ဒါလည်း နှစ်ကြောင်းပါပဲ
တပ်ဦးလ
(မိုးမခ) ဇန်နဝါရီ ၂၉၊ ၂၀၂၆
စစ်ပွဲ(၁)
မနက်အိပ်ရာထ ရေနှစ်ခွက်သောက်တယ်
အိပ်မက် နှစ်ကြိမ်မက်တယ်
သွားကို နှစ်ရက်တစ်ကြိမ်တိုက်တယ်
ထမင်း နှစ်ရက်တစ်ကြိမ်စားတယ်
အိမ်သာ နှစ်ရက်တစ်ကြိမ်တက်တယ်
ထွက်ပြီးသားဂဏန်း နှစ်ခါပြန်ထွက်တယ်
လွမ်းပြီးသားအလွမ်း နှစ်ခါပြန်လွမ်းတယ်
တစ်နေ့ နှစ်ကြိမ်ဖုန်းလာတယ်
ရေ နှစ်ခါချိုးတယ်
ဆေးပေါ့လိပ် နှစ်တိုင်ချတယ်
အစ်မ နှစ်ယောက်ရှိတယ်
နှစ်ယောက်လုံးနဲ့ စကားများတယ်
စစ်ပွဲ(၂)
တစ်ယောက်က icj သွားမယ်
တစ်ယောက်က icc သွားမယ်
အဲ့သလို
ရပ်ကွက်ရုံးမှာ လေဝင်တိုက်ခဲ့
စစ်ပွဲ(၃)
ဒါပဲဗျာ
ကျနော်စားမယ့်ထမင်းတစ်လုပ်အတွက်
ပြည်တွင်းစစ်ထဲ ခုန်ချနေရတယ်
ပြည်တွင်းစစ်နဲ့ ချက်နေရတယ်
ကျနော်က အမှတ်မရှိတဲ့အသည်းမှမဟုတ်တာ
နှလုံးသားက ကျက်ပါတယ်
သူတို့သာ မကျက်တာ
ဒါလည်း နှစ်ကြောင်းပါပဲ
အဲ့ဒါ လာပြောတာ
-
(မိုးမခ) ဇန်နဝါရီ ၂၉၊ ၂၀၂၆
စစ်ပွဲ(၁)
မနက်အိပ်ရာထ ရေနှစ်ခွက်သောက်တယ်
အိပ်မက် နှစ်ကြိမ်မက်တယ်
သွားကို နှစ်ရက်တစ်ကြိမ်တိုက်တယ်
ထမင်း နှစ်ရက်တစ်ကြိမ်စားတယ်
အိမ်သာ နှစ်ရက်တစ်ကြိမ်တက်တယ်
ထွက်ပြီးသားဂဏန်း နှစ်ခါပြန်ထွက်တယ်
လွမ်းပြီးသားအလွမ်း နှစ်ခါပြန်လွမ်းတယ်
တစ်နေ့ နှစ်ကြိမ်ဖုန်းလာတယ်
ရေ နှစ်ခါချိုးတယ်
ဆေးပေါ့လိပ် နှစ်တိုင်ချတယ်
အစ်မ နှစ်ယောက်ရှိတယ်
နှစ်ယောက်လုံးနဲ့ စကားများတယ်
စစ်ပွဲ(၂)
တစ်ယောက်က icj သွားမယ်
တစ်ယောက်က icc သွားမယ်
အဲ့သလို
ရပ်ကွက်ရုံးမှာ လေဝင်တိုက်ခဲ့
စစ်ပွဲ(၃)
ဒါပဲဗျာ
ကျနော်စားမယ့်ထမင်းတစ်လုပ်အတွက်
ပြည်တွင်းစစ်ထဲ ခုန်ချနေရတယ်
ပြည်တွင်းစစ်နဲ့ ချက်နေရတယ်
ကျနော်က အမှတ်မရှိတဲ့အသည်းမှမဟုတ်တာ
နှလုံးသားက ကျက်ပါတယ်
သူတို့သာ မကျက်တာ
ဒါလည်း နှစ်ကြောင်းပါပဲ
အဲ့ဒါ လာပြောတာ
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar
