Breaking News

ကပ္ပိ - အထက်ဆုံး ကြင်စိုး

Art- Than Htay Maung
 အထက်ဆုံး ကြင်စိုး
ကပ္ပိ 
(မိုးမခ) ဩဂုတ် ၁၁၊ ၂၀၂၅


အစွန်းရောက်အစိမ်းဆရာတော်ကို အစွန်းရောက်အစိမ်းဒကာကျော် စိမ်းမောင်က ဝါဆိုသက်န်းကပ်မည်ဆို၍ တောင်ကျောင်းသို့ရောက်ရပြန်ပါ၏။

" အစဥ်အဆက်ကာကွယ်ရေးဦးစီးချုပ်တွေထဲမတော့ အခုပုဂ္ဂိုလ်ကြီးက ' အထက်ဆုံး ' ပဲ စိမ်းမောင်ရ "

" တပည့်တော်တို့လည်း အဲသည်လိုပဲ သုံးသပ်ကြပါတယ်ဘုရာ့ "

စိမ်းသရဖူစိမ်းတွေကား သည်လိုလူစားတွေချည်း ဖြစ်၏။ စောမူးသာတို့ စစ်ပြန်တပ််ကြပ်ကြီးလုံးတုံးတို့ကား ပြုံးစိပြုံးစိလုပ်ပြကြပါလေ၏။ မနေသာတဲ့ ကပ္ပိလည်း စကားဝိုင်းထဲ ဝင်နွှဲရပါလေတော့၏။

" ကိုယ်တော်တို့ပြောသလိုပဲ တပ်ချုပ်ကြီးတွေထဲမတော့ ' အရှဆုံး ' အဲလေ ' အထက်ဆုံး ' လို့ မြင်ပါတယ် ဘုရာ့ "

" ဗိုလ်ချုပ်နေဝင်းတို့ ဗိုလ်ချုပ်စောမောင်တို့ ဗိုလ်ချုပ်သန်းရွှေတို့ဟာ သူ့လောက်မထက်ကြဘူးကွ ကပ္ပိ ရ "

" အမှန်ပဲဘုရာ့၊ မအလဟာ အရင်လူတွေထက် နေရာတကာမှာ ' သာ ' တာကိုး "

" အိမ်း . . . "

တကယ့်စစ်သားဖြစ်ပြီး တိုင်းပြည်ကိုကာကွယ်ခဲ့သည့် စစ်ပြန်ကြီးလုံးတုံးက ပြုံးစိပြုံးစိလုပ်ကာ ချွန်လာပါလေ၏ ခင်ဗျာ။

" မအလကြီးက ဘယ်နေရာတွေမှာ ' သာ ' တာလဲ ကပ္ပိရဲ့ "

" ဘယ်နေရာတွေကမလဲဟ၊ သုံးလေးနှစ်အတွင်း တိုင်းပြည်ကို ပြာကျအောင်လုပ်နိုင်တဲ့နေရာမှာ "

" ဟေ ... "

" သုံးလေးနှစ်အတွင်း စစ်တပ်ကို ပြုတ်ပြုတ်ပြုန်းအောင် စွမ်းဆောင်နိုင်တဲ့နေရာမှာ "

" ဟမ် . . . "

" သုံးလေးနှစ်အတွင်း ဖက်ဆစ်တပ်သားတွေကိုပတ်စ်ပို့မပါဘဲ နိုင်ငံခြားကိုပို့ပေးနိုင်တဲ့နေရာမှာ "

" အဲ .  .  . "

" တစ်တိုင်းပြည်လုံး လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ချင်စိတ်တွေ တဖွားဖွားပေါ်ထွန်းလာအောင် စေ့စော်ပေးနိုင်တဲ့နေရာတွေမှာပေါ့ ဟ "

" အာ့ . . . ကျ ကျ "

ကပ္ပိ 

 -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar