Breaking News

AI ရဲ့ဈေးကွက် လမ်းတဆစ်ချိုးပြီလား



AI ရဲ့ဈေးကွက် လမ်းတဆစ်ချိုးပြီလား
ပဲခူးဆားသာဂိ (မိုးမခ) ဇူလိုင် ၃၀၊ ၂၀၂၆


AI နည်းပညာ တိုးတက်လာတာနဲ့အမျှ အဓိက အခက်အခဲ ပိတ်ဆိုမှု (bottleneck) တွေလည်း တစ်နေရာတည်းမှာ မရှိတော့ဘဲ အစိတ်အပိုင်းတစ်ခုကနေ တစ်ခုဆီကို ရွှေ့ပြောင်းနေပါတယ်။ အခုဆိုရင် အေအိုင်စတော့တွေ ထိုးကျနေပြီး ဈေးကွက်က ပြန်လည် ထိန်းညှိမှုလုပ်နေတယ်လို့ ဆိုနေကြပါတယ်။

ပြီးခဲ့တဲ့လအတွင်း Meta၊ Samsung၊ Micron နဲ့ အခြားနည်းပညာကုမ္ပဏီတွေ ထုတ်ပြန်တဲ့ သုတေသနတွေကို ကြည့်လိုက်ရင် အားလုံးနီးပါးက တူညီတဲ့ အချက်တစ်ခုကို ပြောထားကြပါတယ်။ AI အတွက် အဓိက အခက်အခဲက တစ်ခါတုန်းကလို GPU (Compute) မဟုတ်တော့ဘဲ Memory၊ Storage၊ ချိတ်ဆက်ပေးတဲ့ နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုဘက်ကို ရွှေ့လာနေပါတယ်။

အထူးသဖြင့် GPU တွေက အလုပ်လုပ်နိုင်စွမ်း မြန်လာပေမယ့် Memory နဲ့ Storage က ဒေတာမပို့နိုင်သေးတဲ့အတွက် စောင့်နေရတဲ့ အချိန်တွေ များလာပါတယ်။ ဒါကြောင့် ကုမ္ပဏီတွေက ပိုမြန်တဲ့ Memory နဲ့ Flash Storage တွေမှာ ပိုပြီး ရင်းနှီးမြှုပ်နှံလာကြပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ Memory အမျိုးအစား တစ်ခုတည်း မသုံးတော့ဘဲ HBM၊ LPDDR နဲ့ Flash Storage စတဲ့ အဆင့်လိုက် Memory စနစ်တွေကို ပေါင်းစပ် အသုံးပြုလာကြပါတယ်။ ပိုမြန်တဲ့ မှတ်ဥဏ်တွေ၊ ပိုပြီး နက်ဝပ်လိုချိတ်ထားနိုင်တဲ့ မှတ်ဉာဏ်အုပ်စုဖွဲ့ထားတာတွေကို စဉ်းစားလာကြပါတယ်။

တချို့နည်းပညာအသစ်တွေကလည်း Memory ကို မျှဝေသုံးနိုင်အောင်၊ ဒါမှမဟုတ် ဈေးသက်သာတဲ့ Memory နဲ့ အစားထိုးနိုင်အောင် လုပ်ပေးနေပါတယ်။ ဒါကြောင့် Memory မလုံလောက်တဲ့ ပြဿနာကို Hardware အသစ်များများထုတ်တာထက် နည်းပညာနဲ့ ဖြေရှင်းလာကြတာပါ။

ဒါပေမယ့် AI အသုံးပြုမှုက ဆက်လက်တိုးလာနေတဲ့အတွက် Memory လိုအပ်ချက် စုစုပေါင်းကတော့ ဆက်ပြီး မြင့်တက်နေဆဲ ဖြစ်ပါတယ်။ AI တစ်ခုချင်းစီအတွက် Memory သုံးစွဲမှု လျော့လာပေမယ့် AI အသုံးပြုသူ ပိုများလာတဲ့အတွက် စုစုပေါင်း သုံးစွဲမှုက ပိုတိုးလာပါတယ်။

ရင်းနှီးမြှုပ်နှံမှုအတွက်ဆိုရင် Memory ချစ်ပ်တွေတင် မဟုတ်ဘဲ Memory ထုတ်လုပ်ရေး စက်ပစ္စည်းတွေ၊ Chip စမ်းသပ်ရေးလုပ်ငန်းတွေ၊ မြန်နှုန်းမြင့် Storage နဲ့ AI အခြေခံအဆောက်အအုံဆိုင်ရာ လုပ်ငန်းတွေမှာလည်း အခွင့်အလမ်းကောင်းတွေ ရှိနေတယ်လို့ သုံးသပ်ထားပါတယ်။

အနှစ်ချုပ်အားဖြင့် AI အတွက် ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်က အချိန်ကြာကြာ ဆက်ရှိနေဦးမှာ ဖြစ်ပြီး အောင်မြင်မယ့် ကုမ္ပဏီတွေကတော့ AI စနစ်ရဲ့ အဓိက အချိန်နဲ့အမျှ ပေါ်ပေါက်လာနေတဲ့ အခက်အခဲအသစ် စိန်ခေါ်မှုတွေကို ဖြေရှင်းပေးနိုင်သူတွေ ဖြစ်လာနိုင်ပါတယ်။

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar