ခန့်ဝါငြိမ်း - မြေအောက်စာသင်ကျောင်း
ခန့်ဝါငြိမ်း - မြေအောက်စာသင်ကျောင်း
မိုးမခ ၊ ဩဂုတ် ၁၂ ၊ ၂၀၂၅
ဗုံးမိုးတွေတရစပ်ရွာလွန်းလို့
ပညာပျိုးခင်းလေးကို
မြေအောက်မှာစိုက်ပျိုးထားရ။
သစ်ဥတွေလို
ကြီးထွားလာကြတဲ့ကလေးတွေ
သစ်မြစ်တွေလို
ဖွဲ့ဖြိုးလာကြတဲ့ကျောင်းသားတွေ။
နေရောင်ခြည်မရှိပေမဲ့
ပညာအလင်းရောင်နဲ့
စာသင်ခန်းလေးတွေဟာ
လင်းလို့ထိန်လို့။
အခု
မြေလျှိုးနိုင်ပြီဆိုတော့
နောက်တော့
မိုးပေါ်ပျံနိုင်မှာပေါ့။ ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar