Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သာဝ ဘာမှမဝတော့

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - သာဝ ဘာမှမဝတော့

(မိုးမခ) ဇွန် ၁ ၊ ၂၀၂၄


တိုင်းပြည်ဘတ်ဂျက်နဲ့ အရပ်ထွက်လာတဲ့ စောက်ပုက ဦးစီးချုပ်လုပ်ပြီး ကျားဖြန့်နဲ့ ခါးဆန့်နေတဲ့ဗိုလ်အယုတ်တမာတွေရယ်၊ လုပ်ပိုင်ခွင့်တွေနဲ့ အထုပ်ကိုင်ဝင့်နေတဲ့ဗိုလ်စုတ်ချာတွေရယ်၊ မြင်းဆေးနဲ့ အပင်းကျွေးထားတဲ့ ဘီလူးစစ်သားတွေရယ်၊ သုက်ကြောင်နေတဲ့ ဒုတ်ကောင်တွေရယ်၊ စာသင်ကျောင်းနဲ့ ဆေးရုံ ဘာသာရေးအဆောက်အအုံနဲ့ အဘိုး အဘွား ရွာသူရွာသား ထမင်းရှင်များအပေါ် ပျော်ပျော်ကြီး ဗုံးကြဲနေတဲ့ အသိနုံ့နဲ့ သတ္တိမဲ့ စုတ်ပဲ့ဖျင်းသိမ် ပြည့်ဗီလိန်တွေရယ်နဲ့ ဖွဲ့စည်းထားတဲ့ မတော်တဲ့တပ်ကြီးကို အချောင်သမား ပြည်ရောင်းစား ငါမှတပါး တခြားမရှိ ဘယ်သူသေသေ ငတေမာမည် ခရိုနီတွေရယ်၊ အက်တိဗစ်နဲ့ လစ်ဘရယ်အတု  ညစ်ကျယ်ကျယ်ဂလုတွေရယ်၊ နိုင်ငံရေးလုပ်စား ငြိမ်းချမ်းရေးပွဲစား နိုင်ငံရေးပုရောဟိတ် အယောင်ဆောင်များရယ်၊ ဘောငုံ ဘောမ‌ ဘောသဘောပွတ် ဘောဂျေးချွတ်နဲ့ ဆင်ရီးခွေးမျှော်များရယ် ဝန်းရံထားတဲ့ပြည်ဖျက်မိစ္ဆာပြိတ္တာ အသိုက်အမြုံကြီးကား ပရုတ်လုံးလို စက္ကန့်နဲ့အမျှ အသက်ဂန့်ဂန့်လာရချေပြီ။ လက်ဆန့်ခြေဆန့်ချိန်လျော့ပါး ‌ဝန်နဲ့မမျှတဲ့ရှော့ဘားလို ပျော့အားငယ်ရသူဖြစ်လာလေပြီ။ 

ခုဆို သရေကြိုးနှစ်ကွင်းဟာ သောင်ပြင်လွှတ်တဲ့ခွေး ဘယ်ပြေးရမှန်းမသိသလို၊ ဖျင်ဝလောက်ကိုက်ခံရတဲ့ဘခွေးနာ အနာသက်သာအောင် ကိုယ့်ဖျင်လဲ ပြန်မလျက်သာ၊ မလျက်သာလို့ အနာသက်သာလိုသက်သာငြား မြေပြင်ဒရွတ်ဆွဲ ပွတ်ဖြဲပြန်တော့လဲ ဖျင်နာတာသာအဖတ်တင် ဖျင်အားကမပျောက်၊ ငြိမ်မရအောင်ကိုက်တဲ့လောက်မို့ တောင်မြောက်ပတ်ပြေး ပြေးတော့လဲပြေးတိုင်းယား၊ ယားတဲ့ဖျင်ဒေါပွ ကိုက်ဆွဖို့လှည့်ဆွဲရင်း ဆွဲရင်းမမှီရင်း လှမ်းဆွဲရင်း မှီသလိုလိုထင်ရင်းပတ်ခြာလည် ကိုယ့်ဒေါသနဲ့ကိုယ်လည်ရင်းလည်ရင်း လဲတော့ လှဲရင်းအီ၊ လူနားတအီအီလာလုပ်လို့ ဘာရှုပ်တာလဲဆိုထင်းချောင်းနဲ့ပစ်ရော၊ ချက်တဲ့ပြုတ်တဲ့နား စားတဲ့သောက်တဲ့နား သန်းရှာ ဗန်းပြာတဲ့နား စကားပြောတဲ့နားလာပြီး ခွေးအီတာလောက် ကျက်သရေယုတ်တာ ဘာရှိမတုန်း၊ အလွန်းနားကလီတဲ့ခွေးအီသံဆိုတော့ ထင်းချောင်းနဲ့ကောက်ပစ်တာပေါ့၊ ပစ်တော့ ထလစ် လစ်တော့ ပြေးရင်းဖျင်ကပြန်ယား၊ ယားတော့ မလှမ်းမကမ်းမှာ ခါးညွှတ် ဒရွတ်ဆွဲပြန်အီ၊ ဟာ ဒီခွေးဆို ပြန်ထပစ် ပြန်ထလစ်နဲ့ ဖျင်ဝလောက်ကိုက်ခံရတဲ့ခွေးနာဒစ်လည်နေပုံသာ မြင်ရောင်ကြည့်တော့။ အဲဒါ ခု စစ်ခွေးသရေကြိုးဒစ်လည်နေတာနဲ့တူတူဘဲ။ 

ဒေါ်လာကလဲ တဒေါ်လာကျပ်ငါးထောင်ဆိုတော့ တိရစ္ဆာန်ကောင်နဲ့ လူ ကွာခြားပုံဆိုပြီး တဒေါ်လာတန်နဲ့ ငါးထောင်တန် တွဲပြထားတာသာကြည့်။

ခု ခွေးအချင်းချင်း အမြီးနင်းမယ့် ဗိုလ်ချုပ်ကြီးတွေကိုဗျင်း အကျော်အခွဇယားခင်းတဲ့ကောင်တွေကိုနင်း ခွေးသားကြိုက်တဲ့တရုတ်ကြီးမဝမချင်း ကျားဖြန့်ဆိုပြီး တကောင်ပြီးတကောင်ထိုးထိုးကျွေးရင်း၊ ထောပြီးရင်းထော ပေါပြီးရင်းပေါလို့ စစ်သဘောဖောက် စစ်ကြောပျောက်လို့ မတိုက်ချင်သလိုလိုလုပ်နေတဲ့ကောင်တွေအကုန်ဖြုတ်၊ အမှန်ကတော့ မတိုက်တတ်တာ၊ အကုန်လုံးက အကြံအဖန်နဲ့ရာထူးတိုး ခွေးသူခိုးချည်းဘဲလေ၊ မအလကိုယ်တိုင်လဲဘဲ ဟုတ်တိပတ်တိတိုက်တတ်တာမဟုတ်၊ ခုဆို တပ်မတော်ကြီးတခုလုံးပါပြုတ်တော့မယ့်နီးနီး စစ်ပညာရှင်ကြီးပေါ့။ စောက်ရှက်မရှိချက်များ သူတို့ကိုသူတို့ စစ်ပါရဂူလိုလိုနဲ့ သမတလုပ်ချင် စစ်ရေးအမြင်ရှိရမယ်လို့က ခြေဥထဲတောင် ပြောင်စပ်စပ်နဲ့ ထည့်ရေးခဲ့သေးတာ။ ပြီးတော့ မတိုက်ရဲတာ၊ အလကားနေရင်း သူစောက်ရူးထတိုင်းအသေခံပေးရအောင် ငါက စောက်ရူးလားဆိုတဲ့စတိုင်၊ ထွက်မရအတူတူ အသက်က မလှူနိုင်ဘူးနော်၊ ပြုတ်လေ ကြိုက်လေဘဲဆိုသူတွေလေ။ တကယ်တော့ မအလကလဲ ကျည်ကွယ်မျက်ကွယ်က ထထဖောတာ။ သူလဲကြောက်တာဘဲ။ မကြောက် ခံနိုင်ရိုးလား၊ ပီဒက်တွေမှာလဲ ဗျောက်တွေနဲ့။

ဒါနဲ့ဘဲ ငမွဲစုတ်ချာ ရာထူးတက်ချင်တဲ့ မသာလောင်းလေးတွေကို ရာထူးတိုးပေး၊ အင်း ဒါလည်း မဲမဲမြင်ရာ အသတ်မခံရမချင်း ကိုက်ကွာဆိုပြီး ခွေးရူးဆေးစက္ကင်းရောင်းထိုးပေးတာ။ ဟောခု အပြင်က သားမယားနဲ့လူတွေကိုပါ မဟားတရား ဆွဲလားဖမ်းလားနဲ့ မတရားဇွတ်စစ်မှုထမ်းဖို့ လုပ်နေရုံမကတော့ဘဲ တပ်ထဲက ကောင်တွေကိုပါ ၂၄ နာရီ မနားတမ်း စစ်မှုထမ်းနေရမယ်ဆိုတဲ့စာ ထုတ်ရတဲ့ဘွ။ ပြန်မလာဇာတ်ခင်းသွားတဲ့ တပ်နံပတ်တွေက နည်းတာမှ မဟုတ်ဘဲ၊ မင်းတို့အားလုံး မအိပ် မစား ချေးမပါ သေးမပေါက် ရောက်တဲ့နေရာမှာ ငါ မသွားခိုင်းမချင်းနေဆိုတဲ့အသေခံဥပဒေ။ 

ကိုင်း ဒေါ်လှကလဲ ခေါ်မရတော့ ပစ္စည်းချင်း ဒဲ့လဲစနစ်တောင် ကျင့်သုံးတော့မတဲ့။ သူ့အရပ်ပုလို့ ခေါင်းမော့မော့ကြည့်ရတာနဲ့မှားပြီး စီးပွားရေးဦးမော့တယ်ပြောတဲ့ကောင်လေ။ ငွေဘယ်ရှာရမှန်းမသိတော့ သူ့ကြက်လေးပွေ့လာ ငါ့မုန်လာဥနီလေးနဲ့လဲ ခရမ်းချဉ်သီးလေးလဲထည့်ပေးအုံးဆိုတဲ့ ကျောက်ခေတ်အလွန်လောက်တုန်းက သုံးတဲ့နည်းပေါ့။  တကယ်တော့ ခွေးဝဲစားအကြံနဲ့ ခွေး‌သူခိုးကျင့် ကျင့်မလို့၊  သယံဇာတ လုပ်ကွက်တွေ လက်ညှိုးထိုး လဲမှာ၊ နောက်လူနဲ့ ဘယ်လိုရှင်းရှင်းဆိုပြီး ခွေးလေခွေးလွင့်ကြံ ကြံတာပေါ့လေ။ 

ဒီကြားထဲ သောက်ကြီးသောက်ကျယ်တွေကလဲ ထထအူသေး၊ မြစ်ထဲသာ ရေဆင်းမချိုးရဲတာ၊ မြစ်ဆုံရေကာတာဆောက်မယ်ဆိုတာမျိုး၊ အာကာသဆို ယဉ်လိုင်းလား ဆိုတဲ့ကောင်က အာကာသပညာပူးပေါင်းဆောင်ရွက်မယ်ဆိုတာမျိုး၊ ဖယောင်းတိုင်တောင် ကိုယ့်ကုန်ကြမ်းနဲ့ကိုမဖြစ်တဲ့ကောင်က နျူကလီးယားလျှပ်စစ် ထုတ်မယ်ဆိုတာမျိုးပေါ့။ မမီမကမ်းတွေ လှမ်းလှမ်းငုံရသေးတာလေ။ ဒါမှလဲ ခံတွင်းချဉ်ပြေမှာကိုး။ ငပုမှာ ဖျင်ယားမပျောက်ခင် ခံတွင်းက ထထချဉ်သေးတော့ ဖျင်ကုတ်ရမလိုလို နှုတ်သီးဖဲ့ရမလိုလိုဖြစ်သာကိုး။ 

အဖြစ်မှန်ကတော့ စစ်တပ်ထဲမှာကို စစ်တိုက်ဖို့ ဥပဒေထပ်ထုတ်ရတဲ့ဘွ။ သာဝရဲ့ ဘာမှမဝ တဖြည်းဖြည်း ပိုပိုငတ်ကြီးကျလာတဲ့ဘွ။ 





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar