Saturday, September 9, 2023

မိုးခါး - ဝေလေလေ

ဝေလေလေ
 မိုးခါး
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၂၃

ပိုက်ဆံအိတ်စုတ်ထဲက မှိုနံ့စွဲငွေစက္ကူတရွက်ရဲ့ရနံ့
ဘယ်သူအတွက်ထိုးလိုက်တဲ့ ခေါင်းလောင်းသံဖြစ်မလဲ
သံသရာကိုဆွဲဆန့်တော့ စိတ်နဲ့ကိုယ်ဝေးတယ်
မြို့ပြပေါ်စီးမျောနေတဲ့သီချင်းလည်းအသက်မဝင်
ဘာတွေငေးပြီး ပျော်ပွဲဆင်ရပ
သစ်ရွက်စိမ်းပေါ်တင်နေတဲ့ရေစက်ကလည်း
လွမ်းဖို့ကောင်းတဲ့ရာသီမှာ အထီးကျန်တယ်
ခြေလှမ်းမမှန်လည်း နှလုံးသားတော့မှန်နေဖို့လိုနေပစေ
မြင်ကွင်းတွေပုံကြီးချဲ့သလောက်တော့
အကောင်းတိုင်းမမြင်နိုင်တာပဲရှိတယ်၊၊       ၊၊
                                                         
    25.8.2023
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar