Breaking News

မင်းငြိမ်းအေး- ပင်လုံ

Art- Than Htay Maung
ပင်လုံ
မင်းငြိမ်းအေး
(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆

အံဆွဲဟောင်းထဲက
မြို့တစ်မြို့ထွက်ကျလာတယ်
လက်ရေးမညီမညာနဲ့။

နောက်မှပြင်ကျတာပေါ့
(၁၀ )နှစ်ဆိုတာ
စည်းလုံးဖို့ကောင်းတဲ့အချိန်ပဲ
အောင်ဆန်းရဲ့လက်မှတ်ဟာ
တစ်ပြည်လုံးရဲ့စာရွက်တစ်ရွက်
မျဉ်းမပါတဲ့စာကြောင်းမို့
(၁၄ )မျက်နှာလုံးယိုင်တယ်
သဘာဝအတိုင်းမမွေးနိုင်လို့
ခွဲမွေးရတဲ့စာချုပ်နဲ့
မြို့ဟာ ချုပ်ရိုးမကျက်ခဲ့ ။

ပြန်လာခဲ့တယ်
တစ်ဝဂူဆီ
သွေးစက်ကျနေတဲ့သားကောင်ကို
မြို့ဟာရုပ်လုံးသွင်းဖို့
လူအရိုင်းအစိုင်းတွေ
အုပ်စုဖွဲ့အမဲလိုက်ပြီးတဲ့အခါ
ကျောက်ဂူထဲမှာ
ကျောက်တိုင်နဲ့အရေခွာကျတယ်
ပြည်ထောင်စုက
အသားကောင်းတယ်
အရိုးများတယ်
အရေလည်းထူပါတယ်။
-
t.me@moemaka
#MoeMaKaMedia 
#WhatsHappeningInMyanmar