Breaking News

ဝဇီရာဒီဖိုး - ကမ္ဘာထဲက ငါတို့ရွာ

ကမ္ဘာထဲက ငါတို့ရွာ
ဝဇီရာဒီဖိုး
(မိုးမခ) မေ ၂၄၊ ၂၀၂၂

မိုးလေးတဖျောက်ဖျောက်မှာ
ရွာရေသောက် ဖားတွေကိုလိုက်ရိုက်တာ
တဖျတ်ဖျတ်။

အရက်နဲ့မြည်းဖို့လား
မိသားစုဖို့လား။

နားစွင့်နေမိတဲ့
ရိုက်သံတွေ။

ပလူတွေထွက်တယ် 
နေသာမယ်တဲ့။

အစဥ်အလာတွေလည်း ပြောင်းသွားတဲ့
ဖြစ်စဥ်ဖြစ်ရပ်များနဲ့
လေဖိအားနည်း ရပ်ဝန်းရှိသတဲ့။

အကောင်းဆုံးမနက်ဖြန်ဆိုတာ
ဖက်ဆစ်စစ်မိစ္ဆာတွေမရှိမှ။

ရွားလေးဟာ သေနတ်သံနဲ့
သီချင်းဆိုရင်း
ပြောင်းဝက ယမ်းငွေ့တွေထဲ
ရွာလုံးကျွတ်ပြာပုံဖြစ်ရတာ
ဓမ္မလား အဓမ္မလား 
ထောက်ခံသူတွေရဲ့နှလုံးသား
တရားကျပါရဲ့။  ။


20:15, 22-5-2022
တတယပက
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar