Breaking News

ဆက်ဝေမိုး - အစည်းအဝေးခန်း


ဆက်ဝေမိုး - အစည်းအဝေးခန်း

(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၂၂


အရေးကြီးတာတွေကို အရေးမကြီးသလိုနဲ့၊ 

အရေးတကြီးဆွေးနွေးနေကြပြီး၊ 

အရေးကြီးတာတွေက အရေးကြီးမနေပြန်ဘူးဆိုပြီးမှ 

ပြန်အရေးကြီးလာတဲ့အခါ 

အရေးမကြီးတာတွေကို 

အရေးမကြီးသလို ထားလိုက်ပေမယ့်လည်း 

အရေးမကြီးတာတွေကလည်း 

အရေးကြီးလာတတ်တာကြောင့် 

အရေးကြီးတာတွေထက် ပိုအရေးကြီးတာတွေ ထပ်ပေါ်လာတဲ့အခါ 

အရေးမကြီးသလိုဖြစ်သွားမှာစိုးတာနဲ့ 

ဒီကဗျာကို အရေးတကြီး ရေးလိုက်ရပါတယ်။ ။ 


ဆက်ဝေမိုး

၃.၉.၂၀၂၂



t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar