Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ချာလီချက်ပလှိုင်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ချာလီချက်ပလှိုင်

မိုးမခ ၊ စက်တင်ဘာ ၁၀ ၊ ၂၀၂၅


ဟို တရုတ်ရောက် စောက်ပေါတကောင်ကတော့ ကမ္ဘာ့အဆိုးဆုံး  အာဏာရှင်တွေကြား သွားပြီး ဒီမိုကရေစီစနစ် ခိုင်မာအောင်လုပ်မယ်လို့ ရူးကြောင်ကြောင်တွေ ပြောနေပြန်ပြီ။ ပြောသမျှကတော့ ဟဟတွေချည်းပါဘဲ။

ဒီမိုကရေစီစနစ် ဆိုတာကို ဘာမှန်းမသိဘူး ဆိုတာရယ်၊ ဘာပြောရမှန်းမသိလို့ ပြောတာရယ်၊ ဒီမိုကရေစီ ဆိုတဲ့ စကားလုံးပါရင် လူရာဝင်မယ် ထင်တာရယ်နဲ့ စွတ်အူလိုက်တဲ့သဘော။ ဘာရယ်ဟုတ်ပုံမရ၊ စဉ်းစားကြည့်လေ။

ဒီမိုကရေစီစနစ် ခိုင်မာအောင်လုပ်မယ်လို့ ပြောသူက ဒီမိုကရေစီအစိုးရဆီက အာဏာသိမ်းထားတဲ့အကောင်။ တပြည်လုံးနဲ့ စစ်တိုက်နေတဲ့ မိုက်လုံးအထွားဆုံးငတုံး။ ပြောတဲ့နေရာက တပါတီအာဏာရှင် အုပ်ချုပ်တဲ့ တရုတ်ပြည်။ ဘယ်ပွဲတုန်းဆို မြောက်ကွီးယားတို့ ဝက်ဝံပူတင်တို့၊ ရှီကျင့်ဖျင်တို့လို မဟာအာဏာရှင်ကြီးတွေ ဆုံတဲ့ပွဲ။ တကယ့် စောက်တလွဲကောင်။ ဟိုကလူတွေကလဲ ဇွတ်ခြေဆုပ်လက်နယ် ပြုပေးချင်တဲ့ မျက်နှာပေးနဲ့ ဇွတ်အနားကပ်လာတော့ ခပ်ဝေးဝေးကနေ လက်ကလေး အတားပြပြီး အစေခံကို သူဌေးပြုံး ပြုံးပြတာမျိုးဘဲလုပ်တာ။ အဲဒါကို စကားအတင်းလိုက်ပြောတာ။ ပါးစပ်ကလား ဆိုတော့လဲ လက်ဟန် ခြေဟန်နဲ့။ လက်ဟန်နဲ့မို့ ဆိုင်းလန်းဂွေ့လားဆိုတော့လဲ ဘလိုင်းယမ်းဝှေ့။ အအ အိပ်မက်မက်တာ ပြန်ပြောပြသလိုမျိုး။ ပါးစပ်လက်ညှိုးထိုးပြပြီး ထမင်းစားပီးပလားမေးတဲ့အဆင့်။ အင်း သူ့ခမျာလဲ နှုတ်ဆက်ချင်တာကလဲ ပြာ၊ နှုတ်ဆက်စရာစကားကလဲ ချာဆိုတော့ တည့်တည့်ကြည့်ပြီး နှုတ်ဆက်မလိုအမူအယာစပ်ဖြီးဖြီးကြီးပြပြီးကာမှ ဘေးဘက်ရှုတည်တည်ပြန်လှည့်ကြည့်ပြီး စကားပြန်ကို မျက်စမျက်န ပြရသေးတာ။ စကားပြန်က သူ့အစားအသံ‌ပေးနှုတ်ဆက်လိုက်မှ သူက ခေါင်းလေးညိတ်ညိတ်ပြီး လက်ဟန် ခြေဟန် မျက်နှာဟန်နဲ့ သရုပ်ပြန်ပြရတော့ သူ့ခမျာ  စောက်ကောင်မလှိုင်ကနေ ချာလီချက်ပလှိုင်ဖြစ်နေပုံများပြောပါတယ်။ အကုန်ဟားကြလေသတည်းပေါ့။

အဲလို မတူမတန် လူဗလံ လက်ဟန်ခြေဟန်နဲ့ဘဲပြောတတ်တဲ့ကောင်က ရာထူးကြသုံးခု။ ခေတ္တသမတရယ်၊ စောက်ကောင်မကြီးရယ်၊ စစ်ဘီလူးချုပ်ရယ်ဆိုဘဲ။ ဆိုင်းကသာ ဘာမှမဟုတ်တာ၊ နှဲကတော့သုံးလက်ဆိုသလို။ အရင်ကဖြင့် ဝက်ကြီးချုပ်ရာထူးပါယူထားသေးသတဲ့။

တရုတ်ပွဲမှာတော့ စပ်စလူးစိန်လေးတယောက် မော်ဒယ်ဘွိုင်းတွေကြားရောက်သွားသလို ဟိုတယောက်ပြုံးပြလိုက်၊ ဒီတယောက်လက်ပြေးဆွဲလိုက်၊ ဟိုဘက်တယောက်ပြေးဖက်လိုက်၊ အမြီးလေးနန့်ပြလိုက်၊ အမောက်လေးခါပြလိုက်၊ ဖင်လေးရှုံ့ပြလိုက်၊ ရင်လေးတုံ့ပြလိုက်၊ အကုန်ကြိုက် အကုန်ကျွေး အကုန်စား မျက်နှာပေးနဲ့ ဖာရေးကြွယ်နေချက်တွေများ ဂေးသွားပလားတောင်ထင်ရတယ်။

လူပုံကလဲ အူမြုံ။ အူလဲအူ မြုံလဲမြုံ။ အူဆို သူသိနိုင်တာတခုမှမရှိဘူးလေ။ မြုံဆို မြန်မာစကားတောင် ပီအောင်မပြောတတ်တာ။ သူ့စကားကို AIလဲ ထည့်အောင် ဘာသာပြန်တတ်မှာမဟုတ်။ အဲတော့ စကားပြန်လေးဘက်မျှော်လိုက်၊ ပြောနေတဲ့ဘက်မော့လိုက်နဲ့ တကယ့် နွားကလေးအမော့သင်နေတဲ့စောက်ခွက်။ ကြောင်တောင်တောင် ပြောင်တက်တက်။ အဲလိုကောင်က တိုင်းပြည်တက်အုပ်ချုပ်ချင်တာ။ ပညာအခံက ဉာဏ်စဉ်မပြည့်တော့ တွေ့ရုံမြင်ရုံနဲ့လဲ နားမလည်၊ မေးမယ်ဆိုပြန်တော့လဲ စကားကမသိ၊ ဖတ်ကြည့်ရအောင်ကလဲ စာကမတတ်၊ ဟိုနားကပ်ဒီနားကပ် ဟိုနားရပ်ဒီနားရပ်၊ ဟိုနားမတ်တပ် ဒီနားမတ်တတ်၊ ဘုရားပွဲဈေးရောက်နေတဲ့ကလေးလို ဟိုပတ်လက်ညှိုးထိုး ဒီပတ်လက်ညှိုးထိုး၊ သူ့ကြည့်ပြီး တတိုင်းပြည်လုံး ဘူဂျာလီစောက်တောသားချည်းထင်သွားကြမှာသေချာတယ်။ ဘာပြပြ နတ်ကရာ ကြည့်မော့၊ မျက်စိသူငယ် နားသူငယ်အပြင် ပါးစပ်သူငယ် အရပ်သူငယ်ပါဖြစ်တဲ့ကောင်‌ကိုး။ အင်ဒို ခေါင်းဆောင်တွေကြား မပြောမဆို ခပ်တည်တည်နဲ့ဝင်ထိုင်ပြီး စကားပြန်အကူမယူဘဲ ဟိုက ဘာမေးမှန်းမသိဘဲ အတည်ပေါက်ကြီး စက်တင်ဘာဘွန်းဆို ချက်တင်မှာသွန်းတာ၊ အဲသမှာ စောက်ပေါဘူဂျာလီလာပြီဆိုပြီး ထရပ်သူရပ်ရော။ ‌ဆက်ပြောလဲ ကျွဲပါးစောင်းတီးဖြစ်ရုံဆိုတော်ရဲ့၊ ကျွဲက ဝင်မဆိုဘူးလေ။ ဒီကောင်က တသက်လုံးအင်္ဂလိပ်စကားပြောလာတဲ့ပုံစံနဲ့ လိုင်းပေါ်မှာ အင်္ဂလန်ကပြန်လာတယ်ဆိုတဲ့ကလေးမလေးဖောသလို ပေါက်ကရထင်ရာမြင်ရာ အစ်စ ဒစ်စ တွေဖောရင် ဘာအကြောင်းမှတည်လို့မရဖြစ်မှာမဟုတ်လား။ အလ္လာပသလ္လာပဝိုင်းမှာ ဘယ်သူမှ စကားပြန်မပါကြဘူးလေ။ 

ဒီ‌တကောင်နဲ့တင် စကားဝိုင်းက စာကလေး‌ ညှောင့်သလို ခနခန တက်လိုက်ဆင်းလိုက်နဲ့ မပြီးနိုင် အရီးမြိုင်ဖြစ်နေတော့မှာကိုး။ ဘူဂျာလီစောက်တောသားလို့ပြောရင် ဘယ်တောသားကမှ ကျေနပ်မှာမဟုတ်ဖူး၊ ဒီကောင်လောက်အူကြောင်ကြားတဲ့တောသားရယ်လို့ ဘယ်မှမရှိဘူးလေ။ ဒီကောင်က ရိုးရိုးတောသားမဟုတ်၊ ကျောက်ခေတ်တောသား။ စကားပြန်တွေမလိုက်ရဘဲ ခေါင်းဆောင်တွေချည်းစုသွားကြတော့ သူများတွေက စကားတပြောပြောနဲ့ သွားကြတာ၊ သူတယောက်ဘဲ ငေါက်တောက် ငေါက်တောက်နဲ့ ဝစီပိတ်လျှောက်နေရ။ 

ပီဒက်တွေက ဘတ်ခွနဲ့ပစ်တယ်ဆိုကာ ရှရှားဗိုလ်ချုပ်ကြီးကို ဘတ်ခွကြီးကိုင်ပြပြီး စစ်ဌာနချုပ်တွေပြုတ်သွားကထဲက နိုင်ငံတကာက သူ့ကို ဖွတ်စာရင်း ဒွတ်စာရင်းသွင်းပြီး ဒေါ်လာအမ်းတဲ့လမ်းဆုံမလို့  သတ်မှတ်ထားကြတာမဟုတ်လား။ အဲဒါကြောင့် တပ်ထဲကကောင်တွေက သူ့ကို ဘဘဟုန်လို့ ခေါ်သတဲ့။ မမဟုန်ကိုသိတယ်ဟုတ်၊ သူ့ဖျင်လာချဖို့ မျိုးစုံဂွင်ဆင်တဲ့တရုတ်ငနဲမတကောင်လေ။ အကြံနဲ့ဉာဏ်ကလဲ မမဟုန်က အမခေါ်ရလောက်တဲ့ဟန်၊ မသိရင် အမူပိုပို လူချိုလေးပေါ့၊ လည်ပါတယ်ဆိုတဲ့ငသန်းရွှေတောင် ခံလိုက်ရတာသာကြည့်။ လူလိုသိတတ်မယ်ထင်ပြီး အကျော်အခွဇယားတွေနဲ့ အားထားရမယ့်သားသားလေးဆိုပြီး ရာထူးလွှဲပေးခဲ့တာ။ 

ဟော ခု သူက သူ့ဆရာနေဝင်းကိုထုတာထက်သာပြီး ဆေးပါထွက်ကုမရဖြစ်နေတာ။ ဟိုက သူ့ကို အပြင်မထွက်ခံတဲ့အပြင် ချစ်သားမက်ကလေးပါ ဖမ်းထားလိုက်သေး။ သူ့မြေးလေးလဲ ကြည့်နေကြည့်စားကြည့်သွားဘဲ။ အဲကောင် နေရွှေသွေးအောင် ဖင်မယားရတာတောင် ကြာပေါ့။ ချာလီချက်ပလှိုင်ကို တပ်ထဲက အကြောင်းသိတွေခေါ်တာကတော့ ကြောင်ချီးတဲ့။ ပျော့ပျော့လေးနဲ့နံတဲ့ကောင်ပေါ့။ လူကြီးကပ်တတ်တဲ့ငကြောင်၊ မခုတ်တတ်သလိုလိုနဲ့ ကြောင်သူတော်ကြွက်သူခိုးကောင်တွေလေ။ သွေးကြောရော ဂွေးကြောရော ဘယ်အကြောနှိပ်ပေးရပေးရ ပေးခဲ့ကြတဲ့ကောင်တွေလေ။ 

မအလနဲ့ သခေါမယှဉ်လိုက်ရင် မအလကတောင် ပိုနွဲ့နေသလိုလို၊ စောက်ကောင်မကြီး ခေါ်မယ်ဆိုခေါ်စရာ။ ခေါသနီကတော့ အကြောတည်ထားရတာကိုး။ ဆရာမနဲ့ ကတော်ပေါင်း သခေါနဲ့ကျောက်ပေါက်မာရောထောင်းထားတဲ့အခွက်ဆိုတော့  ပုတ်သိုး ဒုတ်ထိုး ရုပ်ဆိုးမာခေါက် ပြာတောက်တောက်‌ပေါ့။ ဒါပေမဲ့ သူလဲ ကြိုင်ကြိုင်ကြီးကို ခြေဆုပ်လက်နယ်ပြုခဲ့၊ သမီးတော်တွေရဲ့ ထဘီပါ ခေါက်ခဲ့သေးတာပဲလေ။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar