Breaking News

လင်းလက်နွေဦး - နိုင်ငံရေးပုံရိပ်များ

လင်းလက်နွေဦး - နိုင်ငံရေးပုံရိပ်များ

မိုးမခ ၊ ဇူလိုင် ၂၁ ၊ ၂၀၂၅


မိန်းမရွှင်

သမီးလှလှလေး မွေးချင်။

သူတောင်းစား

လူသားအရင်းအမြစ်များ။


ဦးနု

ဗုဒ္ဓဘာသာကို ခါးပိုက်ဆောင်

ရန်ကုန်အစိုးရ ချောက်ထဲတစ်လှမ်း အလို

ကုလားအုပ် နေဝင်း

ခေါင်းလေးလျှိုဝင်လာ။


၈၈ အရေးအခင်း

ရေဒီယိုမင်းသား စောမောင်

ဆင်းတု ခေါင်းပြတ်၊ ပျောက်ဆုံး

ဗလီတွေ မီးတောက်။

၉၀ လွန်နှစ်၊ ခင်ညွန့် တီဗွီမင်းသားဖြစ်။

နာဂစ် လူသေကောင်တွေထဲက

သန်းရွှေ စာအုပ်စိမ်းကြီး ဆွဲထုတ်။


အကြောင်းမညီညွတ်

ဘောင်းဘီချွတ်

သိန်းစိန်

'မိဘပြည်သူများခင်ဗျာ' နဲ့ ပေါ်လာ။


ဆန်တောင်းတိုင်း

မျောက်တွေ အဖမ်းခံရ။

အရေးကြီးရင် ဈေးကြီးသတဲ့

ကိုဗစ်ငရဲမှာ

လဲနေတုန်း ခွေးဆွဲခံရ။

ကာကွယ်ဆေးမထိုးနိုင်

ခွေးရူးပြန်။

ခွေးတွေ အုပ်လိုက် ရူးသွပ်။


ငါ မစားရရင်

သဲတရှပ်ရှပ် စားပေတော့။

ငါဗဟိုပြု လေယာဉ်မှူးတွေ

ခွေးရူးပြန်ပြီလား။

လူ့အသက်တို့ ညောင်ရွက်ပမာ

တိုက်တာအဆောက်အအုံ

အထွတ်အဖူး၊ အမွေအနှစ်

ပြာပုံဖြစ်။


၇.၇ စစ်ကိုင်းငလျင်

မြေပြင်ပါ ရူးခါ။

မုဆိုးနား၊ တံငါနား

ကျေးတစ်ကောင်။

ရက်စက်ကြမ်းကြုတ်

မြေမြှုပ် အသက်၊ အိုးအိမ်စည်းစိမ်။

မြေပပ်ကြားအက်က

လေယာဉ်တစ်စီး ထွက်လာ။

အပြိုအပျက်တွေကြားက

ရိက္ခာနဲ့ ဒေါ်လာတွေ။


လမ်းဘေး မျောက်ပွဲ

လမ်းပိတ်လို့

ကမ္ဘာက အားပေး။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar