နိုင်နွေဦး - ဘာလင်တိုင်းဒေး
နိုင်နွေဦး - ဘာလင်တိုင်းဒေး
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၂၃
အာ... ရင်ဘတ်က ပြောတယ်
နာနာ ခံစားတတ်မှ
ရူးရူးမူးမူးကို ဖြစ်နေမှ
ကြီးမြတ်တဲ့ အနုပညာတဲ့
မူးမှုန်မှိုင်းဝေစေတဲ့ ဓာတ်ပုံမော်ဒယ်မလေးရေ...
ကြီးတောင့်ကြီးမားကျမှ အသည်းကွဲတဲ့ရောဂါတဲ့
မင်းကြောင့် ဖြစ်ရတယ်
အောင်မြင်တဲ့ အသည်းကွဲမှုတခုပေါ့
လှိုင်လှိုင်သင်ဇာရေ... ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar