အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၇၁ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၇၁ )
(မိုးမခ) မတ် ၉၊ ၂၀၂၄
9/3/24
Diary in the darkness
တနေ့က 0307 စစ်ဆင်ရေး KIA က စတယ်။
စ စ ချင်း စစ်ကောင်စီ စခန်း ၁၂ ခုကို တပြိုင်တည်း တိုက်။ ၉ ခုကိုသိမ်း။
မိုးမောက်မြို့နယ်၊ ဒေါ်ဖုန်းယန်မြို့နယ် ရှိ ခလရ တပ်ရင်းက စစ်သားများ အလံဖြူထောင်။
ရခိုင်မှာ စစ်ကောင်စီတပ်ရင်း သုံးခု အလံဖြူထောင်လက်နက်ချ။ ရမ်းဗြဲကို AA အပြီးသတ်သိမ်းပိုက်။ စစ်ကောင်စီတပ်သားများ အလံဖြူထောင်ကာ တန်းစီထိုင်နေတဲ့ ဗီဒီယိုဖိုင် Youtube ပေါ်မှာပြန့်နေ။ ရခိုင်မြို့ကြီး ၆ မြို့ကို AA ကသိမ်းပြီး။ ရခိုင်ကိုငြိမ်းချမ်းရေးကမ်လှမ်းဖို့ စစ်ကောင်စီက တရုတ်အကူအညီလိုအပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်။
အဲဒါနဲ့ အချိန်ကိုက် KIA က ၀၃၀၇ စစ်ဆင်ရေးအကောင်အထည်ဖော်လိုက်တော့ စစ်ကောင်စီ ခမျာ မျောက် မီးခဲပေါ် ထိုင်မိသလို ဖြစ်နေ။
မြဝတီ၊သင်္ကန်းညီ နောင်ရှိ ခမရ (၃၅၅ ) ကို တော်လှန်ရေးတပ်များက ပြင်းပြင်းထန်ထန်တိုက်ခိုက်။ စစ်ကောင်စီတပ်က ပြင်းပြင်းထန်ထန် ဗုံးကြဲ။
စစ်ကောင်စီတပ်က မြေပြင်စစ်ကူ မပေးနိုင်တော့ဘူးလို့ သတင်းတွေ ထွက်ပေါ်။ လေယဉ်ပစ်ကူတော့ ပေးနေစဲ။ မင်္ဂလာဒုံ ဒေသခံတွေက စစ်လေယဉ်တွေ အဆက်မပြတ် ပျံတက်နေကြောင်း ပြော။
တော်လှန်ရေးတပ်တွေက ၁၀၂၇စစ်ဆင်ရေး ( ညီနောင်သုံးဖွဲ့) ၀၃၀၇ စစ်ဆင်ရေး ( KIA) များကို တဆင်ပြီးတဆင့် ထိုးစစ်တွေဆင်နွဲ။
စစ်ဆင်ရေးတခု စလိုက်တိုင်း စစ်ကောင်စီစခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့။
မြို့ပေါ်မှာ အဓ္ဓမ စစ်သားစုဆောင်းနေ။ ဂိုဒေါင်တခုတွင် ရိုဟင်ဂျာတွေကို စကစ က စစ်သင်တန်းပေးနေပုံ နှင့် တိုင်မှူးကိုယ်တိုင်လာရောက် စစ်ဆေးနေပုံတွေ အင်တာနက်မှာပြန့်။ ဖရဲသီးတွေရဲ့ စွန့်စားတင်ဆက်မှုအဖြစ် ရှုမြင်ကြ။
စစ်တပ်ရုပ်သံတွေက တော့ ပေါ်တင် ငြင်းဆို။
ထားဝယ်မှာ စစ်ကောင်စီတပ်များ ရှုံးနေ။
ပဲခူးရိုးမ ပေါ်လမ်းများ စစ်ကောင်စီပိတ်ဆို့။ နေပြည်တော်ကာကွယ်ရေး ဦးစားပေး လုပ်ဆောင်။
တမနက်လုံး အင်တာနက်လိုင်းကျ။
ဒီမနက် ရွှေတကျပ်သား သိန်း ၄၀ ဈေးပေါက်။ ရွှေကို အရေးကြီး ကုန်စည်အဖြစ် စစ်ကောင်စီက သတ်မှတ်ဖို့ ပြင်ဆင်နေ။
ပဲပြုတ်သည် မလာတာ နှစ်ရက်ရှိပြီ။ ရွှေတကျပ်သား သိန်းလေးဆယ် ဖြစ်သွားလို့လား။
ဘဝဟာ တခါ တခါ ပို့စ်မော်ဒန်ကဗျာ ဖြစ်နေပြီလား မသိ။
အန်ကယ် တူမီး
9/3/24
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar