Art- Than Htay Maung
ဒုံသမိချောင်းပေါ်က ကြယ်နီ ၉
ဇာတ်တူသားစား စီးပွားရှာမျာသူများနှင့်
မိုင်းထောင်ဝိဇ္ဇာ တောပုန်းကြီး ဦးကသေးဖိုး
ငြိမ်းဝေ
(မိုးမခ) ဧပြီ ၂၄၊ ၂၀၂၆
၁။
ကျောက်ကမ်းပါးရံကြီးအောက် ခြုံနွယ်ပိတ်ပေါင်းများကြားက သည်တဲကလေးတွင် ကျနော်တို့သုံးယောက် နှစ်ညအိပ်ခဲ့ကြ၏။ တဲပိုင်ရှင်မှာ ကျနော်နှင့် တပ်ကြပ်ကြီးဖါးတေးကို ကျောက်ဖြာရွာထိပ်မှ ထွက်ကြိုခဲ့သူ ကရင်အဘိုးကြီးဖြစ်သည်။
ကရင်အဖိုးကြီး၏အမည်မှာ
“ဦးကသေးဖိုး” ဖြစ်ကြောင်း၊ သ ည်ဒေသတဝိုက်တွင် KNU ၏ တဦးတည်းသော
မိုင်းထောင်ဝိဇ္ဇာကြီးအဖြစ် ကျော်ကြားသူဖြစ်ကြောင်း၊
မည်သည့်သင်တန်းမှမတက်ဖူးဘဲ ဝါသနာအရကြိုးစားပြီး နအဖစစ်ကား ၅ စီးအထိ
မိုင်းထောင်ဖျက်ဆီးထားသူဖြစ်ကြေ
ဦးကသေးဖိုးက သူ့တဲကို မ ည်သူမျှအလာမခံခဲ့၊ ယုတ်စွအဆုံး သူ့ဇနီးသည်ပင် သူ့တဲကိုမသိ။ ကျနော်နှင့် တပ်ကြပ်ကြီးဖါးတေးကိုမူ ဦးကသေးဖိုးကိုယ်၌က သူ့တဲကလေးဆီ ခေါ်လာခြင်း ဖြစ်သည်။ ဦးကသေးဖိုးက ကျနော့်ကို တော်လှန်ရေးအသံလွှင့်ဌာနသတင်းထောက်ဖြစ်သဖြင့် အထူးစိတ်ဝင်စားနေသူဖြစ်ကြောင်း တပ်ကြပ်ကြီးဖါးတေးက ကျနော့်ကိုပြောပြ၏။
ဦးကသေးဖိုးက အသက် ငါးဆယ်ကျော်ပြီး အရပ်တော်တော်ပု၏။ ကိုယ်လုံးကိုယ်ထည်က ကျစ်လစ်မာကြောပြီး သေးကွေး၏။ သူ့အမည် “ဦးကသေးဖိုး”၏အဓိပ္ပါယ်မှာ မြန်မာလို “မြင်းပုလေး”ဟု အဓိပ္ပါယ်ရလေသည်။
ဦးကသေးဖိုး၏တဲမှာ ပေါင်မုန့်ကို ဓါးဖြင့်လှီးချထားသလိုဖြစ်နေသော ကျောက်ကမ်းပါးယံကြီးအောက်၌ ရှိ၏။ ဒုံသမိချောင်းနှင့်မူ နီး၏။
ကျောက်ဖြာရွာထိပ် မိုင်းကွဲပြီးနောက် နှစ်ညအိပ်သုံးရက်ရှိသောအခါ မိုင်းကွဲခြင်းနှင့်သက်ဆိုင်သော
ကားမိုင်းပေါက်အပြီး
နှစ်ရက်ရှိသောအခါ ကျောက်ဖြာရွာတွင် တပ်စွဲထားသည့် တပ်မ ၉၉ လက်အောက်ခံ ခလရ
၃၀၂၊ တပ်ခွဲ ၃ ၊ တပ်ခွဲမှူး ဗိုလ်အေးကို၏ လက်မှတ်နှင့် “ကျောက်ဖြာရွာ”၊
“ကွေလေရွာ”၊ “ကျုံထော်ရွာ” တို့အား သုံးရက်အတွက် စုစုပေါင်း
ကားဘိုးငွေတစ်သိန်းကို ငါးရက်အတွင်းပေးရမည်ဟူသောအမိန့်
ထိုအခါ ဗိုလ်ချုပ်ကျော်လင်း ပြောပြသောစကားက ကျနော့်ကို တော်တော်လေး အာရုံဖမ်းစားထားပြန်သည်။
“ ဒီမှာက သူတို့ကားတွေ မိုင်းခွဲခံရရင် ဘေးနားကရွာတွေကို ကားမိုင်းဘိုးဆိုပြီး အတင်းအလျော်တောင်းတာဗျ။ တွေးစရာတွေ အများကြီးရှိတယ်ကိုငြိမ်းဝေ၊ ကျနော်ကတော့ ဒီကောင်တွေ သူတို့ကားကို သူတို့ဖါသာမိုင်းထောင်ပြီး စီးပွါးရှာသွားတာ၊ ကျနော်ကတော့ အဲသလိုပဲ မြင်တယ်။ ဖါးတေးကို ကျနော် တော်တော်ပြောပြထားပြီးပြီ၊ သူ့ကိုသာ ခင်ဗျား မေးကြည့်၊ သူရှင်းပြလိမ့်မယ် ”
တပ်မဟာမှူးက လမ်းလျှောက် စကားပြောစက်ထဲမှာမို့ ကျနော့်ကို ရှည်ရှည်ဝေးဝေး ရှင်းမပြပါ။ ကျနော့်မှာ တပ်ကြပ်ကြီးဖါးတေး၊ တောပုန်းကြီး ဦးကသေးဖိုးနှင့် တနေကုန်တနေခမ်း မေးရမြန်းရ စောဒကတက်ရတော့၏။ အကြေအလည် ပြောကြဆိုကြပြီးမှ ကျနော့်မှာ အဖြစ်မှန်ကို ရိပ်ဖမ်းသံဖမ်းသိလာရ၏။
၂။
နအဖစစ်တပ်က သူတို့စစ်ကားကို သူတို့ကိုယ်တိုင်မိုင်းထောင်ပြီ
သည်ဒေသတဝိုက်တွင်
မိုင်းထောင်သည့်အလုပ်ကို ဦးကသေးဖိုးမှလွဲ မည်သူမျှ မထောင်တတ်ကြပါ။
ဒါ့အပြင် အံ့ဩဖို့ကောင်းသည်မှာ မိုင်းကွဲသည်မှာ ရွာနှင့်နီးယုံတင်မက
ရွာထိပ်တွင်ပင် မိုင်းကွဲခဲ့ခြင်းကိစ္စ။ ဦးစွာပထမအားဖြင့် ယခုမိုင်းမှာ
သူလုံးဝ မြှုပ်နှံဖေါက်ခွဲခြင်းမဟုတ်ကြေ
ထည့်သွင်းစဉ်းစားဖို့ ကောင်းသည်မှာ စစ်ကားတန်းများမဆင်းခင် တရက်အလိုကတည်းက လမ်းလုံခြုံရေးအကြောင်းပြကာ နအဖစစ်သားများ ကျောက်ဖြာရွာကို ရောက်လာနေကြပြီးဖြစ်သဖြင့် သူတို့မျက်စေ့ရှေ့မှောက်တွင် မိမိဘက်မှ မည်သူမျှ မိုင်းသွားထောင်လို့မရဟုလည်း တပ်ကြပ်ကြီးဖါးတေးရော ဦးကသေးဖိုးကပါ အခိုင်အမာ ပြောလာကြ၏။ ထို့ပြင် မိုင်းကွဲသည့်အချိန်က စစ်သားများသည် ရွာကို ပစ်လားခတ်လားမလုပ်ကြ၊ အိမ်တွေကိုလည်း မီးမရှို့ကြ။ အဘယ့်ကြောင့်ပါနည်း။
သည်အချက်အပေါ်မူတည်ကာ
အမှန်တကယ်တော့ နအဖစစ်တပ်က သူတို့ကားကို သူတို့ကိုယ်တိုင်
မိုင်းထောင်ခြင်းဖြစ်ကြောင်း၊ ရွာထဲမှာပင် မိုင်းကွဲသည့်တိုင်
ရွာကိုဒုက္ခမပေးသည်မှာ ကားမိုင်းဘိုး အလွယ်တကူတောင်းလို့ရအောင်သာဖြစ်
ထို့ပြင် ကျနော့်စိတ်ထဲ နောက်ထပ် စွဲထင်နေသည့်အချက် ရှိပြန်သေး၏။ ကျောက်ဖြာရွာထိပ် မိုင်းကွဲသည့်သတင်းကို အခင်းဖြစ်ပွားပြီး နောက်နှစ်ရက်ရှိသောအခါ VOA မှ သတင်းကြေညာသွားသည့်ကိစွဖြစ်သည်။
ထိုနေ့က ခရီးသည်တင်ကားတစီးကို ကရင်သောင်းကျန်းသူများက မိုင်းခွဲတိုက်ခိုက်သည့်အတွက် ရဟန်းတော်တပါးပျံလွန်တော်မူကာ ကားမောင်းသူမှာ အပြင်းအထန်ဒဏ်ရာရကြောင်း VOA မှကြေညာသွားသည့်အချက်က ကျနော့်ကို ထပ်ပြီးအံ့ဩရ အတွေးပွါးရေစပြန်သည်။
သတင်းကမူ
အမှန်တဝက် အမှားတဝက်။ မှန်သည်မှာ ရဟန်းတပါး ပျံလွန်တော်မူပြီး
ကောင်းမောင်းသူဒဏ်ရာရ ဆိုသည့်အချက်မှာမှန်ပြီး ခရီးသည်ကားဆိုသည့်အချက်ကမူ
မှား၏။ အမှန်မှာ နအဖက ပြောဆိုသုံးနှုန်းသည့် အောင်သိဒ္ဒိလမ်းမှာ ခရီသည်ကား
ပြေးဆွဲသည့်လမ်းမဟုတ်ဘဲ နအဖ၏ နွေရာသီစစ်သုံးကားလမ်းသာဖြစ်ပြီ
ယင်းသတင်းကို VOA မှ သတင်းတက်လာသောအခါ ထိုအချိန်က အခင်းဖြစ်သည့်နေရာတွင် ကိုယ် တိုင်ကိုယ်ကျရှိနေသောသတင်း
ငြိမ်းဝေ
( အပိုင်း ၁၀ သို့ ဆက်လက်အားပေး ဖတ်ရှုပါရန် မေတ္တာရပ်ခံအပ်ပါသည်။ )
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
