Breaking News

နိုင်မွန်အောင်သွင် - အရင်လို

အရင်လို
နိုင်မွန်အောင်သွင် 
(မိုးမခ) ဇွန် ၅၊ ၂၀၂၃

အရင်လို ဆံပင်ရှည်ထားတယ်။
အရင်လို စိတ်ကသိပ်မရှည်။

အရင်လို လက်ဖက်ရည်ဟာ ပုံမှန်ကျ။
အရင်လို အလွမ်းတွေဟာ နေသားမကျ။

အရင်လို ကောင်းဘွိုင်ကားတွေကြည့်။
အရင်လို အချိန်တိုင်း ကျည် အ နေခဲ့တယ်။

အရင်လို သီချင်းအကြမ်းစားတွေဖွင့်။
အရင်လို အမှန်တရားဟာ ပိုလို့တောင် ကြမ်းတမ်းခက်ထန်နေဆဲ။

အရင်လို  မိုးပြိုရင်လည်းအများနဲ့ပဲ တဲ့။
အရင်လို ငါ့စိတ်တွေဟာ ခိုကိုးရာမဲ့။

အရင်လို ထီးမပါ ဘာမပါ ကောက်ခါငင်ခါထွက်ခဲ့တယ်။
အရင်လို မိုးဟာ ကံဆိုးမသွားလေရာ
တကောက်ကောက်ပဲ။

၄.၆.၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar