ခေတ်ပုံပြင် ပြောသူများ အလိုရှိပါသည် (မောင်ရစ်)
မောင်ရစ် (မိုးမခ) ဩဂုတ် ၁၁၊ ၂၀၂၆
တနေ့က ဆရာ ကျော်ဝင်း၏ ဆောင်းပါးပေါင်းချုပ် စာအုပ်များကို ဖတ်ပါတယ်။ ဆရာ မျက်မှောက်ခေတ် အရွေ့ကို ပြည်တွင်းအခြေအနေ ၊ ပြည်ပသတင်းများ ၊ ခေတ်၏လမ်းကြောင်းများနဲ့ ချိတ်ဆက်ပြီး ရေးတာပါ။ သမိုင်းကိုလည်း သတိကပ်ထားသူမို့ စဉ်းစားစရာ တွေးစရာတွေလည်း ရသလို၊ ပတ်ဝန်းကျင်က ငြီးငွေ့ဖွယ်အမြင်တွေကနေ မြင်ကွင်းကို ပြောင်းပစ်ပေးတဲ့ လတ်ဆတ်မှုကို ပေးပါတယ်။
ဆရာ့လို မျက်မှောက်အရေးကို တွေးစရာ ကြံစည်စရာတွေနဲ့ ရေးတတ်သူ နောက်တဦးက ဆရာ မောင်မောင်စိုး ဖြစ်ပါတယ်။ သူကတော့ စာအုပ်တွေ ဆောင်းပါးတွေ မရေးတော့တဲ့နောက် ဖေ့စ်ဘုတ်စာ တိုနံ့နံ့ပဲ သရော်သလို နောက်သလိုပဲ ရေးပါတော့တယ်။ ပြည်တွင်းက စာနယ်ဇင်းတွေမှာ အဲသလို စာတွေ နည်းသလို အင်တာနက်မှာလည်း နည်းလာပါတယ်။
နောက် တဦးကတော့ ကွယ်လွန်သွားတဲ့ ဆရာ ငြိမ်းအေးအိမ် ဖြစ်ပါတယ်။ သူမကွယ်လွန်မီက နွေဦးတော်လှန်ရေး ဖြစ်စဉ်တွေ မြေပုံတွေ သမိုင်းဖြစ်ရပ်တွေနဲ့ ယှဉ်တွဲပြီး ရေးခဲ့တာတွေဟာ အလွန်မှတ်သားဖွယ် ဖြစ်ရပါတယ်။ အနုပညာဆန်သူမို့ သူ့စာတွေက ရှေ့မြင် နောက်ကြည့် လူမမြင်မိတဲ့ အလှအပလေးတွေလည်း ပါလေ့ရှိပါတယ်။
အခု သူတို့ စာလေးတွေ ကောက်ပြပါမယ်။ မျက်မှောက်နဲ့ ရှေ့ဖြစ် နောက်ဖြစ်တွေကို ပုံပြောသလို ပြောတာ ဖတ်ရှုရတာ ချိုမြိန်နေတာကို ပြချင်တာပါ။

(ကျော်ဝင်း)
“သည်းခြေကြိုက် ပေါ်ပြူလာဝါဒ' (populism) မှာ ဆယ်စုနှစ်များနှင့်ချီ ရှိခဲ့ သော အယူအဆဖြစ်သည်။ သူ့တွင် လက်ဝဲဂိုဏ်း၊ လက်ယာဂိုဏ်းဟူ၍ ရှိသည်။ ၁၉၃ဝ ဝန်းကျင်“မဟာစီးပွားပျက်ကပ်’အပြီးက “လက်ဝဲဂိုဏ်း သည်းခြေကြိုက်ပေါ်ပြူလာ ဝါဒ’ခေတ်စားခဲ့ဖူးသည်။ သို့တစေ ၂၀ဝ၈-ဝ၉မဟာစီးပွားရေးကျဆင်းမှု’အပြီးတွင်မူ ‘လက်ယာဂိုဏ်း” ရှေ့တန်းရောက်လာသည်။ ဗြိတိသျှမဲဆန္ဒရှင်များ EU (ဥရောပ သမဂ္ဂ) မှ နှုတ်ထွက်လိုက်ကြခြင်းနှင့် အမေရိကန် မဲဆန္ဒရှင်များ ‘ဒေါ်နယ်ထရမ့်”ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်လိုက်ခြင်းတို့မှာ ထင်ရှားသော သာဓကဟု ဆိုကြသည်။
(မောင်မောင်စိုး)
“ တရုတ်ခေါင်းဆောင်တွေရဲ့ ကူမင်းက ဗမာပြည်အရေး တံခါးပိတ်အစည်းအဝေး” - ၂၀၂၄ ခုနှစ်ကုန် ဒီဇင်ဘာလက တရုတ်နိုင်ငံကူမင်းမြို့မှာ တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ အကြီးတန်းခေါင်းဆောင် တွေ နဲ့ ပညာရှင်တွေဟာ လက်ရှိဗမာပြည်တော်လှန်ရေးအခြေအနေတွေနဲ့ ပက်သက်ပြီး တံခါးပိတ်အစည်းအဝေး ကျင်းပခဲ့တယ်လို့ အိန္ဒိယနိုင်ငံက The Economic Times သတင်းဌာနက ဇန်နဝါရီ ၁၄ ရက်နေ့က ဖော်ပြထားပါတယ်။
အဲဒီဗမာပြည်အရေးဆွေးနွေးတဲ့ တရုတ်တံခါးပိတ်အစည်းအဝေးကို ချုပ်လိုက်ရင် အချက် ၆ ချက်ထွက်လာပါ တယ်။ အဲဒီအချက်တွေထဲမှာ စစ်ကောင်စီရဲ့လက်ရှိအခြေအနေအပေါ် တရုတ်ရဲ့ သဘောထားအမြင်က အပြောင်း အလဲ ရှိလာတာကို တွေ့ရပါတယ်။ တဆက်တည်းမှာပဲ နောက်ပိုင်းမှာ ဗမာပြည်တော်လှန်ရေးအပေါ် တရုတ်ရဲ့ ရပ်တည်ချက်လည်း ပြောင်းလဲလာနိုင်ပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့ ဗမာပြည်ဆိုင်ရာမူဝါဒတွေက တရုတ် အကျိုးစီးပွား ဘယ်လောက်ရှိမရှိဆိုတဲ့အပေါ်ကိုပဲ မူတည်လေ့ရှိပါတယ်။ The Economic Times ဖော်ပြထားတဲ့ အခုတံခါးပိတ်အစည်းဝေးကလည်းအဲဒီအတိုင်းပါပဲ။ .. ဆိုတာကို ဖတ်ရပါတယ်။
.jpeg)
(ငြိမ်းအေးအိမ်)
ခု သမိုင်းဖတ်ရင်း စိတ်ဝင်စားမိတဲ့ (ပထမအင်းဝမင်းဆက်က ၁၄ယောက်မြောက်ဘုရင်) ‘သိုဟန်ဘွား’ အကြောင်းရေးမယ် စဉ်းစားတာ၊ မရေးဝံ့တော့ဘူး။ ဘာလို့လည်း အချက်အလက် မခိုင်မာလို့လားမေးရင် ကျွန်တော်ဖတ်မိတဲ့စာမှာ သိုဟန်ဘွားနဲ့ပတ်သက်လို့ရေးရာမှာ (-အရှင်သုခမိန္ဒ(တန့်ယန်း)၊ ရှမ်းတိုင်းရင်းသားများ၏ ယုံကြည်ကိုးကွယ်မှုနှင့် ဓလေ့ထုံးစံများ၊ နှာ-၁၅၆၊ -မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃) -မင်းတရားရွေထီးနှင့်ဘုရင့်နောင်-ကေတုမတီတောင်ငူရာဇဝင်အစအဆုံး၊ -မြန်မာမင်းများအရေးတော်ပုံကျမ်း (၆) စောင်တွဲ၊ -မင်း၁၀ပါးရာဇဝင်-ဒေါက်တာမတင်ဝင်း) စာအုပ်တွေကိုကိုးကားပါသည်လို့ မှတ်ချက်ပြုထားတာတွေ့ရတယ်။ ဆိုရရင် လက်ရှိ စာနဲ့ပေနဲ့ ရှိနေတဲ့အထဲက အကြောင်းအရာတွေပဲ။ အဲသလို မှတ်တမ်းတင်ထားကြတာပဲ။ ဒါကို ဘယ်သူကမှ မဖျက်သိမ်းသေးဘူး။ ဒါပေမယ့် ဖြစ်ရပ်တွေက ပဒေဿရာဇ်ခေတ် ထုံးစံအတိုင်း ဆိုးဆိုးတွေ၊ အဲဒီတုန်းက ဘာလူမျိုး ဘယ်သူဘုရင်ဖြစ်ဖြစ် ဆိုးဆိုးဇာတ်တွေ ကခဲ့ကြတာ ချည်းပဲ။ ဒါပေမယ့် ဒီကာလမှာ တိုင်းရင်းသားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဟာ သိပ်အကဲဆတ်နေတော့၊ ဒီအကြောင်းရေးဖို့ရာ မသင့်သေးပေဘူး။ မဖြစ်ချေဘူး။ ဆိုပြီး ကလောင်တန့်သွားတော့တယ်။ နို့မဟုတ်ရင် လူမျိုးပေါင်းစုံ ဝိုင်းထွေးတဲ့ ထွေးခံကြီးဖြစ်တော့မှာ။
ခေတ်ပုံပြင် ပြောတယ်လို့ ဘာလို့ စကားလုံးကို သုံးတာလဲ။ အစက ပုံပြောတယ်လို့ သုံးမလို့ပါ။ မိမိဆိုလိုတဲဲ့ ပုံပြင်ဆိုတာက ဒဏ္ဍာရီတွေ ဇာတ်တော်လာ ပုံပြင်တွေမဟုတ်ဘဲ မျက်မှောက်ခေတ်ကို ကြည့်မြင်တဲ့ ပုံပြင်ကို ဆိုလိုတာဖြစ်ပါတယ်။ ပုံပြင်ဆိုတာ သေချာ စဉ်းစားအကွက်ချပြီး မိမိပြောချင်တာကို ဇာတ်ကြောင်းဖွဲ့ ပြောပြ ရှင်းပြတဲ့ သဘောလို့ ဆိုရင် ရတယ်မလား။ ယုံနဲ့လိပ်အပြေးပြိုင်ကြတော့ အပျင်းကြီးတဲ့ ယုန် ရှုံးရတယ်ဆိုတဲ့ ပုံပြင်ဟာ ပုံပြင်ဆရာက သေချာ ဇာတ်ကြောင်းနဲ့ နောက်ခံကားချပ်ကို ဆွဲပြီး ပြောတဲ့သဘောလိုမျိုး။ ခေတ်ပုံပြင်ဆိုတာကလည်း မျက်မှောက်ခေတ်ကို သည်လိုမျိုး ဖြစ်နေတယ် ဖြစ်နိုင်တယ် ဖြစ်လာတယ်လို့ ရွေးနုတ် တန်ဆာဆင်ပြောတာမျိုး ဖြစ်ပါတယ်။ ခေတ်ရဲ့မျက်မှောက်အခြေအနေကို ပုံပြင်လိုပြောလိုက်ရင် စာဖတ်သူတွေ မြင်လွယ် ရှင်းလွယ် နားလည်လွယ်ပါတယ်။ (မှန်တာ မမှန်တာက တပိုင်း)
.jpeg)
ယခင် မဂ္ဂဇင်း ဂျာနယ်ခေတ်၊ ၂၀၁၀ အစောပိုင်းကဆိုရင် အဲသည်လို ခေတ်ပုံပြင် အပြောကောင်းသူတဦးက ကွယ်လွန်သူ မောင်စူးစမ်း (ဦးချမ်းအေး) ဖြစ်ပါတယ်။ သူဖတ်ရတဲ့ သတင်းဆောင်းပါးတွေ သတင်းတွေကနေ သူ့အမြင်ကို သတ္တုချပြလေ့ရှိပါတယ်။ သူပြောတဲ့ ပုံပြင်တွေထဲမှာ ဟိုအတိတ်က - ချမ်းအေးစစ်တမ်းကလည်း တခုအပါဖြစ်ပါတယ်။ "ထိုစစ်တမ်း၏ အနှစ်သာရမှာ ဗကပ ဗဟို၏ ၄၈ ခုနှစ်၊ ဇန်နဝါရီလ လမ်းစဉ် ဖြစ်သော လက်နက် ကိုင်တော်လှန်ရေး လမ်းစဉ်ကို ပြန်လည် သုံးသပ်၍ လက်နက်ကိုင် လမ်းစဉ်ကို စွန့်ပြီး ပါလီမန် ဒီမိုကရေစီ နည်းအရ တိုက်ပွဲဝင်ရန် ဖြစ်သည်။ ထိုလမ်းစဉ်ကို ဗကပ ဗဟိုက လက်မခံ ပယ်ချ ခဲ့သည်။” (ဝီကီ Wiki ၏စာ)။ နောက် NLD ၁၉၉၀ ရွေးကောက်ပွဲနိုင်တုန်းကလည်း စာတမ်းရေး တင်ပြဖူးပါတယ်။ "အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဂန္ဒီ ဆုံးဖြတ်ချက် အတိုင်း လွှတ်တော် ခေါ်ယူခွင့် မရလျှင် လုပ်ဆောင် သင့်သည့် နည်းလမ်း သုံးသွယ် စာတမ်းကို တိုင်ပင် ဆွေးနွေး ရေးသား ပြုစုရာတွင် ပါဝင်ခဲ့သည့် အတွက် နဝတ စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်း ခဲ့သည်။” (ဝီကီ Wiki ၏ စာ)
မောင်စူးစမ်း၏ အတွေးတွေ ခေတ်ပုံပြင်တွေထဲက တခုကို ကောက်ပြရရင် - ဗြိတိသျှသာ မြန်မာနိုင်ငံကို မသိမ်းခဲ့လျှင် ………ဆိုတာကို သူတွေးခဲ့ပုံက သည်လိုပါ။ အချို့က မြန်မာနိုင်ငံသည် နိုင်ငံရေးအရ သမ္မတနိုင်ငံသို့ မုချ ပြောင်းလဲခဲ့ရမည်ဟူ၍ လည်ကောင်း၊ စီးပွားရေးအရ အရင်းရှင်စနစ်ထွန်းကား နေခဲ့၍ စက်မှုနိုင်ငံအဖြစ်သို့ ပြောင်းလဲနေခဲ့ရမည်ဟူ၍ လည်းကောင်း ထင်မြင်ခဲ့ကြသည်။ ဆရာမောင်စူးစမ်းသည် အရင်းရှင်စနစ်ထွန်းကား လာနိုင်သည်ကို လက်ခံသော်လည်း ထိုအရင်းရှင်စနစ်သည် ဥရောပအရင်းရှင် စနစ်နှင့် မတူနိုင်ဟု ယူဆ၏။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် အရင်းရှင်စနစ် ဖွံ့ဖြိုးထွန်းကားနေလျက် သက်ဦးဆံပိုင် ဧကရာဇ်စနစ်သည်ပင် ထွန်းကားနေခဲ့ရပေမည်ဟု ယူဆသောကြောင့်ဖြစ်သည်။ (လင့်- https://thantzinoo.net/posts/if-british-did-not-colonize-burma/ )
ဆရာ၏ ၂၀၀၉ ခုနှစ် ခေတ်ပုံပြင်တပုဒ်ကတော့ - စစ်တပ်စပွန်ဆာပေးတဲ့ ခြေဥကို လက်ခံနိုင်မလား၊ အဲသည်ကနေ နိုင်ငံရေးပါတီ ထောင်ကြမလား၊ ပြီးတော့ ဖြစ်နိုင်တာလုပ်တဲ့ နိုင်ငံရေးလမ်းဆိုတာကို ရွေးကြမလား ဆိုတဲ့ တင်ပြချက် ဖြစ်ပါတယ်။ ဒါကလည်း အငြင်းပွားစရာတွေ ဖြစ်ခဲ့ပြီး ပုံပြောသူ မောင်စူးစမ်းကတော့ သူ့တသက်တာ သူပြောချင်တဲ့ ခေတ်ပုံပြင်တွေ ပြောပြီးသာ ရပ်တည်ခဲ့ပါတယ်။ (၂၀၁၇ မှာ ဆရာကွယ်လွန်ခဲ့)

ကမ္ဘာမှာလည်း ခေတ်ပုံပြင်ပြောသူတွေ ထင်ရှားပါတယ်။ လူတိုင်းသိတဲ့ ဥပမာကတော့ သော့မတ်ဖရစ်ဒ်မန်း ဆိုတဲ့ ဆရာ။ သူ့၏ ကမ္ဘာပြားပြီး ဆိုတဲ့ ပုံပြင်ပေါင်းချုပ်က ထင်ရှားပါတယ်။ ယခုချိန်ထိ ဖရစ်ဒ်မန်း၏ သတင်းဆိုင်ရာ ခေတ်ပုံပြင်တွေကို လူတွေက တလေးတစား ဖတ်ကြတယ်။ ဈေးကွက်စီးပွားရေးမှာ အားလုံး တန်းတူဖြစ်သွားပြီဆိုတဲ့ ပုံပြင်ကို သူပြောခဲ့ပေမယ့် အခုခေတ်မှာ ဩဇာကြီးသူ၊ အရင်းရှင်ကြီးတွေ လက်ခုပ်ထဲက ကမ္ဘာဆိုတာ ဖြစ်လာပြီဆိုတော့ သူ့ပုံပြင်က နဲနဲ တော့ လွဲခဲ့တယ်လို့ ဆိုရမှာပါ။
မျက်မှောက် အီရန်နဲ့ စစ်ပွဲမှာလည်း ဖရစ်မန်းက ပြောစရာခေတ်ပုံပြင် ရှိနေသေးတာပါပဲ။ မိုးမခမှာ "သမ္မတကြီး ထရန့် ခင်ဗျား အရိုးတွေ ကိုက်နေရပြီ” ဆိုတဲ့ ဆောင်းပါးကို ဘာသာပြန် တင်ဆက်ပေးဖူးပါတယ်။ အစ္စရေးဟာ သည်အတိုင်းဆို ကျဆင်းနေပြီ။ လက်ယာစွန်းတွေဟာ အခြေအနေမကောင်းဘူး စတဲ့ ခေတ်ပုံပြင်တွေ သူရေးလေ့ရှိပါတယ်။
သူရေးခဲ့တာ ကောက်ပြရရင် - ထရမ့်ထောက်ခံသူတွေက ကိုယ့်ကိုယ်ကိုယ်လည်း မလှည့်စားသင့်သလို မဟာမိတ်တွေကိုလည်း မလှည့်စားသင့်ဘူး။ အဲဒီအောင်မြင်မှုတွေရခဲ့ရင်တောင် အကျိုးဆက်အနေနဲ့ — ကမ္ဘာ့အဆိုးရွားဆုံး အစိုးရတစ်ခု (အီရန်) ကို အသက်ပြန် (သွင်း) ပေးလိုက်ရမယ်၊ ကမ္ဘာ့ရေနံထောက်ပံ့မှုအပေါ် အမြဲတမ်း လည်ပင်းညှစ်နိုင်တဲ့ အာဏာတစ်ခု ပေးလိုက်ရမယ်၊ နောက်ပြီး ဒေသတွင်း မတည်ငြိမ်မှုတွေ ဆက်လုပ်နိုင်ဖို့ အရင်းအမြစ်တွေ ပေးလိုက်ရမယ်။ ဒါကြောင့် ကျွန်တော့်ကို “ဒါက ကျောက်ပုစွန်ဟင်းကြီး” ဒါမှမဟုတ် “အမဲသားဟင်းအကောင်းစားတွေ” လို့ မပြောပါနဲ့။ (မိုးမခ)

ဖရစ်ဒ်မန်းလို ပုံပြောကောင်းတဲ့ ကိုကိုတဦးကတော့ - အစ္စရေးက စာဟောဆရာ၊ ပါမောက္ခ၊ Yuval Noah Harari ယူဗယ် နိုအာ ဟာရာရီ ဖြစ်ပါတယ်။ လူ့သမိုင်းကြောင်းတခုလုံးကို ပုံပြင်သဖွယ် ရေးပြခဲ့လို့ ထင်ရှားပါတယ်။ စာအုပ်နာမည်ကတော့ - Sapiens (၂၀၁၁): လူသားမျိုးနွယ်အစ ကျောက်ခေတ်မှ ယနေ့ခေတ်အထိ ဖြတ်သန်းလာခဲ့သော လူသားသမိုင်းကြောင်းကို တစ်မူထူးခြားစွာ တင်ပြထားသည့် ကမ္ဘာကျော် စာအုပ်ဖြစ်သည်။ (ဂူးဂဲ)
သူပြောတဲ့ ပုံပြင်တွေထဲမှာ လူတွေက လေးဘက်ထောက်နေရာကနေ မတ်တပ် ထရပ်လိုက်လို့ သတ္တဝါတွေအပေါ် နိုင်စိုးနိုင်တာလို့ ကောက်ချက်ဆွဲတာမျိုး၊ (မတ်တပ်ရပ်တာ သိပ်တော့ မကောင်းဘူးတဲ့။ ကျန်းမာရေးတော့ ချို့တဲ့လာသတဲ့၊ ခါးနာတတ်လာလို့ တဲ့)။ အရင်းရှင် စိတ်ဓာတ်တွေက လူတွေကို စိုးမိုး ချုပ်ကိုင်နေတာမျိုး။ ပိုက်ဆံကို တီထွင်လိုက်တာ၊ ဘာသာရေးကို တီထွင်လိုက်တာတွေဟာ လူတွေကို ဖိနှိပ်လိုက်တဲ့ တီထွင်မှုတွေလို့ သူက သုံးသပ်ပါတယ်။ ဂျုံကိုပဲ အားလုံးစားအောင် လူတွေကို ပုံစံသွင်းထားတယ် … တို့၊ အချိုကြိုက်အောင် လုပ်ပြီး လူတွေကို ဈေးကွက်က ထိန်းချုပ်ထားတယ်လို့ နားထောင်ကောင်းအောင် ရေးပြတာတွေ ထင်ရှားပါတယ်။ "ဂျုံကြောင့် လူသားများသည် ကျန်းမာရေး ပိုမိုဆိုးရွားလာပြီး၊ အလုပ်ချိန် ပိုမိုရှည်ကြာလာကာ လွတ်လပ်မှုများ ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။" (ဂူးဂဲ)
ဟာရာရီက အခုခေတ်ရဲ့ ပုံပြင်တွေကို ပြောတဲ့နေရာမှာ ဩဇာလွှမ်းသူ ဖြစ်ပါတယ်။ အခုဆိုရင် သူက အေအိုင်နဲ့ ပတ်သက်ပြီး ခေတ်ပုံပြင်တွ ပြောနေပါပြီ။ အေအိုင်က လူတွေကို hack လုပ်လိုက်ပြီ။ လူတွေကို စီးမိသွားပြီလို့ သူက ပြောပါတယ်။ သူ၏ နောက်ဆုံးပေါ် ဟောကိန်း သို့မဟုတ် ပုံပြင်ကို ကောက်နုတ်ပြရရင်

ဒေတာဝါဒ (Dataism)
နည်းပညာခေတ်တွင် ဖြစ်လာမည့် ဘာသာရေးအသစ်တစ်ခုအဖြစ် ၎င်းက တင်ပြထားသည်။စကြဝဠာတစ်ခုလုံးကို ဒေတာစီးဆင်းမှု (Data Flows) အဖြစ်သာ မြင်ပြီး၊ သက်ရှိသတ္တဝါအားလုံးကို ဇီဝဗေဒဆိုင်ရာ အယ်လ်ဂိုရီသမ် (Biometric Algorithms) များအဖြစ် ရှုမြင်လာကြသည်။
နောင်တွင် ဘုရားသခင် သို့မဟုတ် လူသား၏ ခံစားချက်များထက် Google သို့မဟုတ် AI ၏ အယ်လ်ဂိုရီသမ်များက လူသားတို့၏ ဘဝကို ပိုမိုဆုံးဖြတ်ပေးလာလိမ့်မည်။
အသုံးမဝင်သော လူတန်းစား (The Useless Class)
ဉာဏ်ရည်တု (AI) နှင့် စက်ရုပ်နည်းပညာများကြောင့် အနာဂတ်တွင် လူသားများ ကြုံတွေ့ရမည့် အန္တရာယ်ကြီးတစ်ခုဖြစ်သည်။စက်မှုတော်လှန်ရေးတုန်းက ကာယလုပ်သားများ နေရာတွင် စက်ပစ္စည်းများ အစားထိုးခဲ့သော်လည်း ဝန်ဆောင်မှုကဏ္ဍ အသစ်များ ပေါ်ပေါက်လာခဲ့သည်။
သို့သော် AI တော်လှန်ရေးတွင် AI က ကာယရော ဉာဏပါ သာလွန်သွားနိုင်သဖြင့် လူသန်းပေါင်းများစွာသည် အလုပ်လက်မဲ့ဖြစ်ရုံတင်မကဘဲ စီးပွားရေးနှင့် နိုင်ငံရေးအရပါ "လုံးဝအသုံးမဝင်တော့သော လူတန်းစား" ဖြစ်သွားနိုင်သည်ဟု သတိပေးထားသည်။
ဒါတွေက ခေတ်ပုံပြင်ပြောသူတွေ ကမ္ဘာမှာ လိုအပ်တယ်လို့ ပြချင်တာပါ။ ခေတ်၏ ရေစီးအတိုင်း မြောပါနေကြတော့ ကိုယ့်ကိုယ် ဘယ်လမ်းဘယ်ခရီး ဘယ်သောင် ဘယ်ကမ်း ဆိုက်မယ် မသိဘဲ သတိလက်လွတ်ဖြစ်တတ်ကြပါတယ်။ ဒါကို ခေတ်ပုံပြောသူတွေက မိမိတို့ ကိုယ်ပိုင်အမြင်တွေနဲ့ လူတွေကို လှုပ်နိုးတယ်။ စဉ်းစားခန်း ဝင်စေတယ်။ ဆင်ခြင်မှုဆီ တွန်းပို့ပါတယ်။
.jpeg)
အာရှမှာ ထင်ရှားတဲ့ ခေတ်ပုံပြင်ဆရာကတော့ - တရုပ်ပြည်က ကျောင်းဆရာ - ဂျန်ရွှေးချင် (Jiang Xueqin) ဖြစ်ပါတယ်။ ထရန့်သမ္မတဖြစ်ပြီးနောက် သူ့လက်ချာတွေ ပုံပြင်တွေက ထင်ရှားလာတယ်။ အနောက်ဆန့်ကျင်ရေး၊ တရုတ်၏ ဝါဒ အမွှန်းတင်ရေးလမ်းကြောင်းကနေ ဟောကိန်းတွေ ဝေဖန်ချက်တွေဟာ အများအာရုံစိုက်ရသူ ဖြစ်လာပါတယ်။ အွန်လိုင်းမှာ မြန်မာတွေ အတော်ကြည့်ကြတယ်။ ယူကရိန်းစစ်၊ အစ္စရေးစစ်၊ အီရန်စစ်တွေမှာ သူ့ဟောကိန်းတွေ သူ့ပုံပြင်တွေက အတော် လူကြိုက်များပါတယ်။ အမေရိကန် ကျဆုံးချိန်၊ အစ္စရေးလက်ယာစွန်းတွေ ခေါင်းထောင်ချိန်၊ အရင်းရှင်၏ ဗဟိုချက်အရွေ့ဟာ အရှေ့အလယ်ပိုင်းဒေသဖြစ်တယ်။ အပြိုင်အဆိုင်တွေက အာရပ်တွေနဲ့ အစ္စရေးတွေ ကြားက တိုက်ပွဲတွေပဲလို့ သူက ကောက်ချက် ဆွဲပါတယ်။
အွန်လိုင်းတွင် "Professor Jiang" ဟု လူသိများသည့် တရုတ်-ကနေဒါလူမျိုး ပညာရေးပြုပြင်ပြောင်းလဲရေးသမား၊ ကမ္ဘာ့ပထဝီနိုင်ငံရေးလေ့လာဆန်းစစ်သူနှင့် YouTube ပေါ်တွင် အလွန်ရေပန်းစားနေသည့် "Predictive History" ချန်နယ်ကို တည်ထောင်သူ ဖြစ်ပါသည်။ သူသည် သမိုင်းဖြစ်ရပ်များ၊ ဂိမ်းသီအိုရီ (Game Theory) များနှင့် Isaac Asimov ၏ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုလာ "Psychohistory" အယူအဆများကို ပေါင်းစပ်ပြီး ရှေ့ဖြစ်ဟောပကတ္တိပြုသည့် ကမ္ဘာ့ပထဝီနိုင်ငံရေးဟောကိန်းများကြောင့် ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်များအတွင်း တစ်ကမ္ဘာလုံး၌ ပိုမိုဗိုင်းရယ် (Viral) ဖြစ်လာခဲ့သူ ဖြစ်သည်။ (Wiki)
အမေရိကန်ရွေးကောက်ပွဲ: ဒေါ်နယ်ထရမ့် ပြန်လည်အနိုင်ရရှိမည်ကို ကြိုတင်ဟောကိန်းထုတ်ခဲ့ခြင်း။ အီရန်နှင့် တင်းမာမှု: အမေရိကန်သည် အီရန်နိုင်ငံနှင့် စစ်မက်ဖြစ်ပွားလာနိုင်ကြောင်း သမိုင်းဖြစ်ရပ်များနှင့် ချိန်ထိုး၍ ၎င်းက တွက်ချက်ပြခဲ့သည်။ [Wiki] အမေရိကန်က အီရန်ကို ရှုံးလိမ့်မယ်လို့တောင် ပြောထားသူ ဖြစ်ပါတယ်။
သူ့ဟောပြောချက်တွေကို ကောက်ပြရလျင် -
အမေရိကန်နှင့် Petrodollar: အမေရိကန်သည် ၎င်း၏ ဒေါ်လာငွေကြေးစနစ် (Petrodollar) ကို ဆက်လက်ထိန်းသိမ်းရန်အတွက် အရှေ့အလယ်ပိုင်း ဒေသအပါအဝင် ကမ္ဘာ့အဓိက ရေကြောင်းကုန်သွယ်ရေး Choke Points (ရေလက်ကြားများ) ကို စစ်ရေးအရ ထိန်းချုပ်ရန် ကြိုးပမ်းနေသည်ဟု သူက ရှင်းပြပါတယ်။
အနောက်ကမ္ဘာ ယိုယွင်းလာခြင်း (The West's Civilizational Collapse): အနောက်နိုင်ငံများတွင် "Elite Overproduction" (အထက်တန်းလွှာ လူတန်းစားများပြားလာပြီး အာဏာလုကြခြင်း) ကြောင့် လူမှုအဖွဲ့အစည်းများ ပြိုကွဲပျက်စီးခြင်းဆီသို့ ဦးတည်နေသည်ဟု ရှုမြင်ပါတယ်။
ကမ္ဘာ့စနစ်သစ် (New World Order): လက်ရှိ အင်ပါယာဟောင်းများ ဆုတ်ယုတ်လာပြီး အမေရိကန်၊ တရုတ်၊ ရုရှားနှင့် အီရန်တို့အကြား အားပြိုင်မှုများမှတစ်ဆင့် တစ်ကမ္ဘာလုံးဆိုင်ရာ အင်အားချိန်ခွင်လျှာစနစ်သစ် (Balance of Power) တစ်ခု ပေါ်ပေါက်လာလိမ့်မည်ဟု ၎င်းက ဆိုပါတယ်။
ကဲ ပရိတ်သတ်ကြီး … ကမ္ဘာမှာ ခေတ်ပုံပြင်ဆရာတွေ အများအပြားရှိပါတယ်။ အဲသည်ထဲက အချို့ကို ကောက်နုတ်ပြတာပါ။ လက်ရှိ ခေတ်ပြိုင်မြန်မာတွေထဲမှာ ပုံပြောဆရာတွေ မရှိဘူးလား။ သူတို့လို ခေတ်ပုံပြင်ကို သမိုင်းအမြင် ကိုယ်ပိုင်အမြင်နဲ့ တင်ပြသူတွေ ရှိပါတယ်။ သို့သော် အများကြီးတော့ မရှိသေးဘူး။ ဥပမာ တခု ပြရင် - ကိုယ့်မီဒီယာ ကိုယ်အမွှန်းတင်သလိုတော့ ဖြစ်နေမယ်။ ခွင့်လွတ်ပါ။

မြန်မာနွေဦးခရိုနီကယ် မိုးမခနေ့စဉ် ဆောင်းပါးများဟာ မြန်မာ့လက်ရှိမြင်ကွင်းကို နေ့စဉ် ပုံပြင်သဖွယ် ပြန်ရေး ပြန်ပြောနေတာပါပဲ။ မျက်မှောက်အဖြစ်အပျက်၊ အတိတ်ကားခြပ် နဲ့ မိမိ အမြင်အထင် သဘောထားကို ပေါင်းဖက်ပြီးတော့ စာဖတ်ပရိသတ်တွေကို နေ့စဉ် တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။
အဲသည်ထဲက ကောက်ချက်လေးတခုကို ပြန်ဖော်ပြရရင် -
ရှစ်လေးလုံးအရေးတော်ပုံက စစ်အာဏာရှင်စနစ်နဲ့ အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရကို မဖြုတ်ချ၊ မဖယ်ရှားနိုင်ခဲ့ပါဘူး။ သို့ပေမယ့် နိုင်ငံရေးပါတီ၊ အင်အားစု၊ ABSDF လက်နက်ကိုင် အဖွဲ့၊ DAB, NGUB စတဲ့အဖွဲ့အစည်းတွေကို ပေါ်ထွက်လာခဲ့စေတာ ဖြစ်ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံက စစ်အာဏာရှင်စနစ်ကို အမြစ်မဖြတ်နိုင်ခဲ့ခြင်းဟာ တဖွဲ့ချင်း၊ လူပုဂ္ဂိုလ်တဦးချင်းရဲ့ အစွမ်းအစ၊ စွမ်းဆောင်နိုင်ရည် ဆိုတာထက် မြန်မာ့နိုင်ငံရေး သမိုင်းအဖြစ်အပျက်တွေရဲ့ အကျိုးဆက်၊ အတိတ်သမိုင်းဖြစ်ရပ်တွေအရ စစ်တပ်ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ နိုင်ငံရေးနဲ့ စစ်ရေးအင်အားစုတွေ တခုနဲ့တခုအကြား မယုံကြည်မှု၊ မပူးပေါင်းနိုင်မှုတွေ ကြောင့်လို့လည်း ကောက်ချက်ချနိုင်ပါတယ်။ (မိုးမခ)
သည်လိုမျိုး ပုံပြောတာလည်း ရှိပါတယ်၊ ဥပမာ -
သဘာဝသစ်တောတွေကို အကန့်အသတ်မရှိ ခုတ်ယူကြတာ၊ ကျောက်မျက်၊ သတ္တု နဲ့ ရွှေတူးတာ၊ ယန္တရားတွေနဲ့ တောတောင်၊ မြစ်ချောင်းတွေမှာ ရွှေကျင်တူးဖော်ကြတာတွေကို လုပ်ကိုင်ကြသူတွေ၊ ဒီလိုလုပ်ပိုင်ခွင့်အတွက် ခွင့်ပြုပေးပြီး ငွေကြေးရယူခဲ့ကြတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအနေနဲ့ အခုလို သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာ တိုက်ရိုက်ခံစားကြရခြင်း မရှိပါဘူး။ သယံဇာတထုတ်ယူတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေ အနေနဲ့ ငွေကြေးတတ်နိုင်တာကြောင့် သဘာဝဘေးကျရောက်တဲ့နေရာတွေမှာ နေထိုင်ကြတာမျိုးမဟုတ်ဘဲ မြို့ကြီးပြကြီးတွေနဲ့ သဘာဝဘေးနဲ့ လွတ်ကင်းတဲ့ နေရာတွေမှာ ရွှေ့ပြောင်းနေထိုင်နိုင်ကြတဲ့ အခြေအနေရှိတဲ့ အနေအထားဖြစ်ပြီး သဘာဝဘေးအန္တရာယ်ကို ခံစားကြရသူတွေက အခုလို သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအတွက် တာဝန်မရှိကြတဲ့ သာမာန်ပြည်သူလူထု ဖြစ်ပြီး တနေ့လုပ် တနေ့စား အနေအထား၊ စစ်ပွဲတွေကြား အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ထိခိုက်ပျက်စီးနေတဲ့ကြားမှာ သဘာဝဘေးအန္တရာယ်ကို ထပ်ဆင့်ခံစားကြရတာ ဖြစ်ပါတယ်။ (မိုးမခ)
သည်လိုမျိုးတွေ မှတ်ချက်ပေးတာတွေဟာ မိုးမခ၏ နွေဦးခရိုနီကယ်က ခေတ်ပုံပြင် ပုံဖော်ချက်တွေ ဖြစ်ပါတယ်။
ခေတ်ပုံပြင်တွေ ရေးတတ်သူ ခေတ်ပြိုင်တွေကို ပြောရရင် နေသွင်ညိဏ်း၊ အောင်သူငြိမ်း နဲ့ မင်းဇင်တို့ကို တခုတ်တရ ထုတ်ပြချင်ပါတယ်။ သူတို့က အချိန်ပေး လေ့လာ ဖတ်ရှုပြီး စိတ်ကို စိုက်ထုတ် ရေးသားတာမျိုးတွေမို့ စာဖတ်သူတွေအတွက် မှတ်သားစရာ စဉ်းစားစရာတွေ ဖြစ်တဲ့ ပုံပြင်တွေ ထားရစ်ပါတယ်။

(နေသွင်ညိဏ်း)
သူ့တဦးချင်းအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက်သူ ဖြစ်ပါတယ်။ တခါမှာ စကော့အေ ဟန့်ဒ် ( Scott A. Hunt) ဆိုတဲ့ စာရေးဆရာက ဒေါ်အောင်ဆန်းစုကြည်ကို မေးတယ်။ လွတ်လပ်မှုကို ဘယ်လို သဘောထားလဲ။ ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေတယ်။ ‘ ကျမ သွားချင်ရာ မသွားရဘူး။ တွေ့ချင်တဲ့လူနဲ့ မတွေ့ရဘူး။ ဒါကို မလွတ်လပ်ဘူးလို့ ဆိုရမယ်။ ဒါပေမယ့် ဒါတွေက ကျမအတွက် သိပ်အရေးမကြီးလှပါဘူး။ သူတို့တွေ ကျမကို အိမ်ချုပ်ချလည်း ကျမက သိပ်စိတ်မပူပါဘူး။ ရုပ်ပိုင်းဆိုင်ရာ လွတ်လပ်မှုဆိုတာ ကျမအတွက်တော့ သိပ်အရေးမကြီးလှပါဘူး။ ‘ ဒေါ်အောင်ဆန်းစုကြည်အတွက် အရေးကြီးတာက သူ့တကိုယ်စာ လွတ်မြောက်ရေးမဟုတ်ပါဘူး။ ပြည်သူအများလွတ်မြောက်ရေး။ အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး၊ အကြောက်တရားမှ လွတ်မြောက်ရေး၊ အဂတိလေးပါးစတဲ့ အကုသိုလ်အမှုတို့မှ လွတ်မြောက်ရေး ဖြစ်ပါတယ်။ (မိုးမခ)

(အောင်သူငြိမ်း)
ကျနော်ထင်တာ ကျနော်တို့ ၈၈၈၈ (၈ လေးလုံး) လှုပ်ရှားမှုက ပြီးသွားပြီ။ သက်တန်းကုန်သွားပြီ။ ကျနော်နဲ့ သဘောမတူ ငြင်းကြမယ့် သူတွေ ရှိနိုင်ပါတယ်။ ကျနော်တို့က ပေါင်းစည်းမိခြင်းအဆင့် ရောက်တယ်။ ဗျူရိုကရေစီ ဖွဲ့စည်းမိခြင်း နည်း နည်း ဖြစ်ခဲ့တယ်။ တောထဲမှာ ABSDF ဖြစ်လာတယ်။ မြို့ပေါ်မှာ လူ့ဘောင်သစ်ပါတီ၊ NLD၊ ၈၈ ငြိမ်းပွင့်၊ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီ စသည်ဖြင့် တစုံတရာ ဗျူရိုကရေစီ ဖွဲ့စည်းမှုဖြစ်ဖို့ ကြိုးစားခဲ့ကြတယ်။ ၂၀၂၆ ခုနှစ် (၈ လေးလုံး ၃၈ နှစ်ကြာ လာတော့) ပြီးသွားပြီလို့ ထင်မိတယ်။ မြန်မာအစိုးရဖက်ခြမ်းကို ကြည့်ရင် ၈၈ မျိုးဆက်လို့ ပြောသူတွေထဲက နေရာရတာ ဦးကိုကိုကြီး ရှိမယ်၊ ကိုဇော်ဦးရှိမယ်။ စစ်အုပ်စုဖက်က ကြိုက်လို့ ခေါ်သုံးတာ။ ၈၈ မျိုးဆက်ထဲက ရွေးကောက်ပွဲနိုင် နေရာရသူ အနည်းအကျဉ်း ရှိနိုင်တယ်။ အတိုက်အခံ NUG ဖက်ကရော၊ သုံးတာ လူနည်းနည်းပဲ။ ကိုမင်းကိုနိုင်ရှိမယ်။ ကိုအောင် မျိုးမင်း ရှိမယ်။ ဒီလောက်ပါပဲ။ ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်၊ ကိုမိုးသီးဇွန်တို့လည်း သူတို့ဘာသာ လမ်း လျှောက်နေကြတာပဲ။ ဒီကြားထဲ ကျနော်တို့ အပါအဝင် အဖိုးကြီးလေးတွေ ဖြစ်ကုန်ကြပြီ၊ သေတဲ့သူသေ၊ နာတဲ့သူနာ ကုန်ကြ ပြီ။ ဒါပေမယ့် ၈ လေးလုံး အသီးအပွင့်တွေကို သိမ်းကြုံးယူသွားသူ တဦးတော့ရှိတယ်။ ထားတော့။

(မင်းဇင်) (ယခု တရုတ်အစိုးရက မတရားဖမ်းဆီးထားသည်
လူမှုရေးမှာ၊ နိုင်ငံရေးမှာ၊ လုပ်ငန်းခွင် မှာ လိုအပ်ချက်တွေ များနေပါရက်နဲ့ (တောင်လောက်ကြီးတဲ့ ခန္ဓာကိုယ်၊ သုံးဂါ၀ုတ်လောက်ကြီးတဲ့ ခန္ဓာကိုယ်အကြီးကြီးဖြစ်ပါရက်နဲ့) အဆုံးအမ၊ အကြံဉာဏ်ကောင်းနဲ့ ပညာသင်ခန်းစာဆည်းပူးရေး အခွင့်ကောင်းတွေ (လိုအပ်တဲ့ အစာအာဟာရ) ကို လက်ခံယူနိုင်လောက်အောင် ပါးစပ်ပေါက်မကျယ်တဲ့၊ ခံယူနိုင်စွမ်းမရှိတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတွေအထိကို ကြုံဖူး မြင်ဖူးခဲ့ပါတယ်။ ကိုယ်တိုင်လည်း အမြဲမဟုတ်တောင် ယန်းဓာတ် ငယ်ထိပ်ရောက်လို့ မာန်မာနတက်ပြီး တခါတလေ ဖြစ်ဖူးခဲ့သားလို့ ပြန်ဆင်ခြင်မိပါတယ်။ အပြစ်မြင်တာထက် ငါ နောင်မဖြစ်အောင်နေရမယ်၊ ငါ့အဖွဲ့ အစည်းနဲ့ ငါနိုင်ငံမှာလည်း နာမ်အာဟာရကို မြင်ပါရက်နဲ့ မသုံးဆောင်နိုင်တဲ့ ပြိတ္တာမျိုးမဖြစ်အောင် ခံယူနိုင်စွမ်းကို၊ ယင်ဓာတ်ကို အားဖြည့်ရမယ်လို့ ကိုယ်ကိုယ်ကိုယ် သတိပေးမိပါတယ်။ မင်္ဂလသုတ်မှာလာတဲ့ သောဝစဿတာ၊ မေတ္တသုတ်မှာလာတဲ့ သုဝစော စဿတွေရဲ့ အနက်ဟာ ဆိုဆုံးမလွယ်ကူသူဖြစ်ဖို့ပါပဲ။
သူတို့အကြောင်းက ဘယ်လို၊ သူတို့ရေးတာက ဘယ်ပုံ ဆိုတာတွေ ဖွင့်မရေးတော့ပဲ သူတို့ရေးတဲ့စာတွေထဲက သူတို့ပြောချင်တဲ့ ခေတ်ပုံပြင်တပိုင်းတစလေးတွေ ကောက်နုတ်ပေးလိုက်ပါတယ်။ သူတို့အားလုံးက ပြည်ပရောက်နေသူတွေ ဖြစ်ပြီး ၈၈ မျိုးဆက်နဲ့ ၈၈ နှောင်းပိုင်းမျိုးဆက်တွေ ဖြစ်ပါတယ်။ သူတို့ဖြတ်သန်းမှုတွေက ပြည်တွင်း၊ ပြည်ပြေး၊ ပြည်ပ ဘ၀စုံကြတော့ သူတို့ အတွေးအမြင်တွေက စောင့်ကြည့်ရတဲ့ စာတွေ ခေတ်ပုံပြင်တွေလို့ ဆိုရမှာပါ။
ကဲ … ဒါဆိုရင် ယခုခေတ် နွေဦးအကြိုနဲ့ နွေဦးကာလ မျိုးဆက်သစ်ထဲက ခေတ်သစ်ပုံပြောဆရာတွေ ရှိလာပြီလား။ ပြည်တွင်းမှာ အရေအတွက် အနည်းငယ်တော့ ရှိလာပါပြီ။ ပြည်တွင်း စာနယ်ဇင်းနဲ့ လွတ်လပ်ခွင့် ဆိပ်သုဉ်းနေချိန်မို့ သူတို့၏ ဆင်ခြင်ထိန်းသိမ်းသော အရေးအသားတွေကို ဆက်လက် စောင့်မျှော် ဖတ်ရှုဖို့ ၊ အချိန်ယူဖို့ လိုပါဦးမယ်။ မိမိရေးတဲ့အထဲမှာ ကျန်ရစ်ခဲ့သူတွေ ရှိပါဦးမည်။ လောလောဆယ် ခပ်သွက်သွက်လေး ရေးလိုက်ရလို့ပါ။
ဆိုရှယ်မီဒီယာခေတ်၊ သတင်းတု သတင်းယောင်ခေတ်၊ အေအိုင်နဲ့ ဖန်တီးတဲ့ အချက်အလက်လွှမ်းမိုးနေတဲ့ ခေတ်မှာ အထက်က ဖော်ပြခဲ့တဲ့ ခေတ်ပုံပြင် ပြောသူများ လိုအပ်လျက် ရှိပါတယ်။ သူတို့ ပြောတဲ့ပုံပြင်တွေကနေ ကြည့်ရှု နားလည် စဉ်းစားဆင်ခြင်ရတဲ့ လောကကြီးကို ကျနော်တို့ ဖတ်ချင်ပါတယ်၊ မျော်ကြည့်ချင်ပါတယ်။
(မောင်ရစ်)
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar