ဖလော်ဒါဟန် - ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည့် နိုင်ငံ့အနာဂတ်များ
ဖလော်ဒါဟန် - ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည့် နိုင်ငံ့အနာဂတ်များ
မိုးမခ ၊ စက်တင်ဘာ ၁၀ ၊ ၂၀၂၅
စက်တင်ဘာ ၉ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာပညာရေးကဏ္ဍအား ပစ်မှတ်ထား တိုက်ခိုက်မှုကာကွယ်တားဆီးရေးနေ့ ဖြစ်သည်။
ကျွန်မတို့နိုင်ငံတွင် စကမ ၏အဓိကပစ်ကွင်းသည် စာသင်ကျောင်းများ ဖြစ်သလို ခေတ်အဆက် ဆက်အာဏာရှင်များသည် စာသင်ကျောင်းနှင့် တက္ကသိုလ်ပြည်နယ်ရှိရာ တိုင်း/ပြည်နယ်အချို့တွင်လည်း တပ်စွဲထားရာ ဝန်းကျင်နယ်ပယ်များ ဖြစ်နေသည်။
၄ နှစ်ကျော် ၅ နှစ်အတွင်း စကမ သည် နိစ္စဓူဝပစ်ကွင်းပစ်မှတ်အဖြစ် ကလေးသူငယ် ကျောင်းသား လူငယ်များကို သေစေနိုင်သည့် လက်နက်အမျိုးမျိုးဖြင့် လူသတ်မှုကို ကျူးလွန်နေကကြသူများ ဖြစ်ကြသည်။
တလရ ကနဦးအမှစလို့ လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည်မှာ အချိန်အထိပါ စာသင်ကျောင်းမှ စာသင်အရွယ်ကလေးသူငယ်များစွာသေဆုံးခဲ့ရသည့် အဖြစ်အပျက်များသည် နိုင်ငံတကာသတင်းစာမျက်နှာတွေမှာဖော်ပြခဲ့ကြသော်လည်း မည်သည့်ကာကွယ်တားဆီးမှုမျိုးမှလုပ်မပေးနိုငဲ့ကြသေး ပါ။
စကမ သည် ယနေ့အချိန်အထိ ကလေးသူငယ် ကျောင်းသားလူငယ်များရဲ့ အသက်ကို အလွယ် တကူ ပစ်မှတ်ထား ကျူးလွန်ဆဲ ဖြစ်ပါတယ်။
နိုင်ငံတကာမှလည်း စာရင်း အရေအတွက်အဖြစ်သာ ဖော်ပြခြင်းဖြင့် နှစ်သက်တမ်း တခုပြီးတခုကုန်လွန်ခဲ့ရပြီး ဖြစ်ရပါတယ်။
ကျွန်မတို့ အခုဆိုရင် နယ်ပယ်ဒေသအများအပြားမှာ ပညာသင်ကြားမှူနဲ့ပတ်သက်လို့ ဖွင့်လွှင့်သင်ကြားခြင်းမျိုးကို ရပ်တန့်ထားရတဲ့ အနေအထားပါ။
ဘာတခု ပြည်သူတွေအတွက် အသိတိုးလာသလည်းဆိုရင် စာသင်ကျောင်းတွင် စာသင်ကြားခြင်းသည် ပြည်သူအတွက် သင်ခန်းစာဖြစ်သလို ဆင်ခြင်တုံတရားအဖြစ်နဲ့သာ ရှင်သန်နေကြရခြင်းဆိုသည့် အသိဘက်ကို နွှယ်လာပါတယ်။
ဒီထက်ဆိုးသည်က စကမ ကျောင်းများရဲ့ လျော့ရဲနေသည့် ပညာရေးစနစ်နဲ့ ကျောင်းသားလူငယ်များရဲ့ဘဝပါ။
ကျောင်းနေမပျော်ဘဲ ပညာ ကင်းမဲ့ဇုန်မှာ သွားလာနေထိုင်ခြင်းဖြင့် အကျင့်စာရိတ္တ ပျက်ပြားလာခြင်းပါပဲ။
တနေ့ကဆို ကျွန်မဝန်းကျင်မှာ ကျောင်းပြေးလူငယ်များစွာနဲ့ ထိတွေ့စကားပြောခွင့်ရခဲ့ပါတယ်။
လူငယ်များသည် ရည်ရွယ်မရှိ ကျောင်းစိမ်း အဖြူနှင့်ပုဆိုးကို နေရာတခုမှာပုံ အရပ်ဝတ်ဖြင့်ကျောင်းချိန်ပြင်ပမှာ အလွယ်တကူ အချိန်ကုန်ဆုံးခဲ့ခြင်းပါ။
ကလေးငယ် လူငယ်တယောက်ရဲ့ တန်ဖိုး အမူအကျင့် အားလုံး ကျဆုံးနေတာပါပဲ။
ပညာရေးသည် နိုင်ငံတနိုင်ငံရဲ့ အဆင့်တခုကို ဖော်ပြခွင့်ရနိုင်ဖို့ ဆိုသည်မှာ ကျွန်မတို့ ပြည်သူတွေအတွက် ယနေ့အချိန်မှာ အရေးကြီးသည့်ကဏ္ဍတခု ဖြစ်လာခဲ့ရပါပြီ။
အစိုးရ ဆိုသည်ကိုလည်း အားထား၍ မရသလို ကျောင်းပညာမှာ မလုပ် မရှုပ် မပြုတ် ဆိုသည့်သဘောဖြင့် ပညာရေးကို ဖင်ခုထိုင်နေသည့် ဆရာ၊ ဆရာမ အချို့ကိုလည်း ယုံကြည်လို့ မရတော့ပါ။
မိမိတို့၏ သားသမီးများ၏ ဘဝရှေ့ရေးသည် ပညာရေးဖြင့် လူတလုံးသူတလုံးဖြစ်ဖို့ဆို မိမိတို့ကိုယ်တိုင် ပါဝင်ထိန်းကျောင်းပြုပြင်ဖို့တော့ လိုလာပါပြီ။
ကျောင်းသားလူငယ်များရဲ့ အခွင့်အရေးကို စကမ မှ အသက်ဖြင့်လည်း ရိုက်ချိုးထားသလို လူငယ်တွေရဲ့ ဘဝကိုလည်း ဖျက်ဆီးထားတာတော့ အမှန်ပါ။
စကမ မှ စစ်မှုထမ်းခြင်းနှင့် ပေါ်တာဆွဲခြင်းသည် မြန်မာပြည်အတွက် တခုတည်းသော ဥပဒေမဲ့စနစ်ဆိုးကြီးပါ။
နေရာတိုင်းမှာ ကျောင်းသားလူငယ်များအတွက် ပိတ်ပင်တားဆီးမှုနဲ့ အနိုင်ကျင့်မှုက ကြီးစိုးထားတော့ ယနေ့အချိန် အရှိတရားပါ။
ကျွန်မတို့ ပြည်သူအတွက် ပညာရေးနဲ့ပတ်သက်လို့ မတရားမှုကို ကာကွယ် တားဆီးရေးဟူသည် စစ်ရှောင်နေရာ ဝန်းကျင်များမှာပဲ ဖြစ်ဖြစ်၊ ပညာသည် အသက်ဖြင့် ကာကွယ်စောင့်ရှောက်ကြရမှာပါ။
စကမ ကျောင်းများမှလည်း လူငယ်များရဲ့ဘဝကို အရည်အသွေးနဲ့ အရည်အချင်းမပြည့်မီသည့်ပညာပန်းတိုင်မှာ နစ်မျောမသွားဖို့ မိမိတို့ရဲ့ သားသမီးများကို မိဘများက ကာကွယ်ကြရမှာပါ။
စကမ ဆိုသည်မှာ ပြည်သူကို ရှေးရှုသူ မဟုတ်သည့်အတွက် ကျောင်းသားလူငယ်များ မိမိတို့ဘဝကို မိမိတို့ တန်ဖိုးထားခြင်းဖြင့် ကာကွယ်စောင့်ရှောက်ကြပါ။
ပေါ့ပေါ့နေ ပေါ့ပေါ့တွေးနေသူများအဖို့ စစ်မှုထမ်း၊ ပေါ်တာနဲ့ ကြုံကြိုက်ပါကလည်း အမေးမရှိ၊အဖြေမရှိ ဘဝဇာတ်သိမ်းကြရဦးမှာ။
ကျွန်မတို့ လူငယ်များရဲ့ အနာဂတ်ကို မြှင့်တင်ဖို့ဆို ယခု ဆုံးရှုံးမှု၊ ကျရှုံးမှု၊ ဒုက္ခမျိုးစုံမှ မြန်မာပြည်ရဲ့ မတရားသော ပညာရေးကို မည်သူက ကာကွယ်စောင့်ရှောက်ပေးမှာလဲ။
စကမရဲ့ မတရား လေယာဉ်သုံး၊ လက်နက်သုံး၊ မီးရှို့ခံနေရတဲ့ ဘဝများစွာကို အပြည်ပြည်ဆိုင်ရာ ဆိုသည့် ကာကွယ်တားဆီးရေးအောက်မှာရော ကလေး လူငယ် ကျောင်းသားများရဲ့ ဘဝတွေစတေးကြဦးမှာလား။
ကျွန်မတို့အတွက် အမေးပေါင်းများစွာသည် အာဏာရှင်အတွက် ရက်စက်မှုကို ကျော်လွှားနိုင်ဖို့တော့ လိုပါလိမ့်မယ်။
ကလေး ကျောင်သား လူငယ်များ အသက်ဘေးကင်းလို့ ဘဝတွေ ကျရှုံးမှုမှ ရပ်တန့်နိုင်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
x