Breaking News

လေခဏီ - တွေးရှုကာ အလေးပြုလိုက်ပါသည်

လေခဏီ - တွေးရှုကာ အလေးပြုလိုက်ပါသည်

မိုးမခ ၊ ဒီဇင်ဘဘာ ၁၉ ၊ ၂၀၂၅


အရပ်ကောင်းမှုနဲ့ တပ်ပေါင်းစုလာပြီဆိုတော့ တပ်မကောင်းစုက ပြာပြီ။

တပ်ပေါင်းစုကို ကြိုကြသည်။

တောင့်တသူတို့ မကြောင့်ကြနဲ့တော့။ သင်တို့ဆန္ဒ မှန်သမျှ ပြည့်ဖို့ ဖြည့်မယ့်အခြေအနေ ဖြစ်ထွန်းလာပြီ။

တယောက်ဖို့ တထမ်း ထောက်ပို့လမ်းကြောင်းတွေပွင့်၊ ဂန်းပြောင်းတွေ ဝင့်ပြီ။

ပြန့်ကျဲနေတဲ့ တော်လှန်ရေးအင်အားစုတွေ၊ ချိတ်ဆက်ရမယ့် ကွင်းဂျိတ်တွေ ချိပ်မိပြီမို့ အားတက် ဓားထက်ပြီ။

သုံးနားညီ NUG ERO တပ်ပေါင်းစုနဲ့ အပြတ်ထောင်းထုတော့မည်။ 

ပူးပေါင်းချစ်ကြင် အရူးမောင်းစစ်ပြင် ဘီလူးမောင်း စစ်ဆင်တော့မည်။ 

တကယ်တိုက်လိုသူတွေ ပေါင်းကြတော့သည်။ အမှန်တိုက်နေသူတွေ ဖြစ်သည်။ ထိရောက် မြန်ဆန် ဗျူဟာကြီးတွေ နှံတော့မည်။

ရန်သူတူ ရည်သန်တူ ရဲဘော်တို့အလံများ လေကစားတော့မည်။ မဝေဝါး ‌မထွေပြား အရှည်သွားတော့မည်။

ဝဠာစိတ်နဲ့ မဟာမိတ်ပြုသမို့ ပြည်သူဝမ်းမြှောက် ညီတူထမ်းလျှောက်ရတော့မည်။

တခေါင်းတပညာ တလွှာတရနံ့ တကန့်တထောက် တယောက်တမျိုး မရိုးနိုင်တဲ့အလှ၊ မကုန်နိုင်တဲ့အားအင်၊ အမှားမြင်အပြင်လွယ် တပ်ပေါင်းစုဆိုသည်ဝယ်  ကြွယ်ဝတဲ့အရင်းအမြစ် ချစ်ခြင်းနဲ့ပွေ့ဖက် ယုံကြည်ခြင်းတွဲလက် မျှော်လင့်ချက်ထက်သန် ဆက်ရန်နွေဦးနန်းတော်ဆီ။

ရဲဘော်က စစ်ချီ၊ ပြည်တွင်းက တောင့်ခံ၊ ပြည်ပက ထောက်ပို့ နောက်သို့မရှိပြီ၊ ရောက်ဖို့မဝေးပြီ နွေဦးနန်းဘုံဆီ။

ပေါင်းစပ်ပြီး ကောင်းမြတ်တာတွေ လုပ်ရင်း  အချိတ်အဆက်နဲ့ စိတ်ပျက်စရာတွေ ဖျက်ဆီးနိုင်ပြီ။

မိသားစုတွေ မျှော်နေပြီ။

ချစ်သူတွေ ခေါ်နေပြီ။

မိတ်ဆွေတွေ ပျော်နေပြီ။

အကြေအညာ တောင်တန်းသာပြီ။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar