Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၃၄)

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၃၄)

မိုးမခ ၊ အောက်တိုဘာ ၂ ၊ ၂၀၂၆ 

  

ခွေးပုက မှန်ကြည့် ဗျူးတယ်ဆိုတော့ Snow White ထဲက စုန်းမကြီးလို "Mirror... mirror... who is the most beautiful?" ဖြစ်ပြီပေါ့။

စုန်းမကြီးက Magic mirror ကို မေးတယ်လေ၊ "လောကမှာ ဘယ်သူ အလှဆုံးလဲ" ဆိုတော့ 'အရှင်မပါ' ဆို သဘောတွေကျ၊ Snow White ပေါ်လာတော့ လိုက်သတ်ခိုင်းတာပေါ့။

ရုပ်ရှင်တွေမှာဆို မှန်ပါရင် Psychopath ဒါမှမဟုတ် Ghost တွေပါတယ်။ ရုပ်ရှင်တိုင်း အရူးမပါပေမယ့် အရူးတိုင်း မှန်ကြိုက်ကြတယ် မဟုတ်လား။

ခွေးစုန်းကြီးကို ဗျူးတော့ အချိန်ပြည့် လက်မနှစ်ချောင်းကို အဝိုင်းလုပ်နေတယ်။ ဒါဟာ ငယ်စဉ်ကတည်းက Trauma ကောင်းကောင်းရလာတဲ့ စိတ်တခြမ်းပဲ့တွေရဲ့ လက္ခဏာလေ။ ငယ်ငယ်က အနိုင်ကျင့်ခံခဲ့ရရင်၊ မိဘရိုက်တာ ရှယ်ခံခဲ့ရရင် ကြီးလာတော့ ကိုယ် သေချာပေါက် နိုင်တဲ့သူနဲ့ ကိုယ့်စိတ်အဆာကို ပြန်ဖြေတာမျိုး လုပ်တတ်ကြသူတွေလေ။ ငယ်ငယ်က လူစဉ်မမီ လူတောမတိုးရင်လည်း ဖြစ်တတ်တယ်။

အဲဒီလို စိတ်ကျပ်မပြည့်အကြောင်း ကောင်းကောင်းသိတဲ့ တိုင်းမ်မဂ္ဂဇင်း (Time Magazine) က အရူးကြောနှိပ်လိုက်တော့ မှန်ကြီး သယ်လာပြီး "ကျနော် အရူးပါဗျို့" ဆိုပြီး ထွက်အူရတော့တာပေါ့။

မျက်နှာရွှင် လေသံလေးနဲ့ "ခင်ဗျားတို့ စာအုပ်တွေ ဖတ်ပါတယ်၊ ဖတ်နေကြပေါ့နော်" ဆိုပြီး Ethnic ကို Ethic ပြောထားတဲ့ ခွေးစုန်းဂုန်းအို ရွတ်တွကြီးက "ခင်ဗျားတို့က ထိန်းထိန်းသိမ်းသိမ်း ရေးတယ်" ဆိုပြီး ဆွယ်တောင် ဆွယ်လိုက်သေးတာ။ တိုင်းမ်မဂ္ဂဇင်း အမြဲဖတ်နေပုံမျိုးကြီး ပြောတော့ ဘယ်လောက်ပေးပေးပါဆိုတဲ့ မျက်နှာချေလိမ်းထားတဲ့ အခွက်မျိုးကြီးနဲ့။ ဟိုလူကတော့ ဒီလို စောက်ပေါ တိရစ္ဆာန်တွေနဲ့ တွေ့နေကျဆိုတော့ ရုပ်တည်ကြီးနဲ့ နေတတ်တာပေါ့။ အဲဒါကိုက အရူးကို တမူးသာအောင် လုပ်ပေးတဲ့အကွက်လေ။ အရူးဆိုတော့ ဘုံမြှောက်မှန်းမသိဘဲ ချီးခြောက်ကောက်စားတော့တာ။

အခွေးတော် ဖွတ်မင်းကြီးရဲ့ အူသံကို အမေရိကန် ကြားအောင် လုပ်ပေးဖို့ လာတာပါဆိုတော့ တဂီးဂီးနဲ့ အမြှုပ်တစီစီထွက်အောင် ပြာပုံထဲ လှိမ့်ရင်း ဝုလည်း ဟောင်ခွင့်ရလို့ သိပ်ကျေးဇူးတင်တယ်ဆိုပြီး တန်းအူတော့တာကလား။

အဲသလို အရူးကြောနှိပ်ပြီးတာနဲ့ အခွေးတော် ဖွတ်မင်းကြီးဟာ သုနခတပ်မှာ ဝုဘဝနဲ့ အကြာကြီး ခွေးမှုထမ်းခဲ့ပြီးမှ ဖွတ်ဘဝ ရောက်လာတော့ အဲဒါကို ဘယ်လိုမျိုး ချိန်ညှိဟောင်ရသလဲလို့ မေးရော။

"ဒါက ပြဿနာမဟုတ်ပါဘူး၊ ကျနော်တို့ ခွေးတွေဆိုတာ ဖွတ်ကနေ ဆင်းသက်လာတာပါ။ ဖွတ်ကနေ မဆင်းသက်ဘဲနဲ့ ဒီလိုမျိုး တိုင်းပြည်ကို မွဲတေစုတ်ပြတ်သွားအောင် မလုပ်နိုင်ပါဘူး" လို့ ပုတ်သင်ဥတွေ တူးတော့တာပေါ့။

"တကယ်တော့ ခင်ဗျားတို့ မသိတာက ကျနော်တို့က ဖွတ်က ဆင်းသက်လာတဲ့ ခွေးဆိုပေမဲ့ ကြံ့အလုပ်ပါ တပါတည်း လုပ်ခဲ့ရတာလေ။ ခင်ဗျား ဓာတ်ပုံဆရာကတော့ တော်ပါတယ်။ ခွေးရယ်၊ ဖွတ်ရယ်၊ ကြံ့ရယ် ပါတဲ့ Three-in-One စောက်ခွက်ကြီးကို ရအောင် ရိုက်နိုင်ပါတယ်။ ကျွန်တော့်ရဲ့ အမနုဿပုံကို အရင်က ဘယ်သူမှ ပေါ်အောင် မဖော်နိုင်ကြဘူးဗျာ။"

"အမနုဿဆိုတာ ဘာကို ဆိုလိုတာလဲဗျ။"

"ဪ ဟုတ်သား၊ ခင်ဗျားတို့က မင်္ဂလသုတ် မတက်ဖူးတော့ အမနုဿ ဘယ်သိမလဲ၊ အသဒ္ဓမ္မဆို ပိုတောင် သိမှာမဟုတ်။ အမနုဿ ဆိုတာ လူမဟုတ်သောသူကို ပြောတာပါ။ လူတော့လူ၊ ဒါပေမဲ့ လူစိတ်ပျောက်နေတဲ့သူ ပေါ့ဗျာ။ ကျနော်တို့လို ဖွတ်၊ ခွေး၊ ကြံ့ သုံးမျိုးစပ် သတ္တဝါပေါ့။"

"ဟုတ်ပါပြီ အခွေးတော်၊ ခင်ဗျားတို့ သုနခဌာနမှာ ငြိမ်းချမ်းခွေးဖြစ်ဖို့ ဘာတွေလုပ်မလဲ။"

"ဒါကတော့ အရေးကြီးတယ်။ မဟုတ်ရင် ခွေးမျိုးတုံးသွားမယ်။ အကုန်လုံးက အစွယ်ကိုင် ပဋိပက္ခထဲ ရောက်နေကြတယ်။ တစ်ချိန်က ဖွတ်တွေကို လိုနီပြုခဲ့ရာက စခဲ့တဲ့ ပြဿနာတွေပေါ့။ အခု အကိုက်အဖြတ် ရပ်စဲရေးစာချုပ် လုပ်ထားတယ်။ လုပ်ပေမဲ့ ဖွတ်တွေရော၊ ကြံ့တွေရော၊ ခွေးတွေရောက အသိဉာဏ်ပညာ မဲ့ကြတယ် မဟုတ်လား။ ခွေးကတော့ ပိုဆိုးတာပေါ့။ သားရေနားအိပ်ရင် သားရေနား စားရမှ။ ကျွေးတဲ့လက်လည်း ကိုက်လိုက်ရမှ။ အသိဉာဏ်မဲ့လွန်းတော့ တော်သလင်းဆို အဖေက သားကို ကိုက်၊ သမီးကိုခွ။ သားက အမေကိုလိုက်၊ အဖေကို ကိုက်လွှတ်၊ ညီမလည်း အလွတ်မပေး၊ အင်း... ခွေးဟောင်သံတွေကြားမှာ ငြိမ်းချမ်းခွေး အူသံက သိပ်မတိုးဘူးပေါ့ဗျာ။ ခု ဖွတ်တော်မှာ ခွေးဥပြင်ဖို့ လုပ်နေတယ်။ ခွေးဥ မပြင်နိုင်ရင် တော်သလင်းဇာတ်က ခင်းနေမှာဆိုတော့ ဘယ်ငြိမ်းချမ်းခွေး ဖြစ်တော့မလဲ။ ကျနော့်လက်ထက်မှာ ခွေးဥကို မရရအောင် ပြင်မယ်။ ဂျိုကုတ်မှူးကြီးက သူ့ဥကို ပြင်မရအောင် ဘယ်လိုလုပ်ထားလုပ်ထား ကျနော် ရအောင်ပြင်မယ်။ ဪ... ခင်ဗျားကို ပြောဖို့ကျန်နေတာ တစ်ခုရှိတယ်။ ကျနော်ကလည်း ဂျိုကုတ်မှူးကြီး ရာထူးကို ဆက်ခံထားတဲ့သူ ပါပဲ။ ကျနော်တို့ဟာ ခွေးဆိုပေမဲ့ နွားစိတ် အပြည့်ရှိသူတွေပါ။ ခွေးလို ကျေးဇူးကန်းပြီး ကြံ့လို တချောင်းစွဲ ဖြစ်သလို နွားလို ခိုင်းတာအကုန် လုပ်တဲ့သူတွေချည်းပါ။ ဒါမှလည်း အကုန် ဖွတ်ဖြစ်မှာ မဟုတ်လား။ ကြံ့၊ ခွေး၊ ဖွတ် Three-in-One စောက်ခွက်မှာ ဂျိုထွက်နေတဲ့ နွားကိုယ်လုံးပုံ ရအောင် ရိုက်နိုင်တဲ့ တိုင်းမ်မဂ္ဂဇင်းက ဓာတ်ပုံဆရာကိုတော့ ထပ်ချီးကျူးဦးမယ်ဗျို့။"

"အခွေးတော် ဖွတ်မင်းကြီးအနေနဲ့ သုနခတိုင်းကို အရိုးတွေ ပြန်လည် ပေါများလာရေးအတွက် ဘယ်လို အူမယ် မှန်းထားပါသလဲ။"

"ဒါကတော့ ခင်ဗျားတို့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေနဲ့ ဆိုင်သဗျ။ ခင်ဗျားတို့ လူတွေ အမဲသားတွေစားပြီး ပစ်ထားတဲ့ အရိုးကို ခွေးမစားရရေး ဒို့အရေးလုပ်တာတော့ ပြန်သုံးသပ်သင့်ပြီဗျာ။ ခုက လူတွေက ဟိုတုန်းကလို လမ်းဘေးတို့၊ ခြုံထဲတို့၊ ယင်မလုံအိမ်သာတို့မှာ နောက်ဖေး မသွားကြတော့ ခွေးဒံပေါက်လည်း ပြတ်နေတဲ့အချိန် အရိုးကို ပိတ်ဆို့တော့ ခွေးဝဲစား ဖြစ်ကုန်ကြတော့တာပေါ့။ ဂျိုကုတ်တွေအတွက်လည်း စက်မှုလယ်ယာ ပြောင်းသွားလို့ ကောက်ရိုးကလည်း မီးရှို့ပစ်ကြတော့ စားရေရိက္ခာ ခက်နေတာက တစ်မျိုး။ ဖွတ်တွေတော့ မပြောနဲ့၊ ဘာစားစရာမှ မရှိလို့ ကြံရာမရတဲ့အဆုံး ဖွတ်ဖွတ်ချင်း အမြီးပဲ လိမ်နေကြရတော့တာ။ ကြံ့တွေလည်း ဂန့်တဲ့ကောင်ဂန့်၊ ခွေးတွေရဲ့ ဂျိုဖြတ်ရောင်းစားတာ ခံနေရတော့တာလေ။ ခု ခွေး ခွေးချင်းပါ ရုရှားပို့ ရောင်းစားရမလို့ လုပ်နေပြီ။"

"ထရန့်ကိုလည်း မခန့်တရန့် မလုပ်ရဲပါဘူး၊ မေဒစ်ကန်တွေကိုလည်း အဖေအဖြစ် အမြန်အသိအမှတ်ပြုပြီး တရုတ်ကို ပလုပ်တုတ်ခေါက်လိုက်ပါ့မယ်။ မေဒစ်ကန်ကသာ အဖေဖြစ်ခံမယ်ဆို အဲဒီ မဟုတ်တရုတ်ကောင်ကို ငရုတ်ဆုံထဲထည့် ထောင်းပစ်လိုက်ပါ့မယ်။ ကျနော်တို့ကို မဟုတ်တရုတ် ဆိုတဲ့အတိုင်း နည်းမျိုးစုံနဲ့ အကြမ်းဖက်နေတာတွေကို တားဆီးပေးပါ။ ပိတ်ဆို့မှုတွေက ခင်ဗျားတို့က ခြံပြင် ထွက်ထွက်ဆွဲတာတွေ၊ ကျောင်းသွားကျောင်းပြန် ကလေးတွေကို လိုက်ကိုက်တာတွေ၊ ဘုရားရင်ပြင် ချေးတက်ပါတာတွေ၊ လမ်းဘေးအလှစိုက် ပန်းပင်တွေကို သေးပန်းတာတွေ၊ သူများအိပ်လို့ တိတ်ဆိတ်နေချိန်တွေမှာ မကောင်းဆိုးဝါးတွေ ထွက်လာအောင် အူတာတွေ၊ သူခိုးဂျပိုးတွေကျ အမြီးနံ့ ဖင်လျက်လုပ်တာတွေ၊ နွားတွေဆိုလည်း သူများခြံ၊ သူများစိုက်ခင်း အတင်းဝင်စားတာတွေ၊ ဖွတ်တွေကလည်း လူတွေမွဲအောင်ဆိုပြီး အိမ်တွေပေါ် အတင်းလိုက်တက်တာတွေကြောင့်လို့ ဆိုပါတယ်။ အဲဒီ အမူအကျင့်တွေကို ဘယ်လိုပြင်မလဲ။"

"ဒီကောင်တွေရဲ့ အမူအကျင့်တွေက အမေဒစ်ကန်ထိ မရောက်ဖူးလေဗျာ။ တစ်ကောင်ချင်းလည်း အမေဒစ်ကန်ကို မရောက်ပါဘူး။ အမေဒစ်ကန်တွေ ကြားရအောင်လည်း ကျနော်တို့ သုနခတွေကို ဖေ့ဘွတ်သုံးခွင့် မပေးဘူးလေ။ ကျနော့် Three-in-One စောက်ခွက်ကြီးနဲ့ Profile picture လုပ်ခွင့်ရချင်လိုက်တာမှ ဂျိုတောင်ယားတယ်။ အဲဒါလေးလည်း ဖွင့်ပေးစေချင်ပါတယ်။ ကျနော်က ဖင်မလှုပ်တတ်တော့ TikTok မှာလည်း Hip-Hop လို့မရ၊ ခွေးဖြစ်တဲ့ဘဝတော့ အနာဆုံးပါပဲဗျာ။ ချီးကားတိုက်ရင်တောင် ပျော်နေရမယ့် ဘဝပါ။ ဘင်္ဂါလီတွေနဲ့ ပတ်သက်ရင်လည်း ခွေးအလုပ် ခွေးလုပ်တာပါ။ ပထမ အူတယ်၊ နောက် ဟောင်တယ်။ ပြီးတော့ ထွက်ဆွဲတယ်၊ ကိုက်တယ်ပေါ့ဗျာ။ ခွေးရူးပြန်ပိုးလေး ထည့်ပေးတယ်။ ဒါ ခွေးအလုပ် ခွေးလုပ်တာပဲလေဗျ။ အဲဒါနဲ့ ပတ်သက်ရင် စိတ်ရှင်းတယ်။ သံသယရှင်းတယ်။ ဒါ သုနခကရေစီအတွက် ကာကွယ်စောင့်ရှောက်မှု သက်သက်ပါ။ ယုန်တွေရဲ့ စကားနားထောင်ရင်တော့ သတင်းအမှားတွေပဲ ရလိမ့်မယ်နော်။"

"ခု ခင်ဗျားတို့ သုနခတွေဟာ မြေခွေးတွေနဲ့ ၅ နှစ်တာ ခွေးကျင့်ခွေးကြံဆိုင်ရာ ပူးပေါင်းဟောင်အူရေး စာချုပ်ချုပ်ထားတယ် ကြားတယ်။"

"အဲဒါက ပုမျိုးနဲ့ ပူမျိုး ပူးပေါင်းတဲ့သဘောပါ။ ဒီစီမံချက်ကို 'ပုပူပူး' လို့ အတိုကောက် ခေါ်ပါတယ်။ ဒါက ခွေးတို့အသံ မိုးထက်ညံရေး အာကာသလုပ်ငန်း အကောင်အထည်ဖော်ရေးနဲ့ အဏုမြူပေါ့ဗျာ။ ဒါကလည်း အနုနှင်း အနုမိုးထိ သွားဖို့မဟုတ်ပါဘူး၊ မြူလောက်တင်ပါ။ Small လေးပါ။ ဒါတွေကို သိတဲ့အတိုင်း ပန်ဒါက အားမပေးတော့ မြေခွေးနဲ့ လုပ်ရတဲ့သဘောပါ။"

"ခင်ဗျား ခုတလော နိုင်ငံတကာနဲ့ ဆက်ဆံရေးတွေ တော်တော်များတယ်နော်၊ အနားတောင် မယူတော့သလိုပဲ။ ဒီခံနိုင်ရည်နဲ့ ပတ်သက်လို့ သိချင်နေသူတွေ တော်တော်များတယ်။"

"ဟာ... ဟုတ်တယ်၊ ကျနော်ကလည်း တရုတ် သွားတယ်။ တရုတ်ကြီးလည်း အဟုတ်တီးတယ်။ သူလည်း လာလုပ်တယ်။ ဘာဘူကြီးဆီလည်း သွားတယ်။ သူတို့နှစ်ယောက်နဲ့ ဆက်ဆံရတာကတော့ဗျာ၊ Sandwich လိုပဲလေ၊ ပေါက်တယ်ဟုတ်။ တကယ်လုပ်နိုင်ကြတဲ့ သူတွေပါပဲဗျာ။ ထိုင်းလည်း ကရိုင်းတယ်ဗျာ။ လာအိုတောင် သွားစို့ချည်း ဖြစ်နေတာနော်။ အပီဖက်နှံတာကတော့ ဗီယက်နမ်ပေါ့။ ဗီလာရုနဲ့ ရုရှားကတော့ လုပ်သလား မမေးနဲ့၊ ရုရှားဆို မီးပွင့်ဖို့သာ ပြင်ထား၊ အဏုမြူအား သုံးမတဲ့။ အာကာသရောက်အောင် ပို့ပေးမတဲ့။ သူက လာလုပ်ဦးမှာ။ ခင်ဗျားတို့ အမေရိကန်တွေကလည်း လာလုပ်လေ။ တရုတ်ကြီးလည်း လာလုပ်တယ်။ အိန္ဒိယ လာလုပ်တယ်။ အလုပ်ဆုံးကတော့ တရုတ်ကြီးပေါ့။ ထိုင်းလည်း အများကြီးလုပ်တယ်။ နိုင်ငံတကာနဲ့ ဆက်ဆံဖို့၊ အဲ... ပူးလုပ်ဖို့ကတော့ တကမ္ဘာလုံးကို ဖိတ်ခေါ်တယ်။ လာလုပ်ကြပါ။ အကျိုးလုပ်မယ်ဆိုလို့ရှိရင် အကုန်ခွင့်ပြုတယ်။ လာပါ၊ လာလုပ်ကြပါ။ တရုတ်ကတော့ အများကြီးကို လုပ်တယ်၊ အိမ်နီးချင်းလည်း ဖြစ်တယ်။ သွားရတာလည်း လွယ်တယ်။ အိန္ဒိယရဲ့ မြှုပ်နှံမှုကလည်း အများကြီးပဲလေ။ ကျနော့်မှာ ပေါင်နှစ်လုံးကြား၊ အဲလေ... ပေါင်မုန့်နှစ်လုံးကြားက အသားကလေး ဖြစ်လို့။ ဒါပေမဲ့ ကျနော် တကယ် ဆက်ဆံချင်တာကတော့ အနောက်နဲ့ပါ။"

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား

 

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar