ဆလိုင်းဇုန် - ပတ်လမ်း
ပတ်လမ်း
ဆလိုင်းဇုန်
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၂၆
ငါ့ရဲ့ ဒီဂရီအစွန်းနားမှာ
မင်းရဲ့ ပုံရိပ်တချို့ကို ဖမ်းမိခဲ့တယ်
တကယ်တော့
ငါတို့က ၄၅ ဒီဂရီ စောင်းနေတဲ့ ရပ်ဝန်းတဖက်ဆီမှာ
သိမ်းငှက်တစ်ကောင်နဲ့
ပိုဆမ်တွေလမ်းမပေါ် အများကြီးပဲ
လမ်းမက အပြစ်လား
အသက်များက ကားဘီးအောက်မှာ
အတုံးအရုန်း … တဖြုတ်ဖြုတ် …
ဆာလောင်ခြင်းဟာ အသက်ကိုမွေးဖို့
ဖြည့်ဆည်းခြင်းက အသက်ဓာတ်များ
မဆန်းဘူးပေါ့
သူလူ ကိုယ်လူပဲ
ဇိမ်ခံကားပြတင်းက
ဆေးလိပ်ပြာခြွေချဖူးချင်တယ်
ဒီမှာပဲ ဆုံမှတ်ကပွတ်တိုက်မှု
တစ်ဖက်က အသက်ကိုခြိမ်းခြောက်
တစ်ဖက်မှာ အသက်ကိုပေးအပ်
ဒီမြေကမ္ဘာက အမွေတစ်ခုလို …
သေနတ်ပစ်တမ်းကစားတဲ့အရွယ်တုန်းက
သေနတ်ပစ်တဲ့ဂိမ်းတွေ မကစားခဲ့သင့်ဘူး …
ခွန်တောင်းကိုကျိုက်
ကွင်းပတ်လည်ပြေး ဘောလုံးကန်ခဲ့သင့်တာ
ပါဝါဟာ တဖြည်းဖြည်းတက်
မျက်လုံးပဲ မွဲလာခဲ့သလား
ကျွန်သွေးတက်နေခဲ့သလား …
စနစ်တွေကသတ်တဲ့ ဓားသွားစက်တွေ …
အဲ့ဒါကို တပျော်တပါး …
လောကကြီးက တရားပါတယ်ပေါ့
ဓားအောက်က လွတ်ထွက်ဖို့ပြင် …။ ။
19 September 2026
ဆလိုင်းဇုန်
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၂၆
ငါ့ရဲ့ ဒီဂရီအစွန်းနားမှာ
မင်းရဲ့ ပုံရိပ်တချို့ကို ဖမ်းမိခဲ့တယ်
တကယ်တော့
ငါတို့က ၄၅ ဒီဂရီ စောင်းနေတဲ့ ရပ်ဝန်းတဖက်ဆီမှာ
သိမ်းငှက်တစ်ကောင်နဲ့
ပိုဆမ်တွေလမ်းမပေါ် အများကြီးပဲ
လမ်းမက အပြစ်လား
အသက်များက ကားဘီးအောက်မှာ
အတုံးအရုန်း … တဖြုတ်ဖြုတ် …
ဆာလောင်ခြင်းဟာ အသက်ကိုမွေးဖို့
ဖြည့်ဆည်းခြင်းက အသက်ဓာတ်များ
မဆန်းဘူးပေါ့
သူလူ ကိုယ်လူပဲ
ဇိမ်ခံကားပြတင်းက
ဆေးလိပ်ပြာခြွေချဖူးချင်တယ်
ဒီမှာပဲ ဆုံမှတ်ကပွတ်တိုက်မှု
တစ်ဖက်က အသက်ကိုခြိမ်းခြောက်
တစ်ဖက်မှာ အသက်ကိုပေးအပ်
ဒီမြေကမ္ဘာက အမွေတစ်ခုလို …
သေနတ်ပစ်တမ်းကစားတဲ့အရွယ်တုန်းက
သေနတ်ပစ်တဲ့ဂိမ်းတွေ မကစားခဲ့သင့်ဘူး …
ခွန်တောင်းကိုကျိုက်
ကွင်းပတ်လည်ပြေး ဘောလုံးကန်ခဲ့သင့်တာ
ပါဝါဟာ တဖြည်းဖြည်းတက်
မျက်လုံးပဲ မွဲလာခဲ့သလား
ကျွန်သွေးတက်နေခဲ့သလား …
စနစ်တွေကသတ်တဲ့ ဓားသွားစက်တွေ …
အဲ့ဒါကို တပျော်တပါး …
လောကကြီးက တရားပါတယ်ပေါ့
ဓားအောက်က လွတ်ထွက်ဖို့ပြင် …။ ။
19 September 2026
* ပိုဆမ်- မြေသွားတိရစ္ဆာန်ငယ်တမျိုး
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
