စမ်းစမ်းတင် - မရီဝေသံခိပ်
မရီဝေသံခိပ်
စမ်းစမ်းတင်
မိုးမခ ၊ ဇွန် ၆ ၊ ၂၀၂၅
ခင်ပွန်းက အကျဉ်းကျလိုက်
သားက အကျဉ်းကျလိုက်
နိုင်ငံရေးအကျဉ်းသားဇနီးလည်းဟုတ်
နိုင်ငံရေးအကျဉ်းသား မိခင်လည်းဟုတ်သူ
ခင်ပွန်းသည်အရေး သားအရေး
ဟို အကျဉ်းထောင်ကိုပြေး
ဒီ အကျဉ်းထောင်ကိုပြေး
အကျဉ်းထောင်များနှင့် ကျွမ်းဝင်သူ
တဝေးတလံက ကလေးထောင်
ထောင်ဝင်စာမှန်ဖို့
ကလေးမှာတောင် အခြေချဖူးသူ
ခင်ပွန်းသည်က ထောင်ကလွတ်လာပြီး မကြာခင်ကွယ်လွန်
သားဖြစ်သူက ထောင်ကလွတ်လာပြီး ပြည်ပရောက်
ဘဝတလျှောက်လုံး ရောက်ရောက်နေရတဲ့
ထောင်တွေနဲ့ ကင်းလာချိန်မှာ နောက်လောကဓံကြုံ
ရောဂါစုံနဲ့ ကျန်းမာရေး ချို့တဲ့လာသူ
လောကဓံ အစုံစုံကို အန်တုခဲ့ပေမဲ့
သေမင်းက သူ့ကိုရွေးတဲ့အခါ အန်မတုနိုင်သူ
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar