ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခေါင်းဆောင်ဟောင်းဂေါင်းနဲ့ ယဇ်တင်ရတဲ့ စစ်ပလ္လင်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခေါင်းဆောင်ဟောင်းဂေါင်းနဲ့ ယဇ်တင်ရတဲ့ စစ်ပလ္လင်
မိုးမခ ၊ ဩဂုတ် ၁၀ ၊ ၂၀၂၅
ဘာဂလိုတိုတိုနဲ့ ပလ္လင်သူခိုးငကြင်စိုးကောင်တောင် သရေကြိုးကနေ မအလ ဖြစ်သွားပြန်ပါပြီကော။ အရင်ခြောက်လတုန်းကတော့ မျောက်ကွဒေါက်လုစောက်ပုဟာ သရေကြိုး၊ အင်း ခုတော့ မအလပေါ့။ ကောင်စီကနေ အမြှီးဖြတ်ခံရပြီး ကော်မရှင်စားဘဝရောက်သွားတာဟာ သရေကြိုးကနေ မအလဖြစ်သွားခြင်းတဖြတ်။ မအလဘဝတုန်းကလို အစိုးရအဖွဲ့ထဲ မသုံးတော့ဘူး။ လတ်လျားလတ်လျားလျှောက်သွား လျှောက်ဖွာဖို့ မလွယ်တော့ဘူး။ ယာယီခန အတည်မကျ အနတ္တ ပြည်တွင်းဖြတ်လျှောက်သမတကနေ အာဆီယံတံခါးဝရောက် လဒသမတဖြစ်ဖို့ဆိုပြီး နောက်တလှမ်းဆုတ်ပေးလိုက်ရတာ လောလောဆယ် ဝကခရာထူးပြုတ် သိပ်ရှုပ်လို့မရတော့။ ခုကို ညိုစောက အတိုငပေါမပါတဲ့စည်းဝေးတွေစပြီလေ။ ခါတိုင်းဆို သူရောက်ရာတွေ လျှောက်အာတာနဲ့ မပြီးနိုင် အရီးမြိုင်။ ခင်လှိုင်တို့ ဒိန်းဒေါင်တို့ကတော့ ပျော်တာပေါ့မာမီရယ်ပေါ့။ မဟုတ်ရင် ပွင့်မလိုလို ပုန်းမလိုလို မျက်နှာကြီးနဲ့ မာမီကဘဲ အဆင်လေးတွေကိုဝုန်းဝုန်းသွားတာကိုး။
မအလ တဖြစ်လဲ သရေကြိုးဟာ ယာယီအနတ္တ သမတမဖြစ်ခင်ကြားထဲမှာ ကျားဆွဲသွားမလား၊ ခွေးစားသွားမလားကလဲ မသိသေး။ ခွေးခွေးချင်းဗျင်းတဲ့နေရာမတော့ ဘယ်ခွေးမျိုးမှမမှီတဲ့ ခွေးဝဲစားတွေဆိုတော့ အပြေးဆွဲစားကြတော့မှာ။ အဲသမှာ ငါတို့နယ်လှည့်အူအဖွဲ့ကြီးက ဒုစာမျက်နှာစမယ်ဆိုပြီး ထအူရတော့တာပေါ့။ ဒုဆိုတာ မကောင်းသော ပျက်ဆီးသော မစွန်သော အားနည်းသော ချိနဲ့သော ညံ့သောဆိုတဲ့သဘောမို့ အတည်သမတဖြစ်ဖို့ကလဲ အအအိပ်မက်မက်ကိန်းဆိုက်ပြီ။ ကြမ္မာသီရင် ယတြာမှီရိုးထုံးစံက မရှိမဟုတ်လား။ နောက်တက်တွေကလဲ ဂယောက်ဂယက်ကောင်နဲ့ဆက်သွားရင် တပ်မျိုးတုန်း ဘုန်းဘုန်းလဲ ရင်ခွဲ ဖင်ခွဲခံရမှာသိတယ်ဆိုတော့ ဇွိမယ်ဆို ဒီကြားထဲဘဲ ဂျွိပေလိမ့်။ မဟုတ်ရင် ဒီကောင်က တပ်ဖြုန်းကောင်။ ပဒတ်ဝုန်း တပ်ပြုန်းလို့ ကပ်လုံးဆိုက်ရင် သူ့မိသားစုက ပူတင်ဆီ အဖူကင်လိုက်ရင် ဇေတယ်။ ယူချင်တာယူဆိုပြီး ပူဇော်လိုက်ဖို့က ရှင်းရှင်းပြော့ရရင် ဘာမဆိုအသင့်။ တိုင်းပြည်နဲ့လူမျိုးကတော့ တရုတ်ဖြစ်ဖြစ် ရှရှားဖြစ်ဖြစ် ဘယ်လူမျိုးမှ ယူခိုးစရာမလို၊ အလှူမျိုးတရာဆိုပြီး ဖာပြီးသား။
ဒါထဲက ကိုးကန့်ကို မခိုးမခန့်လုပ်ပြီး ကွတ်ခိုင်ကိုဗုံးကြဲသတဲ့။ ကိုးကန့်တွေက တင်းနေပြီ။ တရုတ်နဲ့မို့ အုပ်မထဲ့တာ။ အဲဒါကို မခန့်လေးစား ခွေးစကားသွားပြော၊ ဘယ်နေ့ ဖဝါးကြောဖြတ်ခံရမယ်မသိ။ ဟိုက တလှိုင်းထ ကီမြှင့်ရင် ရှီကျင့်ဖျင်လဲကယ်နိုင်မယ်မဟုတ်။ ရှီက သူ့ဟာသူတောင် မုန်တိုင်းနဲ့ ကဆုန်ဆိုင်းနေရတဲ့ကြားထဲ မပြုတ်အောင်လုပ်နေရတဲ့အချိန်လေ။ ခေတ္တယာယီကောင်က ရှမ်းမြောက်မှာ ဂန်းမဖောက်ပဲ ထာဝရ ပန်းပေါက်မယ်ထင်နေပုံရ။ ဒီတခါဆိုရင်တော့ ရှမ်းကပါ ဖောက်တော့မယ်နော်၊ မဟုတ်ရင် ရှမ်းနယ်လဲ လွမ်းတယ်ဖြစ်သွားတော့မှာမဟုတ်လား။ ရှမ်းနယ်ဟာ မှန်းရွယ်သူပေါတဲ့ ပန်းနွယ်ချောဆိုတော့ကာ ရွက်ဆစ်ကတောင် ရှမ်းတွေ တော်လှန်ရေးမှာ တက်ကစ်ဖို့ပြောရပြီလေ။ ခု ဝနဲ့မိုင်းလားကိုပါ ပြဿနာရှာဖို့စလာတော့ ရှမ်းမှာရှိသမျှလက်နက်ကိုင်ထားသူတွေ ရွက်အစုံနဲ့ တက်အကုန်ဖွင့်လိုက်ရင် ရှမ်းက ပထမဆုံးလွတ်မြောက်နယ်မြေဖြစ်သွားမှ အလှိုင်ကလေ အလှိုင်ကလေဆိုပြီး အလှိုင်မ မြိုင်ထကနေရမှာ။
ကိုင်း ခု ယာယီဆိုတဲ့အတိုင်း မြင့်ဆွေတော့ မသာဖြစ်ပြီ။ နယ်မှာဆို အသုဘကို ယာယီလို့ ပြောကြတာလေ။ ခနထားတယ်ဆိုတဲ့သဘော။ မသာမှာ တဲတိုးတာ မဏ္ဍပ်လေးလုပ်တာကိုလဲ ယာယီကနဖျင်းထိုးတယ်ဆိုမဟုတ်လား။ အဲတော့ မအလလဲ မသာပေါ်ဖို့ မဝေးတော့ဘူး။ ဗန်ထီးယူနဲ့ ဘယ်သူအရင်ဖြစ်မလဲသာမသိတာ။ ဒါမျိုးက တယောက်ဖြစ်ရင် သုံးယောက်လာတတ်တဲ့ဓလေ့မျိုး။ မဖြစ်ရင်လဲ နှစ်အတန်ကြာ ခြာတတ်တယ်။ ဖြစ်ရင်လဲ သုံးယောက်ဆက်တိုက်ဘဲ၊ မလွဲဘူး။ ဟင့်အင်း နိုးနိုးနိုး ယတြာကယ်မရဘူး၊ ယတြာကိုကျော်တဲ့ ထာဝရဓလေ့ထူးရယ်။ အင်း မအလတော့ ယာယီအထိမ်းမှာ ရာသီလာကိန်းဆိုက်ပြီပေါ့။ မြင့်ဆွေလို လဒမေ့ဆေးအုပ်၊ မိန်ခေါင်းဒုတ်နဲ့နှက် နှံကောင်ဝမ်းချူထားတဲ့သောက်ခွက်မျိုးမဟုတ်တော့ နာတာရှည်နဲ့မသွားဘူး၊ ရာသီလာကိန်းဆိုတာ သွေးအလူးလူးနိမိတ်၊ အင်း ခွေးဘီလူးစိတ်မဟုတ်လား။ သရေကြိုးအတွက် ရာသီလာနိမိတ်ဆိုတာ ကဒါဖီနိမိတ်ပါဘဲ။ ဖျင်ခေါင်း ဒုတ်နဲ့မွှေခံရကိန်းဆိုက်မယ်ပြောတာ။ ယာယီမြင့်ဆွေက ဟူစိန်ကိန်းဆိုက်သေတာ။ တွင်းအောင်းရင်း ငတ်ပြတ်သေတာလေ။ မြင့်ဆွေလဲ ခိုးထားညစ်ထားသမျှငွေတွေ ဘယ်လောက်များများ နံနံခြားသမားတော်နဲ့ကျကျနနမကုရ ဦးနှောက်ဒုက္ခိတငရဲနဲ့ မျိုမရဆို့မရ ငတ်ကြီးကျငရဲ ငါးနှစ်လောက်အသဲအသန်ခံရ၊ ဇော်မဲလုံးပြောသလို မသေသေဘူးဆို ဝဋ်ကြွေးမကြေသေးတာ ဆက်ခံရအုံးမှာ။ သမတရာမဝင်ငရဲက လေးနှစ် ကလီစာတွေဖြစ်ဖြစ်မည်အောင်ဆုတ်ညစ်သလိုခံခဲ့ရတာလေ။ မအလကောင်ကျ မြင့်ဆွေထက်အဆတရာသာပြီပေါ့။ ထောင်ထဲမှာ နှစ်ကြီးတန်းတွေနဲ့ စစ်ကြောရေးကကောင်တွေကို လိင်တူပြုခိုင်းထားတာတွေ ရာသီငရဲအဖြစ်တန်ပြန်လာတော့မှာ။ ရွာတွေရပ်တွေမှာ တပ်ကို ထင်သလိုမုဒိမ်းကျင့်ခိုင်းထားတဲ့ကောင် သူ့မိသားစုလိုက် ကဒါဖီငရဲခန်းစတော့မှာ။
ဝဋ်နဲ့ကြမ္မာ မလွတ်သာဆိုတဲ့အတိုင်း နေဝင်းလဲ မလွတ်ဖူး၊ သန်းရွှေကဆော်တယ်။ သန်းရွှေလဲ မလွတ်ဖူး၊ မင်းအောင်လှိုင်က လှော်တယ်။ အေး မင်းအောင်လှိုင်ကရော ဘာမို့ လွတ်ရမလဲ။ ကျော်စွာလင်းက ဗျင်းမှာ။ တပ်ဝဋ် တပ်ကြမ္မာ တပ်ငရဲမို့ တပ်ထဲခြင်းစီရင်တာ။ တပ်ခေါင်းဆောင်ကို မစီရင်နိုင်ရင် ပခုံးချင်းယှဉ်တဲ့ကောင် ပေါ်လာမယ်လေ။ အဲဒါကြောင့် အဆုံးစွန်စီရင်ပြီး ပလ္လင်တက်ရတာလေ။ စစ်ပလ္လင်ဆိုတာ ခေါင်းဆောင်ဟောင်းဂေါင်းနဲ့ ယဇ်ပူဇော်မှ နောက်ကောင် လူဇော်လူပေါ်ဖြစ်တာကိုး။ ခုဟာက တပ်တခုလုံး ခွေးဇာတ်သွင်းထားတဲ့ကောင်ဆိုတော့ ခွေးဇာတ်ပါခင်းရအုံးမှာလေ။ ဆရာ့ထက် တပည့်လက်ဇောင်းထက်မဟုတ်လား။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar