Breaking News

ရဲဘော် ရမ်ချို - အလွမ်းအိမ်

ရဲဘော် ရမ်ချို - အလွမ်းအိမ်
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၂၁

မိသားစုကိုလည်း ...လွမ်း
သူငယ်ချင်းများကိုလည်း ...လွမ်း
မရှိတဲ့ချစ်သူကိုလည်း ...လွမ်း
နေ့ရက်တွေကို ရေတွက်
မ‌ေ၀◌းတော့တဲ့ ဒီခရီး
ရောက်တော့မယ့် ပန်းတိုင်
အသုံးသတ်ဖို့ ရှေ့လျှောက်
အလွမ်းကို ခွန်အားပြု
မျှော်လင့်နေတဲ့ ပြည်သူရှေ့ရောက်
အလွမ်းနဲ့ အိမ်မှာ
အပြည့်အ၀နားချင်မိတယ် .... အမိ။

၂၉၊ ၃၊ ၂၀၂၁။

ရဲဘော်ရမ်ချိုသည် နွေဦးတော်လှန်ရေးကာလအတွင်း ရှေ့တန်းတနေရာတွင် ကျဆုံးခဲ့ပါသည်။



t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar