ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - မုဒိမ်းဗိုလ်များကြား ဗိုလ်ကတော်များကိုထား ရှေ့တန်းသွားစစ်ဗိုလ်တွေရဲ့ အိပ်မက်ဆိုးတွေ
မိုးမခ ၊ ဇွန် ၁ ၊ ၂၀၂၅
ဒီရက်ပိုင်း နာလန်မထူတာကတော့ မန်ယူနဲ့ မိအောင်လှိုင်။
ဒီရက်ပိုင်းဆိုတာထက် ဒီတသက်လုံး နာလန်မထူ ကံမလူတော့မယ့် အခြေပါ။ မိအောင်လှိုင်က လဒထုံဆေးထိုးထားတဲ့ မျက်နှာကြီးနဲ့ အပစ်ရပ်ကာလလေ၊ တကယ်ရပ်ပေးကြအုံးလေကွာဆိုပြီး ခွေးနာ လောက် ကိုက်သံနဲ့ ညာတာပါတေးလုပ် အထုပ်ကလေးပြင် လေယာဉ်ကလေး စက်အသင့်နှိုး အာဆတ်ဆီ ဒိုးဖို့ကြံနေတယ်။
ရွေးကောက်ပွဲသံလေး ပေးကာပေးကာ ပြေးကြမယ်တဲ့ အဘတို့ရွာ ဆိုပြီး သူ့လူတွေကတော့ ပြောင်နေကြပြီ။ မအူနိုင်ပေမယ့် အအီတော့ မရပ်ဆိုသလို အဲဒီရောင်ခြောက်ဆယ်ရွေးကောက်ပွဲမတော်လို့ လုပ်ဖြစ်တဲ့ နှစ်နေရာ၊ သုံးနေရာရှိခဲ့ရင်တောင် "ဒိုင်းပြည်အတွက် တဂယ်အလုပ်ရှုပ်မယ့်သမတကောင်ဂို ထောက်ခံဘေးဘာ၊ မျက်လုံးဂ တောင်နဲ့မြောက်ကို တပြိုင်ထဲ ကြည့်တတ်ပြီး လိုအပ်ရင် မခို့တရို့လေး ညှို့နိုင်ဒဲ့ ကြောင်ချီးကောင်မျိုး၊ ဘယ်လောက်ကြီးဒဲ့ ဘောဖြစ်ပစေ ဘောဖြူဖြူ ဘောနက်နက် တချက်ထဲ ကောက်ငုံနိုင်တဲ့ကောင်မျိုး၊ မဆီမဆိုင် မတန်မရာ မမီမကမ်း မပီမသတွေ မစားရဝခမန်း လေပန်းနိုင်တဲ့ကောင်မျိုး၊ ဥပမာ ငါကွာ" ဆိုပြီး ကြိုတင်စရံရိုက်လိုက်သေးတာ။ ဘယ့်သူမှကို ဘာမှ မကြည်ဖြူတဲ့ ကောင်စားမျိုး။
အာဆီယံကလဲ ကြပ်၊ ဘင်္ဂလားဒေ့ရှိကလဲ သံပါ ဖြတ်တော့မယ့်သဘော၊ တရုတ်ကလဲ အရှုပ်ကောင်ကို ဟုတ်သယောင် ဆက်ပံ့ပိုးဖို့မလွယ်တော့။ တော်လှန်သူတွေကို ထရန့်ဆီ တွန်းမလွှတ်ရဲတော့။ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်မယ့် ပြည်သူ့တော်လှန်ရေးဟာ စစ်တပ် ရှိသ၍ အပစ်မရပ်တော့တာ သိပြီ။ မြန်မာပြည်သူနဲ့ ကြူကြူလှ လဲရမှာ သိပြီ။ သူ အားပြုနေတဲ့တပ်ဆိုတာ မုဒိမ်းတပ်လေ။ အဆင့်တူ ဗိုလ်ကြီးကတော်တွေကို လိုက်မုဒိမ်းကျင့်နေတဲ့ကောင်ကိုတောင် စစ်တိုင်းမှူးကပါ ဇစ်လိုက်ဖြဲပေးရတဲ့ တကယ့်သောက်တလွဲတပ်လေ။ အဲလိုကောင်တွေ စုစည်းထားတဲ့တပ်ကို သူ့အရင်းအနှီးတွေ မထိခိုက်အောင် ကာကွယ်ခိုင်းလို့မရဘူးဆိုတာ သူ သိပြီပေါ့။
အင်း အရင်ကလဲ လူကြီးသားဗိုလ်ဖြစ်လာရင် တိုင်းမှူး၊ တပ်မမှူးတို့ကပါ ပြန်ဖားရတဲ့အခြေဆိုက်ခဲ့တော့ ခုဆို ဟိုမုဒိမ်းကောင်ဗိုလ်ကြီးက သူ့ဇစ်ဖြဲပေးရတဲ့ ဒုတိုင်းမှူးကိုတောင် ဘယ်နေ့ ဖျင်ခေါ်ချမယ်မသိလို့ တပ်ထဲမှာ ပြောနေကြသတဲ့။ ဇောက်တပ်ဟာ အဲလို သောက်ကျပ်မပြည့်တွေချည်းရှိတာလို့ အပြောခံနေရလို့ဆိုပြီး ပြီးခဲ့တဲ့လက ပင်စင်ထုတ်ပေးချိန်မှာ တကျပ်တန်တွေ တထပ်ကြီးထုတ်ပေးရင်း ကျပ်ပြည့်ကောင်တွေ အများကြီးရှိကြောင်း ပြလိုက်သေးသတဲ့။ တကယ့် ပြိုင်စံမပေါ် နိုင်ငံကျော်တပ်၊ ရူးတဲ့နေရာ ပြောပါတယ်။
အဟုတ် ကျော်စံကေးတွေ ဟော ခုဆို ကမ္ဘာကျော်ပြီ၊ မသာပေါ်ရာမှာ။ အပြေးမလဲ စကေးအကြမ်းဆုံး။ တရုတ် ပြေးရမလား၊ ခွေးသူခိုး အမဲသားတွဲ ဆွဲတာထက်မြန်သေး။ အိန္ဒိယလား၊ ပြေးပုံက ခွေး ယုန်လိုက်သလို။ ဘင်္ဂလားဒေ့ရှ်ဆို စွေ့ခနဲဘဲ၊ ထိုင်းဆို စံချိန်သစ်တောင် တင်ထားလိုက်သေး။ အေးလေ အသက်ဘေးဆိုတော့ ထွက်ပြေးရမှာပေါ့။ တကယ်သေရတာက ငါကိုး။ ကိုယ့်မိန်းမ မုဆိုးမဖြစ် တခြားသူတွေ ဝင်ကစ်သွားမှာကိုး။ ဟိုသရေကြိုးကောင် မသေသလို ကြူကြူလှ မုဆိုးမ ဖြစ်သွားတာ မဟုတ်ဘူးလေ။
မအလ မြေးတွေက အင်တာနရှင်နယ်ကျောင်း အတက်မပျက် ကိုယ့်သားသမီးတွေက ဘဝပျက်။ အဲတော့ ပြေးနိုင်မှ လွတ်မယ်လေ။ ခွေးဘဝက အရှင်းလွတ်ဖို့ကတော့ ပြေးတာထက် လက်နက်ချမှ။ ဒါမှ သူများတွေ ရန်ကုန်မှာ ပြန်ဆုံချိန် ကိုယ်လဲ ထိုင်းမှာ မိသားစုနဲ့ ပြန်ဆုံရမှာ။ မဟုတ်ရင် ကိုယ့်ကလေးတွေ သူများ အဖေခေါ်နေရမယ်။ ဖလမ်း သိမ်းတော့ မိဘမဲ့ကလေးတွေ အများကြီးပေါ်လာတယ်။ အမေပါ စစ်ဝင်တိုက်ခိုင်းတာကိုး။ ဘယ်လောက် ရက်စက်ယုတ်ကန်းတဲ့ တပ်မှူးတွေလဲ။ ဒီလောက် ရူးနှမ်းအူကြောင်တဲ့ တပ်သားတွေမျိုးလဲ မကြားဘူးသေး။ အေး အဲလိုကလေးတွေ ပေါ်လာလို့ ငါတို့ကလေး၊ ငါတို့ မွေးမယ်၊ ပြန်ပေးလို့ မင်းအောင်လှိုင်က မပြော၊ မတောင်း။ တော်လှန်ရေးစိတ်ဓာတ်တွေ ကောင်းလို့သာ အဲဒီကလေးတွေ လူစဉ်မီမီ အသက်ဆက်ရှင်ရတာ။ ဆက်ရှင်ရမှာ။ မအလ တပ်လိုဆိုရင်တော့ အပိုင်းပိုင်းဖြတ် သတ်ခံရကိန်းဘဲလေ။
ဟော ဟိုတကောင် မပြေးတော့ ကွေးပြီ။ ကျောက်ဖြူမှာ ဟောက်အူနေတဲ့တကောင် ကျော်မျိုးအောင် ဆိုတဲ့ ဗိုလ်မှူးချုပ်ကောင်။ ခုတော့ သူ့မယားကို ဘယ်ခွေးစားစား ထားခဲ့ရပြီ။ မုဒိမ်းဗိုလ်တွေအလယ်မှာ မျက်နှာငယ်နဲ့ ကျန်နေရတဲ့အပြင် ကြူကြူလှက "နင့်ယောက်ျား၊ သလောက် စောက်သုံးမကျတာ၊ နင် မုဆိုးမဖြစ်တာ နဲနဲသေး" လို့တောင် မဲ့ရွဲ့ပြီးပြောအုံးမှာမို့ ကြွယ်လဲမရ ဘဝကသောက်ကျိုးနဲနာပြီ။ သိကြပေါ့။
အဖမ်းခံလိုက်ရတဲ့ တိုင်းဦးစီးမှူး ဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင် မိန်းမက ကံကောင်းသွားတာပေါ့။ အင်း မဟုတ်ရင်တော့လား။ မုဒိမ်းတပ်အလယ်မှာ ဗိုလ်ကြံရွယ်တဲ့ စပယ်ကုံး မင်း ဘယ်သို့တုန်းဖြစ်ပြီလေ။ သားသမီးတွေလဲ လူတောမတိုး မုဆိုးမဘဝနဲ့ ဒုက္ခနှစ်ထပ်ကွမ်းပြီ။ သိကြပေါ့ကွယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar