Breaking News

ဒီသစ် - နွေဦး ၂၆

Art- Than Htay Maung 
နွေဦး ၂၆
ဒီသစ်
(မိုးမခ) ဧပြီ ၁၁၊ ၂၀၂၆


ကမ္ဘာကမမြင်ရတဲ
လရဲ့တဘက်ခြမ်းမှာတော့
အလွမ်းတွေနဲ့ဖျားနေရ ကြာပြီ။ 

"ငုံးဆူ၊ လူမသိ"...တဲ့...
အပူမိတာ
နေအန္တ မြိုချထားရသလိုပါပဲ။ 

ပိတောက်က
ရွှေရည်လူးရဲ့လား
မျက်မှောင်နည်းနည်းလောက်ကျုံ့ကြည့်ဖို့ပါ။ 

ခေါင်းစဥ်နဲ့တင်
ပါရဂူကျမ်းဝင်လောက်ရဲ့
မြေဝိုင်းဇာတ်အစစ်တွေမှာ။

 
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia -
#WhatsHappeningInMyanmar