ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မအလရဲ့ လက္ခဏာရေးသုံးပါး
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မအလရဲ့ လက္ခဏာရေးသုံးပါး
မိုးမခ ၊ ဇန်နဝါရီ ၁၆ ၊ ၂၀၂၆
နမခမှာ အမြီးချိုးခံရတဲ့ ပဇင်း၊ ထိပ်ပေါက်ခေါင်းကွဲနဲ့ အူယားဖားယား ဆင်းလာ၊ ဂိန် ဆိုတဲ့ ခွေးကျကျသွားသံက အကျယ်ကြီး။ မပခ ဘက်လည်း ငှက်သိုက် တက်နှိုက်ခံရ။ BGF အားကိုးနဲ့ စစ်တိုက်နေရတဲ့ ကရင်မှာလည်း BGF တွေက စစ်ကျွန်မခံတော့။ ကျားချင်းအတူတူ တမူး ပိုရှူမခံတော့ပါတဲ့။
ကျောက်ဖြူလည်း တယောက်မှ မကူနိုင်၊ စစ်တွေမှာလည်း ဒစ်တွေလည်၊ အသင့်ပြေးရဟတ်ယဉ် မရပ် အစဥ်စက်နှိုး ဒိုးရတော့မယ် အဖြစ်ရယ်၊ အဲ အချစ်ရယ်။ ထမယ်(မင်း)ခြောက်သယ်ဒရုန်းကြီးလဲ ခြေကားယားလက်ကားယားနဲ့ မဟားတရားပြုခံရသတဲ့ကွယ်။ ဘုခံရတဲ့ ပဲခူးတိုင်းလည်း ခါးကိုင်းနံထောင် အံယောင်ကွတ သမချက်တွေ ဆိုတာ၊ ခဏတက် မွှေတာဆိုဘဲ။ နေပူတော်ပတ်လည်ထိ မပြတ်တွယ်နေကြ။
ရွေးကောက်ပွဲမှာလည်း မအလခမျာ မဲရုံနား သွားဖြဲပြနေပေမယ့် နွားပွဲစားပဲလာ။ ထမင်းကျွေးမယ် နေ့တွက်ပေးမယ်ဆိုမှ မယောင်မလည် ကပ်လာသူ တဦးတလေသာ။
အခြေအနေက ကျားဆွဲခံရမှာလည်း ကြောက်၊ ခွေးအချင်းချင်း ဆွဲမှာလည်း ကြောက်၊ အောက်ပြီးသံတောင် မကျယ်ရဲတော့တဲ့ ရှီကျင့်ဖျင်ဖိနပ်ကိုင် မင်းအောင်လှိုင်အဖို့တော့ နိုင်ငံတကာခုံရုံး ပါသွားရင် သက်သာမယ်။ ပီဒက်တွေ မိရင် တနိုင်ငံလုံး တံတွေးနဲ့ထွေး သေးနဲ့ဝိုင်းပန်းတာ အလှည့်ကျလုပ်ရမှာမို့ ကြာကြာခံမယ်။ သူ့တပ်က ကောင်တွေ ရသွားရင်တော့ ဖျင်ကြိတ်သတ်ပစ်မှာသေချာ။ ထမင်းခြောက်နဲ့ ထညက်(ထန်းလျက်) ကျွေး မသေမချင်း တိုက်ခိုင်းပြီး သူ့သား ကြောင်ပြည့်ဇုံကျ မြို့ကြီးပြကြီးတွေမှာ အရပ်သားပိုင် တိုက်တာတွေဖျက် မြေသိမ်း၊ သူခိုးပေါ်သူဝှက်လု အရင်ဗိုလ်ပြုတ်တွေ ဥထားတဲ့ မြေတွေပါ ပြန်သိမ်းပြီး အိမ်ရာစီမံကိန်းကြီးတွေ ချပေးလိုက်၊ အသေခံတိုက်ခိုင်းပြီး အဲဒီအသေတွေရဲ့ အသက်အာမခံငွေတွေကို မုဒိမ်းကျင့်ရင်း မသာစီမံကိန်းကြီးတွေ ချပေးလိုက်၊ အသုဘ ကန်ထရိုက်ရထားသူပီပီ မုန့်ဟင်းခါးဆိုင်ကြီးတွေ ထောင်ပေးလိုက်၊ တပ်ထဲက ကတော်တွေကို မုဆိုးမဖြစ်အောင် လုပ်ပြီး သူ့သမီး တခုလပ်ကိုကျတော့ မပြတ်ရအောင် သူငယ်ကုမ္ပဏီတွေ ထောင်ပေးလိုက်၊ အဆင်လုပ်ငန်းတွေ ဖန်ပေးလိုက်၊ နောက်မီးကလွဲရင် ဘာမှမလင်းတဲ့ဘဝမှာ လျှပ်စစ်ကားတွေ သွင်းခိုင်းလိုက် လုပ်နေတာလေ။ စစ်တပ်က တမိသားစုလုံး မရိုးသတ်မှာမပူနဲ့။ အကုန်ပြတ်သတ် ပင်စင်ထားလို့ လစာတောင် နပ်မမှန်တော့။ ကိုယ်တွေ လက်မဦးရင် သေးနဲ့တောင် ပန်းလိုက်ရမှာ မဟုတ်။
သရေကြိုးအဖို့ကတော့ အလှူထမင်းကျွေးရုံနား စောင့်နေတဲ့ ခွေးဝဲစားလို ပစ်လာမယ့် အရိုးမျှော်ရင်း ရစ်သီရစ်သီလုပ်၊ ရလာတဲ့ မဲစုပ်ကလေးနဲ့ အစိုးရဖွဲ့ဖို့ ဖန်နေတုန်း တကယ့်လူထု မဲအပြည့်ရလွှတ်တော်နဲ့အစိုးရက တိုင်းဒေသအလိုက် ယူနစ်အစိုးရတွေ ဖွဲ့ပေးနေပြီ။ လူငယ်ခြေတက် ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေအစုံအလင် အင်အားကောင်းကောင်းနဲ့ ပေါ်လာပြီ။ နုကြည်နဲ့ ပသုံးလုံးကြားက အာဏာလေဟာနယ်ကို ထိန်းညှိရင်း တိုင်းဒေသအရေး အလုပ်အကျွေးပြုကြတော့မယ်။ အခွန်အတုပ်တွေ စနစ်တကျ ကောက်ခံပြီး ကိုယ့်ဒေသအတွင်း တကယ် စစ်တိုက်နေတဲ့ အဖွဲ့တွေနဲ့ စစ်စရိတ်၊ စစ်ရှောင်စရိတ် သေချာမျှဝေသုံးစွဲရင် မအလအဖို့ သေရက် လက်ချိုးတွက်ရကိန်း။ သူ့ရဲ့ စစ်ရှောင်တိုးပွားရေးဗျူဟာလည်း ချူချာသွားရမယ်လေ။
MOD အောက်မရှိတဲ့အဖွဲ့တွေနဲ့ SRAအဖွဲ့ကြီးကလည်း ပိုပြီးကျယ်ပြန့်လာဖို့ရှိရတဲ့ကြား ယူနစ်အစိုးရတွေက ကိုယ့်ဒေသတွင်း တကယ်တိုက်တဲ့အဖွဲ့ကိုသိ၊ တပ်ရင်းတွေရဲ့ ရဲဘော်အရေအတွက်နဲ့တိုက်စွမ်းအားအမှန်ကို သိတာမို့ ပိုစနစ်ကျရာကနေ ပိုအားကောင်းတဲ့အခြေအနေထိ ကူညီထိန်းကျောင်းလာနိုင်တော့မှာဆိုတော့ MODနဲ့ EROများရဲ့မဟာဗျူဟာအောက် မအလအဖို့ ပြားပြားမှောက်ဖို့သာ။
သမ္မတလုပ်ချင်ရင် ကာချုပ်ရာထူး ကိုင်ထားဖို့ ခက်တာနဲ့၊ လူမျိုးတုံး သတ်မှုနဲ့ နိုင်ငံတကာခုံရုံးတင်ခံထားရတော့ သမ္မတဖြစ်လဲ တရုတ်နဲ့ ရုရှားပဲ သွားလို့ရမှာ၊ အာဆီယံတောင် မသေချာတော့။ ရွေးကောက်ပွဲဖိုး ရှုံးတာပဲအဖတ်တင်မှာလေ။ ဒါထဲက ကျားဖြန့်ကုပ်စီးမို့ အမေရိကန်တွေ ကျားချောင်းချောင်းတာခံနေရ။ တရုတ်က အမေရိကန် လက်ပါသွားမှာ ကြောက်လို့ သူက အရင်ကောက်စိထားလိုက်ရင်လည်း ကြိုးစင်ပဲ။ အင်း တရုတ်ကတော့ အကြီးပိုင်းဆို ဆေးထိုးသတ်တာ၊ တခါတရံတော့ ပစ်သတ်တယ်။ ဝေမျိုး မီမျိုး ရှောက်မျိုးတို့လို ခွေးမျိုးလည်း စမုံတုံးမှာပေါ့လေ။ အင်း သူကျ ခွေးမျိုးလည်း ဖြစ်တော့ မြောက်ကိုရီးယား ဝက်ပုတ်နည်းသုံးပြီး ခွေးစာကျွေးမလားမပြောတတ်။
