Breaking News

အခရာ - နွေ ကြည့် တိမ်


Art - Than Htay Maung
နွေ ကြည့် တိမ်
အခရာ
(မိုးမခ) ဧပြီ ၂၊ ၂၀၂၆

ကမ္ဘာကြီး စိတ်မကြည်ဘူး။
နေရဲ့အရိပ်ဘက်က စပါးနှံခက်လေးလို နွမ်းကြွေလုလု။
အဝေးကြီးကပြန်လာရတဲ့ နောက်ထပ်ဒုက္ခလို ကိစ္စတွေ။
စိတ်ဝိဥာဥ်တွေဟာ ​ခြေလှမ်းမဲ့တဲ့သစ်ပင်လို နေသားတကျ ယမ်းခါနေရ။
မဖြစ်ထွန်းတဲ့ အစွန်ဖျားက ခံနိုင်ရည်တွေပေါ့။
ချဥ်စုတ်စုတ်ဘဝထဲ တယောက်ကိုတယောက် ရှာနေရတဲ့ ရက်စွဲတွေ။
အသက်ထဲက အခိုးခံလိုက်ရတဲ့ လွတ်လပ်မှု။
အော်သံဟာ ထွက်မပြေးဘဲ ရင်ထဲမှာပဲ အကန့်သတ်နဲ့ကွဲနေတယ်။
စောရောက်လာတဲ့ တိမ်တွေလို...
နွေအပေါ်ကို မရှိရှိတာ ရှာရွာတတ်ဖို့ပဲလိုပါတယ်။

19.3.2026
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar