Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၃၅)



ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း   - အူတော့သည်လည်း ခွေးစကား (၃၅)
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၂၆

မအလပြန်တော့ ကျန်ရစ်တဲ့ကပ်ဘေးက အတောမသတ်သေးဘူး။

ထိုင်းတနိုင်ငံလုံး ရေစုန်းစုန်းမြုပ်၊ မိုးသီးတဗြုန်းဗြုန်းအုပ်၊ တရုတ်မှာဝင်တဲ့မုန်တိုင်းတွေအကုန်ပေါင်းဒဏ်ထက် ခံရချက်မလျော့။ အနုတင်ကလဲ မအလကို အတော်လေး ကယုကယင်လိုက်သကိုး။

မအလလာတော့ ထိုင်းရဲတယောက်ပြောတဲ့ မကောင်းဆိုးဝါး ဝင်လာတယ်လို့ ခံစားရတယ်ဆိုတာ အနုတင်နဲ့ ထိုင်းပြည်သူတွေ ခုတော့ သဘောပေါက်လောက်ပြီထင်ပါရဲ့။ ကံဆိုးက ကပ်ဆိုးကိုသယ်လာတတ်တယ်လေ။ ကံယုတ်က ကပ်ယုတ်ကို ဆောင်ကျဉ်းလာမှာပေါ့။ အဲဒါကို မအလကတော့ နိုင်ငံတကာဆက်ဆံရေးလို့ အူတာပေါ့။ နိုင်ငံတကာကဘဲ သူ့ကို လိုလားနေသယောင် ဟောင်တာပေါ့။ သူ့ကိုယ်သူလဲ အဖေပါလို့အူပြီး သူပြောတဲ့သားသမီးတွေကို လိုက်ကိုက်သတ်နေတဲ့ တော်သလင်းကောင်လေ။ အဲသလို အဟောင်အအူ ပါရဂူ။

ဒီလောက် လူတွေကို အငမ်းမရသတ်နေတဲ့သူတွေကို ဖက်လဲတကင်း မိတ်ရင်းဆွေညာသွားလုပ်တာ အနိဋ္ဌာရုံပြီး အနိဋ္ဌာရုံတွေ စဉ်တိုက်ဆက်တိုက်လာပြီပေါ့။ မြန်မာပြည်သူတွေခံရတဲ့ စိတ်ဆင်းရဲကိုယ်ဆင်းရဲမျိုး ထပ်တူခံရတာလေ။ မြန်မာပြည်ကြေသလိုမျိုးလဲ ကြေကြရတာလေ။ မအလတို့အကုသိုလ်ဓာတ်အားက တကမ္ဘာလုံးဖျက်နိုင်စွမ်းလောက်တောင်ရှိတာကလား။ နာမည်ကိုက မအလ ငလမတဲ့၊ အေး နာမည်ကစ ဘယ်လောက်ကျက်သရေတုံးနိုင်သလဲဆိုတာ စဉ်းစားသာကြည့်။ ဥပဓိကလဲ စုန်းဘီလူးမတောင် ကုန်းဦးချရမယ့်ရုပ်။ ညစ်ပုတ်နေတာများဆို ဖွတ်ကျောပြာကပ်ထားတဲ့အတိုင်း။ စိတ်ရိုင်းကလဲ မိစ္ဆာနဲ့ ပြိတ္တာစပ်ကျ အဘိဇ္ဈာမပြတ်ကြွ‌နေတာဆိုတော့ ခု ထားဝယ်သဘာဝဘေးဒဏ်ခံနေရချိန်မှာ မကူဘဲ‌ဗုံးကြဲ ကူညီသူတွေကိုဖမ်းဆီးကာ လာမကူရဲအောင်ခြိမ်းခြောက်ပြီး စစ်ကြောင်းထိုးဖို့ပြင်နေတယ်လေ။ 
ဒါတောင် မအေဘေးက သူ့ကိုယ်သူအဖေလို့ ဟောင်သေးတာ။ ထွီ ဒီ့ထက်ရွံစရာကောင်းတာများ လောကမှာရှိသေးလား။ သဘာဝဘေးကိုအကာအကွယ်ယူအားပြုပြီး ကိုယ့်ပြည်သူကို ချေမှုန်းတိုက်ခိုက်တဲ့ကောင်မျိုး ဒီဒွန္နရာမှာရှိသေးလား။ စူပါအယ်နီးညိုလာရင်လဲ ဒီလိုမျိုးယုတ်ကန်းဖို့ဘဲစောင့်နေမှာ။ ပြည်သူဆိုရင်ကို ရန်သူသတ်မှတ်တော့တာ။ မိဖလို့ မသတ်မှတ်တော့။ တပ်ပေါက်တိုင်းမှာချိပ်ထားတဲ့ ပြည်သူသာအမိ ပြည်သူသာအဖမဟုတ်တော့။ ပြည်သူဆိုတဲ့အသံကြားရင်ကို သတ်ဖြတ်တော့တာ။ ပြည်သူဆိုကထဲက စစ်တပ်အပေါ် ဆန္ဒမရှိ လိုလားစိတ်မရှိလို့ နားလည်ထားတော့တာ။ လူတယောက်က ကိုယ့်ကိုယ်ကိုယ်ပြည်သူလို့သတ်မှတ်ရင် စစ်တပ်ရဲ့ရန်သူ၊ စစ်ကျွန်လို့သတ်မှတ်ရင် ဘက်သားဘဲ။ မအလနဲ့စစ်တပ်က ပြည်သူကို ပထွေးမုန်းမုန်းနေတော့တာ။ ပြည်သူ့မဲက သူတို့ကိုဆွဲချခဲ့တာကိုး။ သေနတ်ကိုင်စစ်အုပ်စုကြီးကို ပြည်သူ့မဲ့နဲ့ ဖြုတ်ချနိုင်ခဲ့တာကိုး။ ဘာ့လို့ဆို ဒီတော်လှန်ရေးက ပြည်သူ့တော်လှန်ရေးဆိုတာ ကောင်းကောင်းသိနေတာကိုး။

ပြည်သူက သူ့မဲကို အသက်လိုစောင့်ရှောက်တဲ့တော်လှန်ရေးလေ။ သူတို့မဲကို သဲနဲ့ပက်လို့ လက်နက်ကိုင်ဆေည်တော့တာကလား။ နှစ်၇၀လောက် ဗိုလ်ကျစိုးမိုး၊ လက်နက်ကိုင်တော်လှန်သူမှန်သမျှနဲ့တိုက်လာတာ ဘာမှမဖြစ်တဲ့အပြင် စစ်အားတောင် ပိုပိုကောင်းလာလို့ ကမ္ဘာ့အဆင့်၃၇ သတ်မှတ်ခံထားရတဲ့စစ်တပ်ဟာ ဒီပြည်သူ့တော်လှန်ရေးကျကာမှဘဲ စစ်တိုင်းနှစ်တိုင်း အစပျောက်သွားတယ်။ ဟော ခု နောက်တတိုင်းတောင် အိမ်တိုင်ချွတ်ပြေးရတဲ့အဆင့်။ ရှမ်းပြည်တပြည်လုံး စစ်ဖိနပ်အောက်က လွတ်တော့မယ်။ တရုတ်လက်အောက်ပါရောက်သွားပြီဆိုတော့ လွတ်တာ သေချာသွားပလေ။ တရုတ်၊ ဝ၊ ကိုးကန့်၊ ပလောင်၊ ပအိုဝ်းအောက်ရောက်သွားပြီ။ ရှမ်းနှစ်ဖွဲ့ကတော့ အလုပ်မလုပ်တော့ နေရာပျောက်ရုံသာရှိတော့တာပေါ့။ မြောက်ပိုင်းတိုင်းနဲ့ တောင်ပိုင်းတိုင်းလဲ သိပ်ကြာမယ်မဟုတ်၊ ပြုတ်အုံးမှာ။ တဖြည်းဖြည်းနဲ့ စစ်ဆပ်ဟာ တိုင်းရင်းသားဒေသတွေကနေ ဆုတ်ခွာခဲ့ရတော့မယ်။ စစ်ကိုင်း မန္တလေး မကွေး ပဲခူး ရန်ကုန် ဧရာဝတီဘဲ ရှိသမျှတပ်အစုံပြန်ဆုပ်ပြီး ခြေစုံကန်ထိမ်းရတော့မှာ။ တအိအိနဲ့ ပိကျလာပလေ။ အနောက်တောင်တိုင်းတောင် AA‌ ခေါက်လို့ ထိပ်ပေါက်ခေါင်းကွဲဖြစ်နေတာကြာပေါ့။ ရှမ်းပြည်ရှိတဲ့အဖွဲ့တွေကလဲ ကျန်စစ်တိုင်းနှစ်တိုင်းတော့ တရေးနိုးထသိမ်းလဲ ရမယ့်ခြေနေ။ ရှမ်းနှစ်ဖွဲ့အတွက် နောက်ဆုံးရနိုင်တဲ့အခွင့်အရေးဆိုပါတော့။ အဲ့နှစ်တိုင်းက ကြောင်လက်ထဲကကြွက်။

ဒီစစ်တိုင်းတွေပျက်ရင် စစ်အုပ်ချုပ်ရေးပျက်ပြီ။ စစ်အုပ်ချုပ်ရေးပျက်ရင် ဦးပိုင်နဲ့ MEC က အချောင်မောင်ပိုင်စီးထားတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေအကုန်ပြန်ရပြီ။ အလကားနေရင်းဖွင့်ထားတဲ့ ဗိုလ်သင်တန်း ဆေး စက်မှု ကွန်ပြူတာဘာညာစစ်တက္ကသိုလ်အားလုံးရဲ့စရိတ်တွေငြိမ်းပြီ။ ပိုက်ဆံရတြဲအလုပ်အကုန်ယူထားပြီး ကျန်တဲ့အခွန်ငွေလေးကိုပါ ပညာရေး ကျန်းမာရေးစရိတ်မသုံးရဘဲ စစ်သုံးစရိတ်အဖြစ် အနုကြမ်းစီးတဲ့စစ်တပ်ကြီးကသုံးဖြုန်းနေသမျှ စစ်စရိတ်တွေအကုန်သက်သာပြီ။ နောက်ဆုံးကုန်ကုန်ပြော၊ ပင်စင်လစာပါမကုန်တော့ဘူးဆိုတော့ ခုစစ်တပ်ဖျက်ဆီးထားသမျှ တနှစ်ထဲနဲ့ပြန်တည်ဆောက်လို့ရပြီလေ။ ဒါတောင် ဒီခွေးသူခိုးတွေရဲ့ တိုင်ူပြည်ကခိုးထားသမျှ စာ်းစိမ်တွေ ပိုင်ဆိုင်မှုတွေ မထိရသေးဘူး။ သူတို့ဟာရောဆို သူတို့ကြောင့် ထိခိုက်နစ်နာသူမှန်သမျှ ရှယ်ထောက်ပံ့ကူညီလို့ရပြီ။ ကျဆုံးရဲဘော်တွေရဲ့မိသားစုကိုလဲ ကောင်းကောင်းထောက်ပံ့နိုင်ပြီ။ စစ်စရိတ်မရှိတာနဲ့ဘဲ တိုင်းပြည်က ချမ်းသာပြီ။ သူတို့ဖြိုဖျက်ထားတာမှန်သမျှ ပြန်တည်လို့ရပြီ။ တဖြည်းဖြည်းနဲ့ မိဖပြည်သူကို ပြစ်မှားတဲ့စစ်တပ်ဟာ ကံကြီးထိုက်လာပြီ။

ခုဆို စစ်တပ်ရော၊ စစ်သားနဲ့သူ့မိသားစုရောဟာ ပြည်သူ့အကျယ်ချုပ်မှာ မလှုပ်သာတော့။ ပြည်သူ့ခတ်တဲ့ဒဏ်ကို ကော့နေအောင်ခံနေရပြီလေ။ အခုဆို စစ်မှုထမ်းဆိုပြီး လူပြန်ပေးဂိုဏ်းတွေပွထနေတော့ ပြည်သူက ရွံရှာ အော့နှလုံးနာတာများဆိုတာ စကားလုံးတောင် ရှာမရလောက်အောင်ဖြစ်နေပြီ။

လူငယ်တွေကိုဖမ်း၊ အရောင်းအဝယ်လုပ်နေကြတာမျိုးက လူမည်းကျွန်ခေတ်ကြီးကိုရောက်နေသလိုဘဲလေ။ ခရိုနီတွေနဲ့ စစ်ဗိုလ်ချုပ်သားသမီး မြေးမြစ်တွေတော့ မပါဘူးပေါ့။ သူတို့သက်ဆိုးရှည်ရေး တခြားသူတွေကို အသက်ပေးခိုင်းတဲ့အလွန်ရက်စက်ယုတ်ကန်းမှုပေါ့။ ဒီတော်လှန်ရေးပြီးရင် ခေတ်အဆက်ဆက်စစ်တပ်နဲ့ပေါင်းလူလည်ကျနေတဲ့ ပြည်သူကိုစိတ်ရှုပ်စေတဲ့လူမိုက်တွေလဲ တယောက်မကျန်ပျောက်သွားတော့မှာဖြစ်သလို စစ်တပ်နဲ့ပေါင်းပြီးသင်္ကန်းကိုအလံလုပ်၊ ထမင်းအချောင်အုပ်၊ ဘာသာသာသနာကိုအိုးမဲသုတ်နေတဲ့ ကတုံးစုပ်တမျိုးနွယ်လုံးလဲ ကင်းသွားတော့မှာ။ စစ်တပ်နဲ့ပေါင်းပြီး တိုင်းပြည်သယံဇာတမှန်သမျှအချောင်အုပ်နေတဲ့ တိုင်းပြည်ကိုချွတ်ခြုံကျစေတဲ့ လူတန်းစားတသုတ်လဲ ပြုတ်သွားတော့မှာ။ တော်လှန်ရေးကြီးပြီးသွားရင် မြန်မာ့တပ်မတော်ရဲ့ ပင်မလုပ်ငန်းဖြစ်တဲ့ မုဆိုးမနဲ့ ဖာသည်မထုတ်လုပ်ရေးလုပ်ငန်းကြီးရပ်သွားတော့မှာ။ ဖတဆိုးလုပ်ငန်းကြီးရပ်သွားတော့မှာ။ သားဖျောက်မိခင်လုပ်ငန်းကြီးရပ်သွားတော့မှာ။ ဗိုလ်ကတော်တွေ လင်ငယ်နေမှုလုပ်ငန်းကြီး ရပ်တန့်ပစ်တော့မှာ။ မြန်မာမလေးတွေ မယားအဖြစ်ကိုယ့်ကိုယ်ကိုယ်ရောင်းချနေရတဲ့လုပ်ငန်းကြီး ရပ်တန့်ပစ်တော့မှာ။ အာရှတိုက်လုံးဆိုင်ရာ အိမ်ဖော်လုပ်ငန်းကြီး ရပ်တန့်ပစ်တော့မှာ။ အာရှတိုက်လုံးဆိုင်ရာ အလုပ်ကြမ်းအလုပ်သမားမွေးမြူရေးလုပ်ငန်းကြီးတခုလုံး ရပ်တန့်ပစ်တော့မှာ။ တရုတ်အငှားကိုယ်ဝန်ဆောင်လုပ်ငန်းကြီး ရပ်တန့်ပစ်တော့မှာ။ တရုတ်နိုင်ငံသားတွေကို မှတ်ပုံတွေပေး၊ နိုင်ငံသားပေး၊ ပါ့စပို့ထုတ်ပေးပြီး မြေယာတွေပိုင်ဆိုင်ခွင့်ပေးနေတဲ့ တရုတ်နိုင်ငံဖြစ်မှု တရုတ်မှုပြုလုပ်ငန်းကြီးတခုလုံးရပ်တန့်ပစ်တော့မှာ။ ရှမ်းပြည်ကတော့ အဖတ်ဆယ်ဖို့ မလွယ်တော့ဘူး။ မန္တလေးကို အညာကို တရုတ်လက်က ကယ်ချိန်ရအုံးမယ်ထင်။

စစ်တပ်မှာ လေတပ်ကကောင်ဆို ဉာဏ်ရည်မြင့်တယ်လို့ ပြောကြ ဂုဏ်ယူကြတယ်။ ကြည်းတပ်ဆို စောက်ပိန်းပေါ့။ ဒါမဲ့ အဲလေခွေးတွေက ဗုံးကြဲခေါက်ရေများလို့ ဆုကြေးပိုရတာကို ဂုဏ်ယူနေကြတယ်။ ကလေးတွေအပေါ် ကျဲနေတာပါလားလို့ မတွေးတတ်ဖူး။ ကိုာ်ဝန်ဆောင်မိခင်တွေကို ဗုံးကြဲသတ်နေတာပါလားလို့ မစဉ်းစားရဲဘူး။ ဈေးသည်တွေပေါ် ကျဲနေတာပါလားလို့ မစဉ်းစားရဲဘူး။ စာသင်ကျောင်းတွေအပေါ် ချခိုင်းတာဘဲလို့ မမေးဝံဘူး။ ဆေးရုံတွေ‌ကို ဖျက်ဆီးခိုင်းတာဘဲလို့ မစဉ်းစားရဲဘူး။ ဉာဏ်ဆိုတာ သတ္တိပါမှ၊ မဟုတ်ရင် ကလိမ်ကကျစ်ဉာဏ်ဘဲလေ။ ဘာမှသုံးစားမရ။ အဇာတသတ်နဲ့ ဒဒေဝဒတ်လဲ ဉာဏ်ကြီးရှင်ဘဲ။ ဟစ်တလာလဲ ဉာဏ်ကြီးရှင်ဘဲ။ အင်း အဇာတသတ်နဲ့ ဒေဝဒတ်တွေစုရပ်က စစ်တပ်ဘဲ။

လေတပ်ဆိုတာ မြန်မာပြည်ရဲ့ရန်သူကြီး၊ ဘယ်တော့မှ ခွင့်လွတ်လို့မရတဲ့ပြစ်မှုတွေနဲ့ မိသားစုလိုက်ခြေရာခံ ရှာဖွေရမယ့်ကမ္ဘာမကျေတွေပေါ့။


ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း 
ကာတွန်းသရုပ်ဖော် - စောငို (ဟိုးတုန်းက ကာတွန်း ပြန်သုံးပါသည်)

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar