ဖလော်ဒါဟန် - စာသင်ခန်းသည် ကလေးများအတွက် မျက်ရည်များ မဟုတ်ပါ
မိုးမခ ၊ နိုဝင်ဘာ ၂၄ ၊ ၂၀၂၆
ဆန့်ကျင်ဘက်အရပ်မှာ ကျွန်မ နေပါသည်။ လားရာလမ်းကို ရည်ရွယ်ချက်မပျက် ဦးတည်၍ လျှောက်ခဲ့ပါသည်။
ပြစရာ မိတ်ဆွေမရှိပေမဲ့ ရင်ထဲမှ မိတ်ဆွေအပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဖက် ဆရာသမားများကို အမြဲတမ်း သတိရနေတတ်သည်။
အချိန်ကာလတစ်ခုမှာ ပြောစရာ မိတ်ဆွေမရှိပေမဲ့ ကလေးများနဲ့ အမြဲလိုလို စာသင်ရင်း စကားပြောဖြစ်ခဲ့သည်။
ကျွန်မ စာသင်သည့်အခါ လက်မပါခြင်းသည် ကလေးများအတွက် အာဟာရတစ်မျိုးဖြစ်သည့်အတွက် စာသင်ခြင်းကို ခုံမင်လာခြင်းလို့ ထင်မိပါသည်။
ကျွန်မရဲ့ စာသင်သားများသည် နွမ်းပါးကြသည်။ ငွေကြေးကို ပညာရေးအတွက် အသင့်အတင့် မျှဝေသုံးစွဲနေကြသည်။
ကျွန်မသည် နေ့စဉ် ကလေးများရဲ့ အာဟာရမပြည့်ဝမှု၊ စိတ်ဒဏ်ရာ၊ သင်ထောက်ကူပစ္စည်းများ မပြည့်စုံသည့် ကျောင်းများ၊ အရည်အချင်း မပြည့်မီသည့် ဆရာ၊ ဆရာမများရဲ့ သင်ကြားမှု၊ လုံခြုံမှုမရှိသည့် ကျောင်းသား၊ ကျောင်းသူများရဲ့ ဘဝ၊ ကျောင်း၏ အင်္ဂါရပ်များနှင့် မပြည့်စုံမှု စသည့် လိုအပ်ချက်များကို အစိုးရဆိုသည်ကလည်း မည်သည့်အထောက်အကူမှ မပေးနိုင်သည့် အနေအထားပါ။
ခေတ်ကာလအလျောက် အဆိုးတကာ့ အဆိုးများအောက်မှာ ပညာရေးသည် ငွေကြေးအောက်မှာ ရပ်တည်လာကြပါသည်။
ကျွန်မအတွက်တော့ ယခင်အချိန်များကို ပြန်တမ်းတသည့် စိတ်မျိုး ရှိနေပေမဲ့ ကျွန်မတို့ မသိသေးသည့် နေရာဒေသစုံမှ လူနေမှုဘဝကြီးကိုတော့ မျက်ကွယ်မပြုနိုင်ပါ။
၅ နှစ်တာ သံယောဇဉ်သည် ယခင် မိမိရဲ့ ပညာဂုဏ်၊ ရာထူးဂုဏ်ထက် ဆင်းရဲဒုက္ခအမျိုးစုံဖြင့် ရုန်းကန်နေကြသည့် လူ့နေမှုစနစ်ကြီးကို အားဖြည့်ချင်လာသည်။
နိုဝင်ဘာ ၁၈ ရက်နေ့သည် ကမ္ဘာ့ကလေးများနေ့ ဖြစ်သည်။
ကျွန်မတို့ဝန်းကျင်မှာ ကျွန်မတို့ မသိသေးသည့် ကလေးများမှ လျစ်လျူရှုခံကလေးများ၊ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဒဏ်ရာရနေသည့် ကလေးများ၊ အဆင့်အတန်းမတူ အလွှာမတူသည့် ကလေးများရဲ့ ကွာခြားမှု၊ ပစ်ပယ်စွန့်ပစ်ခံ ကလေးများနှင့် နှစ်ဆယ်ချီ ခုနှစ်အတွင်းမှာ အသက်ဆုံးရှုံးခဲ့ရသည့် အပြစ်မဲ့ကလေးများကို ကျွန်မတို့ ဘယ်လို ကယ်တင်ကြမှာလဲ။
ကမ္ဘာ့ကလေးများနေ့မှာ ကျွန်မတို့ ဘာတွေ လုပ်ပေးနိုင်ခဲ့ကြပါလဲလို့ မေးရင် ကျွန်မကိုယ်တိုင်လည်း ရေရာသည့် အဖြေ မပေးနိုင်သေးပါ။
အလှအပတရားအတွက်၊ မိမိစိတ်ပျော်ဖို့အတွက်၊ မိသားစုဘဝတွေ ဘဝမပျက်ဖို့အတွက်ပဲ ရှေ့တန်းတင်နေကြဆဲပါ။
ကျွန်မကိုယ်တိုင်လည်း ကလေးများကို ပညာရေး၊ ကျန်းမာရေး၊ အသိပညာဗဟုသုတတွေ ယနေ့အချိန်မှာ အများကြီး မလုပ်ပေးနိုင်ခဲ့သေးပါဘူး။
တလရ က ပေးတဲ့ သင်ခန်းစာတွေမှာ မိမိဘဝကို အကျိုးရှိရှိ နေထိုင်တတ်ဖို့ကလည်း တစ်စိတ်တစ်ဒေသအားဖြင့် အကျိုးဆက်တစ်ခု ဖြစ်လာမည်လို့လည်း ထင်မိပါသည်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar