နိုင်မွန်အောင်သွင် - အကူးအသန်း
အကူးအသန်း
နိုင်မွန်အောင်သွင်
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၂၂
သံသာလေကမ်းတိုင်အထိ
မျှော်လင့်ထားခဲ့မိပါတယ်။
မြစ်တစ်စင်းခြားနေသလို
ခေတ်ကြီးတခုခြားနေသလို
ငါ့ကိုယ်ငါ ခင်းထားခဲ့တယ်။
အဆက်အစပ်များရှိကြပါစေ။
အဆက်အဆံများ ထွန်းကားကြပါစေ။
တခါတလေ
နေမကောင်းထိုင်မသာ
ရှိတဲ့အခါရှိပါတယ်။
ရွှင်လန်းတက်ကြွတဲ့အလံကို
နှလုံးသားမှာလွှင့်တင်ထားရ၊
တံတားဆိုတာ
ကြာကြာဖျားလို့မဖြစ်ဘူး။
၁၆.၁၁.၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar