Breaking News

မောင်လင်းရိပ် - တိမ်တုရဲ့ အောက်မှာ ပြိတ္တာ

တိမ်တုရဲ့ အောက်မှာ ပြိတ္တာ
မောင်လင်းရိပ်
(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၂၃

တိမ်အစစ်မှ မဟုတ်ဘဲ ကောင်းကင်ထဲ ရူးခါနေလိုက်ပုံများ
ဘာရုပ်ပုံ ဖန်ဆင်းပြပြ ရုပ်တစက်ကလေးမျှ ထွက်မလာတာ
မော့ကြည့်ရုံမျှ နေသားကျမနေပါနဲ့ မိတ်ဆွေ
မိုးဆိုတာ ထိုးဖောက်လို့ မဖြစ်နိုင်တာ မဟုတ်ဘူး ဆိုသဟာ
ဟိုမှာ သွေးနဲ့ကိုယ် သားနဲ့ကိုယ် သက်သေပြ လူငယ်လေးတွေဟာ ဘဝနဲ့ ကိုယ်
ခင်ဗျားရဲ့ ဣန္ဒြေရနေပုံများ ရုပ်သေလား ကြိုးပြတ်နေသူ ရုပ်သေးလား 
ဘာနဲ့ပဲ ထိုးဖောက်ထိုးဖောက် နစ်ဝင်သွားနိုင်တဲ့ ပြိတ္တာကိုယ်ကြီးလား။

၂၀၂၃၊ ဇူလိုင် ၂၄
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar