နိုင်မင်းညို (မြစ်ခြေ) ● အနုပညာ ဟာကွက်

နိုင်မင်းညို (မြစ်ခြေ) ● အနုပညာ ဟာကွက်
(မိုးမခ) ဇွန် ၉၊ ၂၀၁၉
အတွင်းသားထိ
စူးဝင်မကြည့်နိုင်တဲ့ခေါင်းတွေ
တိုက်ပျက်တလုံးပေါ်မှာ
အနုပညာ စစ်မှန်ခြင်းကို
လက်နဲ့ရေး ခြေနဲ့ဖျက်နေကြ
ခေတ်က ရယ်စရာ
ပြီးတော့ ငိုစရာလဲဖြစ်ရဲ့
သေသူဟာ သေပြီးတဲ့နောက်
သူ့ရဲ့ချစ်လှစွာသော အနုပညာကို
လှလှ ပပ ချန်ထားရစ်ခဲ့တယ်
အနုပညာသွေး မရှိသူ
မျောက်တကောင်ချိန်ရွယ်ထားတဲ့ သေနတ်ဟာ
လူတွေဆီက ဆင်းသက်လာကြောင်း
ကျည်ဆံထိပ်ဖူးရောက်နေတဲ့
ဦးခေါင်းတစ်လုံးက သူ့ကိုယ်သူ ပြန်ပြောနေမိရဲ့။ ။
နိုင်မင်းညို (မြစ်ခြေ)
၇.၆. ၂၀၁၉