မင်းညွန့်လှိုင် - လမ်းရဲ့နေ့စဉ်
လမ်းရဲ့နေ့စဉ်
မင်းညွန့်လှိုင်
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၂၆
လူတွေစာမဖတ်ကြဘူးဗျာ
လူငယ်တွေစာမဖတ်ကြဘူးဗျာ
နေ့စဉ်သတင်းစာပို့သမားကြီးက
လမ်းထိပ်ကပင်စင်စားကြီးကို
နှုတ်ဆက်ရင်းညည်းတွားတယ်။
နိုင်ငံတော်ရွှေသီးဖို့
ကုန်ထုတ်လုပ်မှုအားပေးစို့
ချွေးဒီးဒီးကျလို့
စက်ဘီးအိုလေးအားစိုက်နင်းလို့
နေ့စဉ်သတင်းစာပို့သမားကြီးက
နေ့စဉ်သတင်းစာပို့တယ်။
လူအဖြစ်ကိုရခြင်းသည် ခဲယဉ်း၏
သတ္တဝါတို့၏အသက်ရှင်ခြင်းသည် ခဲယဉ်း၏
လျှောကျလာတဲ့ပါဝါမျက်မှန်ကိုပင့်တင်လို့
ဘဝတူဂီလာနစက်ဘီးလေးကိုစီးနင်းလို့
လမျက်နှာကျောက်ပေါက်မာတွေကိုရှောင်လို့
ပလုံကောက်သူလေးတွေကိုရှားလို့
အလှူခံပုဂ္ဂိုလ်တွေကိုကွင်းလို့
သတင်းစာပို့သမားကြီးကသတင်းစာပို့တယ်။
ခေတ်မီစာသင်ခန်းများ စာကြည့်တိုက်များ
မင်းညွန့်လှိုင်
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၂၆
လူတွေစာမဖတ်ကြဘူးဗျာ
လူငယ်တွေစာမဖတ်ကြဘူးဗျာ
နေ့စဉ်သတင်းစာပို့သမားကြီးက
လမ်းထိပ်ကပင်စင်စားကြီးကို
နှုတ်ဆက်ရင်းညည်းတွားတယ်။
နိုင်ငံတော်ရွှေသီးဖို့
ကုန်ထုတ်လုပ်မှုအားပေးစို့
ချွေးဒီးဒီးကျလို့
စက်ဘီးအိုလေးအားစိုက်နင်းလို့
နေ့စဉ်သတင်းစာပို့သမားကြီးက
နေ့စဉ်သတင်းစာပို့တယ်။
လူအဖြစ်ကိုရခြင်းသည် ခဲယဉ်း၏
သတ္တဝါတို့၏အသက်ရှင်ခြင်းသည် ခဲယဉ်း၏
လျှောကျလာတဲ့ပါဝါမျက်မှန်ကိုပင့်တင်လို့
ဘဝတူဂီလာနစက်ဘီးလေးကိုစီးနင်းလို့
လမျက်နှာကျောက်ပေါက်မာတွေကိုရှောင်လို့
ပလုံကောက်သူလေးတွေကိုရှားလို့
အလှူခံပုဂ္ဂိုလ်တွေကိုကွင်းလို့
သတင်းစာပို့သမားကြီးကသတင်းစာပို့တယ်။
ခေတ်မီစာသင်ခန်းများ စာကြည့်တိုက်များ
သိပ္ပံဓာတ်ခွဲခန်းများ ဒစ်ဂျစ်တယ်သင်ယူမှုအထောက်အကူပြုစနစ်များ
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာအခြေခံအဆောက်အအုံများ
ဆရာများ၏အသက်မွေးဝမ်းကျောင်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးအစီအစဉ်များ နှင့်
ကျောင်းသားများ၏သင်ယူမှုအရည်အသွေးကို တိုက်ရိုက်အထောက်အကူပြုမည့်လုပ်ငန်းများ
ကော်လန်စားက
ကော်လန်ကိုစားတယ်
သတင်းစာပို့သမားက
သတင်းစာကိုပို့တယ်။
စာလုံးအမည်းကြီးများ နိုင်ငံတော်များ
တဟုန်ထိုးခေတ်မီဖွံ့ဖြိုးတိုးတက်ခြင်းများ
ကွယ်လွန်အနိစ္စရောက်ခြင်းများ
ခရစ်တော်၌အိပ်ပျော်ခြင်းများ
အလ္လာအရှင်မြတ်အမိန့်တော်ခံယူခြင်းများ
ဘဝနတ်ထံပျံလွန်တော်မူခြင်းများ
စာမျက်နှာ(၃၂)မျက်နှာပါရှိတဲ့
စာရွက်ရေ(၁၆)ရွက်တိတိပါရှိတဲ့
စိုဖတ်ဖတ်သတင်းစာကို
စိုဖတ်ဖတ်သတင်းစာပို့သမားကြီးကပို့ပါတယ်။
သတင်းစာပို့သမားကြီးက သတင်းစာမဖတ်အားဘူး
သတင်းစာပို့သမားကြီးက သူမဖတ်တဲ့သတင်းစာကို နေ့စဉ်ပို့တယ်
လမ်းကလည်းသတင်းစာမဖတ်ပါဘူး
သတင်းစာပို့သမားကြီးကိုသာဖတ်နေရတော့တယ်
နေ့စဉ်။။
၅ စက်တင်ဘာ ၂၀၂၆
-
ကော်လန်စားက
ကော်လန်ကိုစားတယ်
သတင်းစာပို့သမားက
သတင်းစာကိုပို့တယ်။
စာလုံးအမည်းကြီးများ နိုင်ငံတော်များ
တဟုန်ထိုးခေတ်မီဖွံ့ဖြိုးတိုးတက်ခြင်းများ
ကွယ်လွန်အနိစ္စရောက်ခြင်းများ
ခရစ်တော်၌အိပ်ပျော်ခြင်းများ
အလ္လာအရှင်မြတ်အမိန့်တော်ခံယူခြင်းများ
ဘဝနတ်ထံပျံလွန်တော်မူခြင်းများ
စာမျက်နှာ(၃၂)မျက်နှာပါရှိတဲ့
စာရွက်ရေ(၁၆)ရွက်တိတိပါရှိတဲ့
စိုဖတ်ဖတ်သတင်းစာကို
စိုဖတ်ဖတ်သတင်းစာပို့သမားကြီးကပို့ပါတယ်။
သတင်းစာပို့သမားကြီးက သတင်းစာမဖတ်အားဘူး
သတင်းစာပို့သမားကြီးက သူမဖတ်တဲ့သတင်းစာကို နေ့စဉ်ပို့တယ်
လမ်းကလည်းသတင်းစာမဖတ်ပါဘူး
သတင်းစာပို့သမားကြီးကိုသာဖတ်နေရတော့တယ်
နေ့စဉ်။။
၅ စက်တင်ဘာ ၂၀၂၆
-
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
