သန်းဌေးမောင် - အလင်းရောက် မုန့်ငတ်ခဲ့သူတစ်ယောက်ရဲ့ အတိုချုံးဝတ္ထု
Art- Than Htay Maung
အလင်းရောက် မုန့်ငတ်ခဲ့သူတစ်ယောက်ရဲ့ အတိုချုံးဝတ္ထု
သန်းဌေးမောင်
(မိုးမခ) ဩဂုတ် ၁၁၊ ၂၀၂၅
အတိုချုံးပြောရရင် အဲဒီညက အလုပ်ကည ၁၂ နာရီ ပြီးတယ်၊ အလုပ်ကအပြန် တောင်ဒဂုံရောက်မယ်ဆိုလို့ ကားတစ်စီးပေါ်တက်စီးတယ်၊ အတိုချုံးပြောရရင်အဲ့ဒီညကစပြီး အိမ်ပြန်မရောက်တော့ဘူး၊ အတိုချုံးပြောရရင် စစ်တပ်ထဲရောက်သွားတယ်၊ စစ်သင်တန်းတက်ရတယ်၊ အတိုချုံးပြောရရင် ပါးတွေရိုက်လိုက် ဆေးတွေလူးပေးလိုက်ပေါ့၊ အတိုချုံးပြောရရင်စစ်သင်တန်းပြီးတော့ “မင်းတို့စစ်သားကြီးတွေဖြစ်သွားပြီတဲ့”၊ အတိုချုံးပြောရရင် လမ်းကင်းထွက်ရမယ်လို့ပြောပြီး ရှေ့တန်းပို့လိုက်တာပဲ၊ ဗိုလိကြီးကတော့ခပ်တိုတိုပဲပြောတယ် မုန့်ဝေချိန်ပြီးပြီ ဒုတ်ဝေချိန်ရောက်ပြီတဲ့၊ အတိုချုံးပြရရင် ကျနော်ထွက်ပြေးလာတာပဲ။
သဌမ
ဩဂုတ်- ၇၊၂၀၂၅
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
