Saturday, December 6, 2025

သူရ - ဘယ်ဘုရားမှ လက်လှမ်းမမီတဲ့ ဒီနေ့

သူရ - ဘယ်ဘုရားမှ လက်လှမ်းမမီတဲ့ ဒီနေ့

မိုးမခ ၊ ဒီဇင်ဘာ ၆ ၊ ၂၀၂၅


ဘာမှ အရသာမရှိသလိုဘဲ

အရသာထဲ ပြုတ်မကျတော့တာ ကြာပြီ

ငါတို့ ညတဓူဝကလဲ

မှောင်နဲ့မဲမဲ အေးခဲလို့။


ကြိုးတပ်တူရိယာတခုရဲ့ 

ရုန်းကန်ငြင်းဆန်မှုမဲ့ ချောင်ပိတ်မိသံ

အေးစက်စက် သွေ့ခြောက်ခြောက် 

ကြိုးတလျှောက်တဆတ်ဆတ်။


မင်း နားလည်ပီးသား ဒီဘာသာစကားပါဘဲ

မင်းနှလုံးသားက ပြန်မဖတ်တတ်တဲ့ အက္ခရာတွေပေါ့

တကယ်တော့ ရုပ်ရော စိတ်ရော အင်စတောလုပ်ပြီးသား

ဘယ်ဘုရားနဲ့မှ မပတ်သက်တဲ့ဘဝတွေ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar