကသာတမြို့လုံးမှာရှိတဲ့ မြို့ကနေ တိမ်းရှောင် မသွားကြတဲ့ ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသား ကျောင်းသူတွေကို ဆက်လက်သင်ကြားပြီး သီတင်းပတ်အနည်းငယ်အကြာမှာ အတန်းတင် စာမေးပွဲ ကျင်းပဖို့ လုပ်ဆောင်နေတဲ့ အကြောင်း သတင်းဖေါ်ပြထားတာပါ။