ခု အဲဒါတွေ ကြောက်လို့ အချင်းချင်း ထုတ်လုပ်တာရော သုံးစွဲတာရော ပါတနာလုပ်ထား၊ မျက်နှာလွှဲပေးထားရုံမက ဖြန့်ချိရေးလုပ်ငန်းမှာပါ အလိုတူအလိုပါ လုပ်ထားတဲ့ ကျားဖြန့်နဲ့ မူးယစ်ဆေးပြားလုပ်ငန်းတွေကို ဗုံးကြဲပြ အဖမ်းပြ၊ ဘိန်းခင်းတွေကို ဖျက်ပြရင်း အမေရိကန်ကို ဇွတ်ဖားရင်း ရှီကျင့်ဖျင်တောင် ပလစ်ထားတော့တာ၊ အမယ် မတန်မရာ လူငယ်တွေကို စစ်မှုထမ်း မတရားဖမ်းဆီးနေရင်း လူငယ်ငြိမ်းချမ်းရေးညီလာခံ ဆိုတာတောင် လုပ်ပြနေတယ်။
အဲဒီညီလာခံမှာ စစ်တပ်ရဲ့ ဒေါက်တိုင်လုပ်နေတဲ့ ပညာရှင် ဆိုသူတွေ INGO, CSO က လူတွေ၊ အင်း ငြိမ်းချမ်းရေးပွဲစားတွေပေါ့လေ၊ သူတို့ကိုလည်း ဖော်ထုတ်ရမယ်။ သူတို့ဟာ စစ်အုပ်စုသက်တမ်းရှည်ရေးကို နဝတသန်းရွှေ လက်ထက်ကတည်းက သွယ်ဝိုက်ကူညီပြီး ၂၀၀၈ ခြေဥအတည်ပြုပြီးနောက်ပိုင်းနဲ့ ဗိုလ်သိန်းစိန်လက်ထက်မှာ တိုက်ရိုက် ပေါ်တင် ကူညီလာကြတာ။ ဘယ်လိုလူမျိုးတွေလဲဆိုရင် စစ်တပ်ကို တော်လှန်တဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုဟာ အညွန့်အညှောက် မထွက်တော့ဘူး၊ ထန်းလည်ဆစ်ကျိုး လှေပိုးထိုးဖြစ်သွားပြီလို့ ယူဆပြီး မြန်မာနိုင်ငံသားအဖြစ်ကိုပါ စွန့်လိုက်ကြသူတွေပေါ့။
သူတို့ဟာ တဖက်က နိုင်ငံခြားဘွဲ့လက်မှတ်၊ တဖက်က ဂရန့်တွေပါ ကိုင်ဆင်းလာတဲ့ တာဝတိံသာက သိကြားလိုလို ပုံဖမ်းလာသူတွေလေ။ သူတို့ဟာ သရေကြိုးက မအေလိုးကို အာဏာလွှဲပြီးရင်တော့ တကယ်တော်လှန်ရေး မလုပ်ဖူးလို့ တော်လှန်ရေးဝိညာဉ်ပျောက် တော်လှန်ရေးသွေးကြောင်ပြီး ပြည်သူ့တော်လှန်ရေးကို အထင်သေးတဲ့ကောင်တွေက လူရှေ့သူရှေ့ သိသိသာသာ ပြန်ထွက်လာကြလိမ့်မယ်။ အထင်မသေးရဲသူ လူပါးတွေကတော့ ရှေ့ထွက်မလာဘဲ နောက်ကနေ ထောက်ကြလိမ့်မယ်။ မအလကည်း ရှေ့ထွက်အသုံးတော်ခံခိုင်းမယ့်ကောင်တွေ ရှိတယ်။ ဒါပေလို့ ဒီရက်ပိုင်းအခြေအနေတွေက လွှတ်တော်အတုဆီ ရောက်ဖို့ကို မလွယ်တော့တာ မဟုတ်လား။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar