ကျော်မောင်(တိုင်းတာရေး) - ခင်ဗျား ဘာစကားပြောတတ်သလဲ
ကျော်မောင်(တိုင်းတာရေး) - ခင်ဗျား ဘာစကားပြောတတ်သလဲ
မိုးမခ ၊ ဩဂုတ် ၁၅ ၊ ၂၀၂၆
လူငယ်နှစ်ယောက်။ သူတို့ကို လွန်သွားတဲ့အခါမှ “ဒီမှာရှင့် တဆိတ်လောက်” လို့ လှမ်းခေါ်သံကြားလို့ သမင်လည်ပြန် လှည့်အကြည့်။
“Excuse me” လို့ ပီပီသသ ကြားတာကို မြန်မာမှုပြုလိုက်တဲ့အခါ “ဒီမှာရှင့် တဆိတ်လောက်” လို့ ပြန်တာ လွန်အံ့မထင်။
ဘာများလဲ ဆိုတဲ့ ပုံစံနဲ့ ပြန်ကြည့်နေသူကို “Can you speak —— language?” လို့ မေးပါတယ်။
“Sorry, I can’t speak that language” ပြန်ပြောတော့ သူတို့လည်း ဘာလုပ်ရမှန်း မသိ။
လာနောက်နေသလိုပဲလို့ မှတ်ပြီး “Do you speak English?” ပြန်မေးလိုက်တယ်။ သူတို့က “Can you speak —— ?” ဆိုတာကို အင်္ဂလိပ်လို မေးခဲ့တာပဲ။
သူတို့ကို ပြန်မေးတဲ့အခါမှာတော့ သူတို့လည်း ဘာဖြေရမှန်းမသိ ဖြစ်နေတာနဲ့ ခင်ဗျားတို့ ပြောချင်တဲ့ဘာသာနဲ့ပြော၊ ငါ ဖုန်းနဲ့ ဘာသာပြန်မယ်၊ ခင်ဗျားတို့လည်း ဖုန်းနဲ့ ဘာသာပြန်လေလို့ ဖုန်းပြပြောတော့ ကောင်မလေးက နားလည်သလိုလိုရှိပြီး ပန်းခြံတစ်ခု နာမည်ပါတဲ့ မေးခွန်းကို ဖုန်းမှာ သူတို့ဘာသာနဲ့ရိုက်၊ ပေါ်လာတဲ့ အင်္ဂလိပ်ဘာသာပြန်ကို ပြပါတယ်။
မေးတဲ့ပန်းခြံ ငါ သိတယ်၊ ဘယ်လို သွားရမလဲ ဖုန်းက လမ်းညွှန်ကို ကြည့်လေလို့ ပြတဲ့အခါ သူတို့ကလည်း ဖုန်းမှာ ရိုက်ရှာတယ်။ လမ်းညွှန်အတိုင်း သွားရမှာကို ကောင်မလေးနဲ့ ပါလာတဲ့ ကောင်လေးက ဘယ်ကို ချိုးရမှာလား၊ ညာကို ချိုးရမှာလားနဲ့ ထပ်မေး။
ဖုန်းလမ်းညွှန်အတိုင်း လျှောက်ပါလို့ ပြောမလို့ ကြံလိုက်ပေမဲ့ မဖြစ်ချေဘူးဆိုပြီး ရှေ့ကလာနေတဲ့ ကလေးမ သုံးယောက်ကို မေးတဲ့အခါ သူတို့ကလည်း ကမ္ဘာလှည့်တွေပဲတဲ့။
အဲဒီအချိန်မှာ ခုနက တက်ရောက်ခဲ့တဲ့ပွဲက ပြပွဲအစီအစဉ်မှူး လာတာတွေ့။ ဟန်ကျပြီဆိုပြီး သူ့ကို အကူအညီတောင်းတဲ့အခါမှ သူက ကောင်လေး၊ ကောင်မလေး ပြောတဲ့ ဘာသာစကားသုံးပြီး လမ်းညွှန်။
ကောင်လေးရော၊ ကောင်မလေးရော “Thank you so much” ကို လှမ်းပြောနေကြ။
“ခင်ဗျား —— ဘာသာစကား ပြောတတ်လား” ဆိုတာကို အင်္ဂလိပ်လို မေးတာက စဉ်းစားစရာ ဖြစ်နေတုန်းပဲ။ နောက်ဆို ဒီလို ပြန်မေးလိုက်ရ ကောင်းမလား။
“ခင်ဗျား မြန်မာစကား ပြောတတ်လား”
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar