ဖလော်ဒါဟန် - စားပွဲပေါ်က သွေးစွန်းသက်သေ
ဖလော်ဒါဟန် - စားပွဲပေါ်က သွေးစွန်းသက်သေ
မိုးမခ ၊ ဇူလိုင် ၂၂ ၊ ၂၀၂၅
စာရေးသူစိတ်ထဲမှာ မပျောက်မပျက် ဆွဲထင်နေတဲ့ သွေးကွက်တကွက်က အာဇာနည်သူရဲကောင်းများထဲမှ မည်သူဖြစ်မလဲ ဆိုတာ တွေးနေမိတယ်။
စာရေးသူ ဝန်ထမ်းဘဝက အာဇာနည်နေ့မတိုင်ခင် ထိန်းသိမ်းရေးလုပ်နေတဲ့ စားပွဲကြီးတလုံးကိုမြင်တွေ့ခဲ့ဖူးခြင်းပါ။
ထိုစားပွဲကြီးနား ဖြတ်လျှောက်တိုင်း စာရေးသူ စားပွဲကြီး အနေအထားကို လေ့လာမိခဲ့ပါတယ်။
တနေ့တော့ ထိန်းသိမ်းရေးဝန်ထမ်းများ နားနေစဉ် အချိန်လည်းဖြစ်၊ တာဝန်ရှိ ဝန်ထမ်းများအတွက် စာရေးသူ ကြည်ရှုမှုမှာ အနှောင့်အယှက်မဖြစ်သည်ကြောင့် စားပွဲကြီးကို ပတ်ကြည့်နေမိတယ်။
ထိုအချိန် သွေးစွန်းနေတဲ့ နေတနေရာကို ကျွန်မ မြင်လိုက်မိတယ်။ ထိုနေရာလေးကို ယနေ့အချိန်အထိ မူလအတိုင်း ရှိစေခဲ့ကြတာဘာကြောင့်လည်း။
အသက်၊ သွေး၊ ချွေး တွေနဲ့ ရင်းခဲ့ရတဲ့ လွတ်လပ်ရေးပန်းတိုင် ဆိုတာ သွေးစွန်းနေတဲ့ နေနရာများက ထင်သာမြင်သာ ရှိစေခဲ့တာ ဖြစ်ပါလိမ့်မယ်။
စာရေးသူလည်း စားပွဲရဲ့ အနေအထားကို ဆက်လေ့လာဖြစ်ပါတယ်။ အတော်လေး အလျားရှည်ပါတယ်။ ကြီးလည်း ကြီးပါတယ်။
အာဇာနည်နေ့ အတွင်းဝန်ရုံးကို ပြသမယ့် ဗိုလ်ချုပ်တို့နဲ့အတူ လုပ်ကြံခံစားပွဲကြီးဆိုတာ စာရေးသူ သိထားပါတယ်။
ထိုစားပွဲပေါ်မှာ ထိုခေတ် ထိုအခါက လုပ်ကြံခြင်းမှာ ပါဝင်ပတ်သက်ဖူးတဲ့ မီးခြစ်လေးလည်း စားပွဲပေါ်မှာ တွေ့ရသလို လက်စွပ်တကွင်းကိုလည်း ခပ်မှိန်မှိန်အနေအထားနဲ့ တွေ့ရပါတယ်။
၂၀၁၆ ခုနှစ် ကာလများမှာ ပထမဆုံးအကြိမ် ထိုစားပွဲကြီးကို ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသည့်အခန်းမှာ ပြသမှာ ဖြစ်တယ်ဆိုကြောင်း သိရပါတယ်။
ဒီမတိုင်ခင် ၂၀၁၄-၁၅ စာရေးသူ ပြတိုက်ဒီပလိုမာ တက်စဉ် အတွင်းဝန်ရုံးသို့ လေ့လာရေးခရီးစဉ်အဖြစ် ရောက်ဖြစ်ခဲ့ပါတယ်။
နဂိုမူလ အဆောက်အအုံအဖြစ် မြင်တွေ့ရခြင်းပါ။
အရေးကြီးသည့် ဗိုလ်ချုပ်တို့ လုပ်ကြံခံရသည့်အခန်းကို ဝင်ရောက်ခဲ့စဉ်မှာ အခန်းဗလာနဲ့ ဘုရားစဉ်လေးပဲ ရှိတာ တွေ့ရပါတယ်။
ထိုစားပွဲအရှည်ကိုတော့ အမျိုးသားပြတိုက် ရန်ကုန်ရဲ့ စတိုခန်းထဲမှာ ထိန်းသိမ်ထားခဲ့တာပါ။
ဖခင်တယောက် လုပ်ကြံခံရစဥ် အဖြစ်အပျက်ကို သမီးတယောက် လူထုခေါင်းဆောင် ဖြစ်လာချိန်မှာ ပွင့်လင်းမြင်သာစွာနဲ့ ပြည်သူလူထုကို ချပြခွင့်ရခဲ့သလို အများပြည်သူမှာလည်း အာဇာနည်နေ့ကို ဂုဏ်ပြုခွင့်ရကြတာပါ။
၁၉ ဇူလိုင် ဆိုတဲ့ အာဇာနည်နေ့မှာ အခုလို သွေးစွန်းနေတဲ့ စားပွဲကြီးကို အထင်ကရ မှတ်တိုင်တခုအဖြစ် အအတွင်းဝန်ရုံးမှာ ၂၀၁၆ ခုနှစ်နှစ်များဆီမှ ပြည်သူတွေ လာရောက်လေ့လာကြည့်ရှုခွင့်ရသည် ဆိုတာကို စာရေးသူအနေနဲ့ မှတ်တမ်းတင်လိုက်ပါတယ်။
ယခုလို အာဇာနည်နေ့ရဲ့ မြင်ကွင်းကို မပျောက်မပျက်အောင် ဖော်ထုတ်ခဲ့ခြင်းသည် လွတ်လပ်ခြင်း၊ တရားမျှတခြင်း ဆိုတဲ့ ကိုယ်စားပြုသည့် အစိုးရ လက်ထက်မှာ ပြည်သူတွေရဲ့ဘဝက လုံခြုံမှုရှိသလို ယနေ့အချိန်မှာ အာဇာနည်များစွာ သွေးစွန်းနေဆဲဖြစ်ကြောင်း။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar