Tuesday, September 22, 2026

ရွှန်းစိမ့်စိမ့်သက်တံ အမှတ်တရစာအုပ် ထွက်ပါပြီ



ရွှန်းစိမ့်စိမ့်သက်တံ အမှတ်တရစာအုပ် ထွက်ပါပြီ
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၂၆


နွေဦးတော်လှန်ရေးမှာ ရဲဝံ့စွာ လှုပ်ရှားရုန်းကန်ခဲ့ပြီး ထောင်တွင်းက ရရှိခဲ့တဲ့ ရောဂါဝေဒနာတွေနဲ့ ထောင်ပြင်ရောက်ပြီး မကြာခင်မှာပဲ ကျဆုံးခဲ့ရတဲ့ နွေဦးတော်လှန်ရေး၏ ကြယ်တပွင့်အကြောင်း အမှတ်တရအဖြစ် ကျန်ရစ်သူတွေ ဖွဲ့ဆိုကြတဲ့ စာအုပ် ထွက်ရှိလာပါပြီ။ မိုးမခက ထုတ်ဝေပြီး ကြယ်ပွင့်လေး၏ ဖခင် ကဗျာဆရာစောဝေက စီစဉ် ဖြန့်ချိမှာ ဖြစ်ပါတယ်။ စာအုပ်အမည်ကတော့ - စစ်မိစ္ဆာခြွေချလိုက်တဲ့ရနံကျန်ပန်းတပွင့် သို့မဟုတ် ရွှန်းစိမ့်စိမ့်သက်တံ လို့ ပေးထားပါတယ်။

ဒီ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ သမီးငယ်လေးရဲ့ ရှင်သန်နေဆဲသူငယ်ချင်းတွေစုပြီး စာအုပ်ရောင်းရတဲ့ငွေအားလုံးနဲ့  စစ်ဘေးရှောင် မူလတန်းစာသင်ကျောင်းလေးတစ်ကျောင်း သမီးနာမည်နဲ့ဆောက်လုပ်လှူဒါန်းသွားကြပါမယ်လို့ ကဗျာဆရာ စောဝေက ဆိုထားပါတယ်။ ဒီစာအုပ်ထဲမှာ သမီးကလေးရဲ့မိရင်း ဖရင်း အဒေါ်အရင်းတို့အပြင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး၊ အင်းစိန်ထောင်နိုင်ငံရေးအကျဉ်းသားစားအိုးတွဲ၊ ဘန်ကောက်တက္ကသိုလ်အတန်းဖော်၊ ပြည်ပ-ပြည်တွင်း-တောထဲက စာရေးဆရာ၊ ကဗျာဆရာများ ပါဝင်ရေးသားထားကြပါတယ်။

စာမျက်နှာ- ၈၂ မျက်နှာ၊ အတွင်းသရုပ်ဖော်ပုံများနဲ့ဆေးရောင်စုံဓာတ်ပုံအယ်လ်ဘမ်တို့ပါရှိပြီး စာအုပ်တန်ဖိုးက USD 10 ဒေါ်လာ($10) သတ်မှတ်ထားပါတယ်။ Online ကမှာယူအားပေးလိုသူများ ကဗျာဆရာ စောဝေ၊ ကဗျာဆရာ အောင်ဝေးတို့ထံ ဆက်သွယ်ပါ။

Memorial Book for Shun Seint Seint Thet Tant Released

(MoeMaKa), September 22, 2026


A memorial book has been published in remembrance of Shun Seint Seint Thet Tant, one of the young stars of Myanmar’s Spring Revolution. She courageously took part in the movement, suffered from illnesses she developed during her imprisonment, and passed away not long after her release from prison.


Published by MoeMaKa, the book is being organized and distributed by her father, poet Saw Wai. The book is titled “A Fragrant Flower Plucked by the Demons of War, or Shun Seint Seint Thet Tant.”


Poet Saw Wai said that Shun Seint Seint Thet Tant’s surviving friends plan to use all proceeds from the sale of the book to build a school in her name to support education during Myanmar’s interim period.


The memorial volume includes contributions from her mother, close friends and aunt, as well as Myanmar’s Permanent Representative to the United Nations, members of a communal cooking group of political prisoners at Insein Prison, a classmate from Bangkok University, and writers and poets from inside Myanmar, abroad and resistance-held areas.


The book is 82 pages long and includes illustrations and a full-color photo album.

The price is US$10.

Those wishing to order the book online may contact poets Saw Wai or Aung Way.


The book preserves the memory of Shun Seint Seint Thet Tant while carrying her legacy forward through her friends’ plan to build a school in her name.


Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar