Breaking News

ဆောင်းယွန်းလ - "စောင့်ခြင်းများ"



ဆောင်းယွန်းလ - "စောင့်ခြင်းများ"

(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၂၀

တရားကို နတ်စောင့်တယ်လို့တော့
ပြောပြောနေကြတာပါဘဲ

မတရားတာကို
အစိုးရတွေစောင့်တဲ့ ကမ္ဘာကြီးမှာ
ငါတို့က
နတ်ဘဲ စောင့်ရမလိုလို
အစိုးရကိုဘဲ စောင့်ရမလိုလို

ဒီဇာတ်ကားမှာ
ရွှေဘအလာကို စောင့်ရင်းနဲ့
မိုးပြန်ချုပ်ခဲ့တယ်။