Breaking News

တပ်ဦးလ - ကမ္ဘာသို့ မ‌လျှော်ဖွတ်ရသေးတဲ့အတွင်းခံဘောင်းဘီတထည်

ကမ္ဘာသို့ မ‌လျှော်ဖွတ်ရသေးတဲ့အတွင်းခံဘောင်းဘီတထည်
တပ်ဦးလ
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၂၂

ကမ္ဘာသို့
မလျှော်ဖွတ်ရသေးတဲ့အတွင်းခံဘောင်းဘီတထည်
ပေးပို့ရန်
sms ရရှိသူများသာ
ဘုရင်မကြီးကို အားနာတယ်
ဈာပနပွဲကို အားနာတယ်
ကမ္ဘာကြီးရယ်
စိတ်မ‌ကောင်းဖြစ်ရတယ်ဆိုတာထက် ပိုသောချစ်ခြင်းမေတ္တာတွေ
ကျုပ်တို့ပြည်သူတွေအရေးပေါ်လိုနေတယ်
အပြင်းအထန်ရှုတ်ချပါတယ်ဆိုတာထက် ပိုကောင်းတဲ့
လူသားချင်းစာနာထောက်ထားမှုတွေကို 
ကျုပ်တို့ပြည်သူတွေ အရေးတကြီးစောင့်မျှော်နေကြတယ်
ခင်များဗျာ
အချိန်တိုင်းလိုလို
စိတ်မကောင်းဖြစ်ရတယ်ဆိုတဲ့အောက်မှာ
ကျုပ်တို့အသက်ပေးနေရတယ်
အချိန်တိုင်းလိုလို
အပြင်းအထန်ရှုတ်ချပါတယ်ဆိုတာရဲ့အောက်မှာ
ကျုပ်တို့ပြည်သူတွေ အနိုင်ကျင့်ခံနေရတယ်
ပြီးခဲ့တဲ့ လက်ယက်ကုန်းရွာကျောင်းလေးက
တစစီကောက်ယူထားတဲ့ ကျောင်းသားလေးတွေရဲေအ‌လောင်းဟာ
ဘုရင်မကြီး သေဆုံးတာလောက်အရေးမကြီးဘူးတဲ့လား
မြန်မာပြည်သူတွေရဲ့အသက်ဟာ ကမ္ဘာ့အရေးမဟုတ်ဘူးတဲ့လား
စဉ်းစားပါအုံး ကမ္ဘာကြီးရယ်
မိုးကြိုးအပစ်ခံရတာ ကျုပ်တို့ပြည်သူတွေပါ
မိုးရွာတော့ အခြားတ‌နေရာမှာ
ယူကရိန်းပြည်သူလည်း ကျုပ်တို့ပြည်သူ
ရုရှားပြည်သူလည်း ကျုပ်တို့ပြည်သူ
ကမ္ဘာကြီးရဲ့ပြည်သူအ‌ပေါင်းတို့ဟာလည်း ကျုပ်တိုရဲ့ပြည်သူအပေါင်းပါပဲ
(sms) ရရှိသူများသာ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar