ကိုသန်းလွင် — မတည်ငြိမ်သော ကမ္ဘာ
ကိုသန်းလွင် — မတည်ငြိမ်သော ကမ္ဘာ
(မိုးမခ) ဇန်နဝါရီ ၃၀၊ ၂၀၂၂
( ၁ )
၁၉၈၉
ခုနှစ် ဆိုဗီယက်ယူနီယံပြိုကွဲသည်နှင့် အမေရိကန်နှင့် ရုရှားတို့အကြား ရှိခဲ့သော စစ်အေးတိုက်ပွဲ ပြီးဆုံးခဲ့ပါသည်။
စစ်အေး တိုက်ပွဲပြီးဆုံးသောအခါ ကမ္ဘာကြီးပေါ်တွင်
ငြိမ်းချမ်းသည့် အရိပ်အယောင်များဖြင့်
ပြည့်လွှမ်းလာရမည့်အစား နိုင်ငံအများ၏ တည်ငြိမ်မှု၊ လုံခြုံမှု၊ ငြိမ်းချမ်းမှုတို့ထက် နိုင်ငံအချင်းချင်း ပိုမို၍ ရန်လိုသော ပဋိက္ခများ၊ မကောင်းသောဘက်သို့
လှုံ့ဆော်သောအသွင်များကိုသာ
ဖြစ်ပေါ်စေခဲ့ပါသည်။
ကမ္ဘာ့ရေးရာများကို မကောင်းဘက်ဖြစ်သည့်
စာအုပ်အများအပြား ထွက်ပေါ်ခဲ့ရာ ထိုစဉ်က ထိုကဲ့သို့ မြင်လေ့ရှိသောသူတို့သာ ရေးသားသည်ဟု ယူဆခဲ့ကြပါသည်။ တကယ်စင်စစ ကမ္ဘာကြီးသည် ပိုမိုရှုပ်ထွေးသော
ပြဿနာများဖြင့် ရှိနေခဲ့သည်မှာ ထိုစစ်အေး တိုက်ပွဲ ပြီးဆုံးသည့်ကာလမှ စတင်ခဲ့ပါသည်။ များသောအားဖြင့် နိုင်ငံအချင်းချင်းကြား
ဆက်ဆံရေးများမှာ မကောင်းသည့်ဘက်သို့
ဦးတည်နေသည်သာကို တွေ့နိုင်ပါသည်။
( ၂ )
ကမ္ဘာကြီး၏ အများအပြားတွေ့နေရသော ပြဿနာများနှင့် ၎င်းတို့ကို ဖြေရှင်းပုံမှာ ပြဿနာကို ပြေလည်သွားစရာ အကြောင်းမရှိပါ။ ကိုဗစ်-၁၉
ရောဂါဖြစ်ပေါ်လာသောအခါ နိုင်ငံအများအပြား၏
ကျန်းမာရေးနှင့်ပတ်သက်၍ တုံ့ပြန်မှုများမှာ
များစွာ မလုံမလောက် ရှိနေခဲ့ပါသည်။
ယခုရောဂါဖြစ်ပွားခြင်း၏ တတိယနှစ်ထဲသို့ဝင်
ရောက်လာပါပြီ။ ယခုအချိန်အထိ ဤရောဂါ ဘယ်ကစ၍
ဖြစ်ပွားသည် ဟူသော အခြေခံကို မသိရသေးပါ။ တရုတ်တို့က အခြေခံကိုသိအောင်
ရှာဖွေကြိုးစားမှုများကို အကျောက်အကန် ငြင်းဆန်နေဆဲ ဖြစ်ပါသည်။
ကျွန်တော်တို့ သိသည်မှာ ယနေ့အချိန်အထိ ဤရောဂါကြောင့် လူပေါင်း ၅ သန်း သို့မဟုတ် ၁၅ သန်းမျှ သေကျေခဲ့ကြပြီးပါပြီ။ လူပေါင်း ၃
ဘီလီယံ (အထူးသဖြင့် အာဖရိကတိုက်မှလူများ) သည်ယခုအချိန်အထိ
ပထမအကြိမ် ဆေးမထိုးကြရသေးပါ။ တကမ္ဘာလုံး ထုတ်ကုန်အနေဖြင့် ဤသို့ ရောဂါပြန့်ပွားမှုကြောင့် ထရီလီယံပေါင်းများစွာ ထိခိုက်ခဲ့ရပါပြီ။
ရာသီဥတုပြောင်းလဲမှုမှာလည်း ပို၍ ပို၍သာ
ဆိုးရွားလျက်ရှိပါသည်။ စက်မှုတော်လှန်ရေးမဖြစ်မီကာလကထက် ယခုအခါ ၁˚C မျှ
ပို၍ ပူနေပါသည်။ သိပ္ပံပညာရှင်များ သတ်မှတ်ထားသည့် အမြင့်ဆုံးခံနိုင်ရည်ရှိသည့်
ခံနိုင်ရည်မှာ ၁ ဒသမ
၅˚C ဖြစ်ပါသည်။ ယခုအခါ
ဆိုးရွားသောရာသီဥတု၏ အစွန်းရောက်မှုများမှာ ပိုမိုများပြားလျက်ရှိပါသည်။
ကြားထဲတွင် ခက်နေသည်မှာ “Fossil
fuel” ခေါ် ရေနံဆီနှင့် ကျောက်မီးသွေး အသုံးပြုခြင်းမှာ လျော့နည်းမသွားဘဲ ပိုမိုများပြားလာနေပါသည်။
အစိုးရများမှာ ဤအဖြစ်ကို ကာကွယ်နိုင်ရန် ကြိုးစားပါမည်ဟု ကတိပြုထားကြပါသည်။ အကယ်စင်စစ် လက်တွေ့ အကောင်အထည် ဖော်နိုင်မှုမှာမူ စောင့်ကြည့်ရမည် ဖြစ်ပါသည်။
ကမ္ဘာတွင် သုံးစွဲမှုအများဆုံးဖြစ်သော တရုတ်နှင့် အိန္ဒိယမှာ ကမ္ဘာကြီး၏ လိုအပ်မှုနှင့် သူတို့၏ မျှော်မှန်းချက် အစစ်အမှန်ဖြင့် အလျင်အမြန် ဆောင်ရွက် နိုင်မှုများမှာ သံသယဖြစ်ဖွယ်ရှိနေပါသည်။
Cyberspace ခေါ် အင်တာနက်နှင့်ပတ်သက်၍ အနောက်နိုင်ငံများ၏ သဘောထားမှာ သို့လောသို့လော ဖြစ်စရာများ ရှိပါသည်။ လူများ၏ အပြုအမူကို
စောင့်ကြည့်မည့် ရဲ၊ ပုလိပ်များ မရှိသည့်အတွက် အပြည်ပြည်ဆိုင်ရာ
ထိန်းသိမ်းစောင့်ရှောက်မှုတွင် ဟန်ဆောင်ပန်ဆောင် ထိန်းချုပ်မှုမျှပင် မရှိသည်ကို တွေ့ရပါသည်။ ကျွန်တော်တို့သည် သံတမန်ရေးရာ ဆောင်ရွက်နိုင်သည်များထက် ပိုမို၍ စက်မှုစွမ်းအင်က
ပြောင်းလဲမှုနှုန်း မြန်ဆန်နေသည့်အတွက် အာဏာရှင်နိုင်ငံများမှာ
သူတို့နယ်နိမိတ်ကို လုံခြုံအောင် ပိတ်ပင်နေသည်ကို တွေ့နေရပါသည်။ ထိုအခါ နိုင်ငံအချင်းချင်း နိုင်ငံရေးဆိုင်ရာ အမြတ်ထုတ်မှုများ၊ တက်ခနိုလိုဂျီကို ခိုးယူမှုများသည် အမြဲဖြစ်ပွားနေပါသည်။
အဏုမြူလက်နက်များမှာ ပိုမို၍ကျယ်ပြန့်လာနေပါသည်။
မြောက်ကိုရီးယားနိုင်ငံက မိမိတို့၏ နျူကလီးယား လက်နက်များကို အရည်အချင်းရော အရေအတွက်ပါ တိုးမြင့်လျက်ရှိပါသည်။ သူ၏ မစ်ဆိုင်းများမှာလည်း ပိုမို၍တိကျသော ပစ်မှတ်ကို ပစ်ခတ်နိုင်သည်နှင့်အတူ စွမ်းအားများမှာ တစ်နေ့ထက်တစ်နေ့ ပို၍ ပိုကောင်းမွန်လာသည်ကိုတွေ့နိုင်ပါသည်။ ၂၀၁၈ ခုနှစ်က အမေရိကန်နိုင်ငံ၏ တဖက်သတ် ဆုံးဖြတ်မှုကြောင့်
နျူးကလီးယား သဘောတူညီချက်ကို ပယ်ဖျက်လိုက်သောအခါ အီရန်တို့အနေဖြင့်
နျူးကလီးယားလက်နက် ထုတ်လုပ်ရန် တဖြည်းဖြည်း ရက်ပိုမိုနီးကပ်လာသည်ကို တွေ့ရပါသည်။ ယခင်က
နှစ်ချီ၍စောင့်ရန် လိုအပ်နေချိန်တွင်
ယခုအခါ လအနည်းငယ် သို့မဟုတ် ရက်သတ္တပတ် အနည်းငယ်သာ စောင့်ရန် လိုပါတော့သည်။
စစ်အေးကာလ ပြီးဆုံးပြီးကတည်းက
အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုမှာ ပိုမို၍ကြီးထွားလာခဲ့ပါသည်။ တရုတ်နှင့် အမေရိကန်တို့ ဆက်ဆံရေးမှာ တရုတ်ပြည်တွင်း ဖိနှိပ်ချုပ်ချယ်မှုများကြောင့် ပိုမိုဆိုးရွားလာခဲ့ပါသည်။
တရုတ်နှင့် အမေရိကန်တို့ကြားတွင် ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအကြားရှိ ပြဿနာများစွာဖြစ်ပေါ်လျက်ရှိပါသည်။ တရုတ်တို့၏ စစ်တပ်အင်အား ကြီးမားလာသည်နှင့်အမျှ
နိုင်ငံတကာရေးရာများတွင် တရုတ်တို့က ပိုမို၍သြဇာလွှမ်းမိုးလိုဟန်ရှိပါသည်။ နောက်ခံက ထိုင်ဝမ်ပြဿနာ ရှိနေမှုတို့ကြောင့် တရုတ်နှင့် အမေရိကန်တို့ကြားတွင် ကမ္ဘာကြီး၏ ကျန်းမာရေးနှင့်
ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကာကွယ်ရေးကိစ္စများကို ပူးပေါင်းဆောင်ရွက်ရန်ပင် မဖြစ်နိုင်တော့ဟု
ဆိုရမလို ဖြစ်နေပါသည်။
ရုရှားနိုင်ငံအနေဖြင့်လည်း ကမ္ဘာကြီး၏ဖြစ်ပေါ်တိုးတက်မှု (World Order) ကို စစ်အေးကာလ ပြီးဆုံးသွားသည့်
သဘောမကျနိုင်စရာများ ဖြစ်ပွားခဲ့ပါသည်။ သမ္မတပူတင် (Vlaidimir
Putin) ဆယ်စုနှစ် သုံးစုအပြီးတွင် နေတိုး၏ သြဇာအာဏာကျယ်ပြန့်လာခြင်းကို မည်သို့မျှ သည်းခံနိုင်ပုံ မပေါ်ပေါက်သည်ကို တွေ့နေရပါသည်။ သူအနေဖြင့် အနာဂတ်ကို မျှော်မှန်းကြည့်နိုင်စွမ်းရှိသမျှ ပြောရလျှင် အာဏာကို ဆုပ်ကိုင်ထားဦးမည့် လက္ခဏာကို တွေ့ကြရပါသည်။ သူက တတ်နိုင်လျှင် နေတိုး၏ သြဇာအာဏာကို ရပ်တန့်သွားအောင် သို့မဟုတ် ပိုမိုဆုတ်ယုတ်သွားအောင်လုပ်လိုသည့် သဘောကို တွေ့နေရပါသည်။ ပူတင်အနေဖြင့် စစ်တပ်အင်အားကို အသုံးပြုလိုသော ရည်ရွယ်ချက်များနှင့်အတူ အုပ်ချုပ်သည့် အစိုးရများ မတည်မငြိမ်ဖြစ်စေရန် (Cyber-attack) များဖြင့် နှောင့်ယှက်လေ့ရှိပါသည်။ သူ၏ ယခုအချိန်တွင် အဓိက ပစ်မှတ်မှာ ယူကရိန်းဖြစ်ပြီး မစ္စတာပူတင်၏ ရည်ရွယ်ချက်များမှာ ပိုမိုများပြားနိုင်ပါသည်။
ကမ္ဘာကြီးတွင် အခြားသော ပြဿနာများမှာ မသေးငယ်လှပါ။ လူသန်း
၈၀ ကျော် သို့မဟုတ် လူ
၁၀၀ လျှင် တစ်ဦးမှာ မိမိမူရင်းနေရာမှ ဝေးရာသို့ ရောက်နေရပါသည်။
ထိုအရေအတွက်ထက် များစွာသော လူတို့မှာလူ လူသားတို့အတွက် အကျင်းအကြပ်
(Humanitarian Crisis) ဖြစ်နေကြရပါသည်။ အရှေ့အလယ်ပိုင်းဒေမှာ နေရာအနှံ့ စစ်ပွဲများဖြစ်ပွားနေပြီး ပြည်တွင်းစစ်ပွဲများ၊
ဒေသတွင်းစစ်ပွဲများ ပါဝင်ပါသည်။
ဒီမိုကရေစီများမှာလည်း ကမ္ဘာနိုင်ငံများစွာတို့တွင် ဆုတ်ယုတ်လျက်ရှိသည်။ လက်တင်အမေရိကားနိုင်ငံ
အများအပြားနှင့် ဥရောပနိုင်ငံများ ဆူဒန်၊ ဟေတီ၊
ဗင်နဇွဲလား၊ ဆီးရီးယား၊ လစ်ဗျားနှင့် ယီမင်နိုင်ငံတို့တွင်
ဒီမိုကရေစီမှာ အင်အားဆုတ်ယုတ်လျက် ရှိသည်။
အာဖဂန်နစ္စတန်နိုင်ငံမှာ ကမ္ဘာ့နိုင်ငံများ၏
အကြမ်းဖက်အဖွဲ့များ၏ ခေါင်းဆောင်ဖြစ်လာဖွယ်ရှိပြီး ဘိန်းနှင့် အခြား စိတ်မချမ်းမြေ့ဖွယ်ရာများကို ဖန်တီးဦးမည့်သဘော ရှိပါသည်။
အခြား အရေးကြီးသော အချက်တချက်မှာ အမေရိကန်နိုင်ငံသည် အခြားနိုင်ငံများနှင့်စာလျှင် လွန်ခဲ့သော ၅ နှစ်ကထက် အဖြစ်အပျက် အချင်းအရာများမှာ
ပိုမိုရှုပ်ထွေးလာနေခြင်းပင်
ဖြစ်သည်။ နိုင်ငံရေးအရ အမြင်ကွဲပြားခြင်းမှာလည်း
အမြင့်ဆုံးသို့ ရောက်ရှိနေပြီး နိုင်ငံရေးအရ အကြမ်းဖက်မှုများမှာ ရှောင်လွဲမရသော အဖြစ်အပျက်များ ဖြစ်ပါသည်။ ငြိမ်းချမ်းစွာ နိုင်ငံရေးအာဏာ လွှဲပြောင်းပေးခြင်းကိုလည်း
ဖြစ်ရိုးဖြစ်စဉ် သဘောထားမျိုးအဖြစ်
သဘောမထားနိုင်တော့သည်မှာ လွန်စွာဝမ်းနည်းစရာကောင်းပါသည်။ ဤနိုင်ငံတွင်း ဖြစ်စဉ်များကြောင့်
အမေရိကန်နိုင်ငံသည် ကမ္ဘာ့ဖြစ်စဉ်များပေါ်တွင်
သြဇာကြီးမားသော ခေါင်းဆောင်အဖြစ်
မဆောင်ရွက် နိုင်တော့ပေ။ နှစ်တစ်ရာစု၏ လေးပုံသုံးပုံခန့်
ဤကဲ့သို့ ကမ္ဘာ၏ခေါင်းဆောင်နေရာအဖြစ်မှ စွန့်လွှတ်ရတော့မည့် အခြေအနေဖြစ်သည်။ အမေရိကန်တို့ကဲ့သို့ မည်သည့်နိုင်ငံကမျှ
ဤကဲ့သို့ ခေါင်းဆောင်မှုကို
ပေးနိုင်မည့် အခြေအနေများ မရှိကြပေ။
( ၃ )
ကောင်းသည့်ဘက်က ကြည့်လျှင်တော့ ကိုဗစ်-၁၉
ရောဂါ ကာကွယ်ဆေးကို လျင်မြန်စွာ ဖော်ထုတ်နိုင်ခဲ့ခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကို ဖြစ်ပေါ်စေသော လောင်စာကို အစားထိုးနိုင်ရန် ကြိုးစားလာကြခြင်းကို
တွေ့မြင်နိုင်ပါသည်။ အမေရိကန်နှင့် ၎င်း၏ ပါတနာနိုင်ငံများက တရုတ်နိုင်ငံ၏ လွှမ်းမိုးလာနေမှုကို ဟန့်တားနိုင်ရန် ကြိုးစားနေကြခြင်းကို တွေ့နေကြပါသည်။ အင်အားပြိုင်ဆိုင်ကြသော်လည်း
စစ်ပွဲကြီးများဖြင့် အဆုံးသတ်ခြင်း မဟုတ်ပါ။
အကောင်းဘက်သို့ ပြောင်းလဲခြင်းမှာ
မည်မျှပင်သေးငယ်သော တိုးတက်မှုဖြစ်စေ၊
ကျွန်တော်တို့ ကြိုဆိုရမည်သာ ဖြစ်သည်။ သေချာသိသည်မှာ ကမ္ဘာအရေးအခင်းများသည်
သူ့ဘာသာသူတော့ ကောင်းရာဘက်သို့ တိုးတက်လာမည် မဟုတ်ပါ။ တိုးတက်တီထွင် ဆောင်ရွက်ခြင်း၊ သံတမန်ရေးရာများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်လိုခြင်းတို့မှာ အရာရာကို ကောင်းစွာ တိုးတက်လာစေရေးအတွက်
လိုအပ်ပါသည်။ ခက်သည်မှာ နောက်ဆုံး ၂ ခုက
အမြဲ လိုအပ်နေခြင်းပင်။
ကိုသန်းလွင်
Ref: A Worldofmounting Disarray, By Richard Haass.
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar