မောင်စွမ်းရည် - ဖိုးသံချောင်းသို့
မောင်စွမ်းရည် - ဖိုးသံချောင်းသို့
မိုးမခ ၊ ဇူလိုင် ၂၂ ၊ ၂၀၂၅
ဖိုးသံချောင်း
သံချောင်းလို မာတဲ့သူ
ဓားတောင်ကိုကျော်၊ မီးပင်လယ်ပေါ်ဖြတ်
သေနတ်ကို ဘယ်မမှု၊ အန်တုဝံ့သူ။
ပြည်သူကို သူ ရှေးရှု
လူထုရဲ့မူ
အဖေလည်း ဒီမူ၊ အမေလည်း ဒီမူ
ပြည်သူကို သူ ဦးခိုက်
ပြည်သူ့ရန်သူ၊ သူ့ရန်သူ
ပြည်သူနဲ့ကိုယ် အစဉ်တစိုက်။
ဇူလိုင်၊ ၂၀၂၅
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar