Thursday, September 3, 2026

နိုင်မွန်အောင်သွင် - ဒုက္ခကောင်

Art- NA
 
ဒုက္ခကောင်
နိုင်မွန်အောင်သွင် 
(မိုးမခ)စက်တင်ဘာ ၃၊ ၂၀၂၆


ဒုက္ခကောင်
မြွေပွေးတွေလိုပဲ
အကောင်လိုက်ပေါက်တဲ့ကောင်။
ဦးခေါင်းခွံထဲ
ပြဿဒါးတွေချည်းပဲ။
လက်ညှိုးညွှန်ရာ
ပြဿနာတွေချည်းပဲ။
ငရဲပြုံးက
မျက်လုံးထဲမှာနေသားတကျ။
မထူးဇာတ်ထဲမှာ
မိုးခါးရေမျောသွားပုံဟာ မလှမပ။
အကုသိုလ်ကအကျိုးပေးသန်နေမှတော့
အကုသိုလ်တွေနဲ့ပဲ 
မိုးတိမ်များပမာ အုပ်စုဖွဲ့ပေါ့။
ဒုက္ခရိပ်မှာ
ချစ်ခြင်းမေတ္တာဟာ
မိုးခိုလည်း မိုးစိုခံနေရပါတယ်။
ဒီနေ့ ဘာသတင်းမှမထူးသေးဘူး။
ဒုက္ခကောင်ဟာ အတောင်ပေါက်လာလေဦးမလား။

၂.၉.၂၀၂၆ 
 -
Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar