ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လေယာဉ်ကို ခြေတင်နေတဲ့ကာလ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လေယာဉ်ကို ခြေတင်နေတဲ့ကာလ
မိုးမခ ၊ ဇူလိုင် ၉ ၊ ၂၀၂၅
တနေရာသိမ်း တစင်းကျနဲ့ စောက်ပုလည်း အပူမလည်တော့ဘူး။ မလည်ဆို ဒီလေယာဉ်တွေလည်း သေချင်စော်နံအောင် ပျံနေရတာ မဟုတ်လား။ အဲဒီတော့ လူရော ယာဉ်ရော သေတာပေါ့။ သေဆို သေချင်စိတ် များနေတာကိုး။ မဟုတ်ရင် မသေမချင်း ကလေးလေးတွေ လှည့်သတ်နေရတာ။ ဗုံးကြဲပြန်လာပြီဆို လေဘဲတွေလည်း ကိုယ့်သားသမီးမျက်နှာ ကိုယ်မကြည့်ရဲတဲ့အဆင့်။ သူတို့က သူတို့ကလေးတွေရဲ့ အနာဂတ်ကိုပါ ဗုံးကြဲလိုက်ရတာ မဟုတ်လား။ မိဘပစ္စုပ္ပန်ရဲ့ ညစ်ပုပ်ကံကြောင့် သားသမီးတွေအနာဂတ်ဟာ ကြမ္မာရဟတ်လည်ပေးရတော့မယ်လေ။
တကယ်တော့ မအလက သူ လောလောဆယ် အားကိုးအားထားပြုချင်ဟန်ဆောင်နေရတဲ့ ရွေးကောက်ပွဲကလည်း ပြေးပေါက်လွဲမယ့်ဟာဆိုတာ သိပြီးသား။ တရုတ်ကြီး road map မို့သာ မလှုပ်မယှက် ငြိမ်ခံနေရတာ။ မဟုတ်ရင် ရုတ်တရက် ပြုတ်ထွက်သွားနိုင်တာကိုး။ တရုတ်က သူမလုပ်လဲ နောက်တကောင် ဆွဲတင်ပြီး သူ့ကို ဘဲကင်လုပ်ပစ်မှာ သိတယ်လေ။ ခုဆို PDF တွေပါ လာဘာ လာဘာ လုပ်နေရ၊ လူသိရှင်ကြား ဖားနေရလို့ သူ့ဘောမတွေကပါ ဒေါသထွက်နေကြတယ်လေ။ မဖားလို့ကလဲ မရ၊ ကားနေအောင် အသားကုန် ဖုတ်တာကိုး။ လမ်းဘေးမိုင်းထောင်ဖြုတ်ရာကနေ စစ်ဌာနချုပ်ကို အမြှောက်နဲ့အုပ်တဲ့အဆင့် ရောက်လာကြပြီလေ။ ဆက်ဖုတ်မည်ဆိုတော့ လက်အုပ်မချီလို့က မရ။ ပီဒီအက်ကို သရဏံ ဂစ္ဆာမမိရင် အမှန်အကန် ဂန်းစာမိသွားမယ် မဟုတ်လား။
ဒီကြားထဲ ကျော်စွာလင်း ဆိုတဲ့ခွေးဝဲစားက စစ်မှုထမ်းဥပဒေကို ဇာတ်ရှိန်မြှင့်ဖို့ ထဟောင်တော့ ဗိုလ်ချုပ်သားတွေ စစ်ဥထမ်းဘောင်ဝင်နေရဲ့နဲ့ စစ်ဘောထမ်းမလိုက်ကြတာ ပွက်လောရိုက်လာရော။ ကိုယ့်သားသမီးတွေ ရှေ့က သေမပြဘဲနဲ့ သူများသားသမီးတွေ သေခိုင်းနေတာ သိပ်ရုပ်ပျက်လာပလေ။ ဒါထဲက စစ်မှုထမ်းသစ်တွေ ရှေ့တန်းမှာ လက်နက်ချရင် ထွက်ပြေးရင် မိဘဆွေမျိုးတွေပါ နာမယ်လို့ခြိမ်းခြောက်ထားတာ ခေတ်သစ်က ဖောက်ချလိုက်တော့ တလောကလုံးက မအေ နှမ ကိုင်တာခံရနဲ့ ဂွမ်းနေပုံတွေများ မကုန်နိုင် မခန်းနိုင်အောင်ပါဘဲ။ ဒီလောက်ဆိုးတဲ့ကောင်တွေက လုပ်မယ့်ငြိမ်းချမ်းရေးကိုများ လော်ကိုင်ပေးနေရသေးတယ်ဆိုပြီး ကလော်တုတ်ခံကြရတော့ လော်ဘီတွေလဲ တော်ကီတွေ မဖြဲနိုင်တဲ့အပြင် ဂန်းကြားပါ ဟိုဟာညှပ်ကုန်တာပေါ့လေ။ အခန့်မသင့်ရင် ဂန်းကြားပါ ညှပ်သွားနိုင်တာမဟုတ်လား။ အင်း သူတို့လဲ လော်သာလော် မတော်တာတွေချည်းဆိုတော့ ဆော်ခံရမှာလဲ ကြောက်ကြတာပေါ့။
ထိုင်းဝန်ကြီးချုပ်ပေထုံတန်တောင် မအလနဲ့ပတ်သက် လက်ဆွဲနှုတ်ဆက်လိုက်တာနဲ့ ပြုတ်ထွက်သွားနိုင်တဲ့ အကုသိုလ်မျိုး၊ မြန်မာပြည်သူကို သူနဲ့ပေါင်းနှိပ်စက်တဲ့ မဟာအင်အားကြီး တရုတ်ပြည်တောင် ရေနင်းလို့ ခြေဆင်းငိုရတဲ့ကံကြမ္မာဆိုး၊ ခုဆို ရှီကျင့်ဖျင်တောင် သေသလား ရှင်သလား မသိလောက်အောင် ထိခိုက်နေပြီဆိုတော့ ကြောက်ကြပြီပေါ့။ ရပ်ရှားသာ ကြည့်၊ မရပ်မနား သေကျေပျက်စီးနေကြတာများ အိုး ရူးသွားလောက်စရာလေ။ မအလနဲ့ပေါင်းလို့ ဘယ်သူကမှ ပူတင်ကို လူမထင်ကြတော့ဘူး။ အင်း သူတို့နဲ့ပေါင်းရင် ခွေးဖြစ်တယ်ဆိုတာ အမှန်ကိုး။ အဲတော့ မကြောက်လို့မရ ဗျောက်ဗျဆိုသာလိုပေါ့လေ။ ဟော ခု စစ်မှုထမ်းသစ်တွေက လစ်လွန်းလို့ နောက်ကြောင်းစစ်ပြီးမှထည့်ကြဖို့တွေပါ ပြောနေရပြီ။ လစ်ရင်လဲ သေနတ်နဲ့ကျည်ပါ နိုင်သလောက်သယ်သွားတဲ့အပြင် ပြန်တွယ်မယ်ပါလုပ်လာတော့ ခက်မဆုံးတော့သည် ဖြစ်လာပြီ။ သူများသားသမီးအလွယ်တကူခေါ်အသေခံခိုင်းရတာ အဟုတ်ကျ ဘယ်လွယ်မလဲ။ ထွက်ပြေးသွားသူထက် မပြေးသာလို့ကျန်နေသူတွေက ပြန်နှံမှာ ပိုကြောက်ရတဲ့အခြေအနေဆိုတော့ မစစ်လို့ကမရ၊ တွေ့တဲ့ကောင် ပြန်ထုတ်ဖြုတ်ရှင်းရတော့မယ်လေ။ သူတို့က အကောင်ကြီးကြီး အမြှီးရှည်ရှည်ထိ အနီးကပ် အပြီးသတ် ခြွေခွင့်ရသူတွေ ဖြစ်လာပါပကောလား။ အဲဒါတွေ တွေးတွေးမောနေရတဲ့ငပုကွ၊ မချောမလှတဲ့ သခေါမထားလို့ မြေးကလေးတွေတောင် မယုယနိုင်တော့။ မအလနဲနဲကံကောင်းတာက ချင်းတွေက အချင်းချင်းဗျင်းနေသလို ရှမ်းမြောက်မလဲ တယောက်နဲ့တယောက် မတည့်ကြ၊ စောင်းကြမြောင်းကြ ချမလို့ချောင်းနေကြ ဖျင်ခေါင်းကျယ်ကြဆိုတော့ ပျော်တာပေါ့အမေရယ်လုပ်နေတယ်လေ။ အညာမလဲ ၁၂လက်မ၁ပေ၊ ၃ပေ၁ဂိတ်နဲ့တိုင်ပတ် ပသုံးလုံးတွေ မိုးမမြင်လေမမြင်ဖျင်ခေါင်းကျယ်တာတွေနဲ့ ရှုပ်ယှက်ခတ်နေတော့ သားကြီးတို့အေးဆေးဖြစ်နေသေးတယ်လေ။ မဟုတ်လို့ကတော့ အထုပ်မ ပြေးရတာကြာပကော။
အင်း ရှင်နည်းရာ အဂ္ဂလူထွက်တာကတော့ ရှမ်းနီ၊ နောင် ရှမ်းနီအရေး ရင်လေးတယ်ဆိုပြီး အမြင်ကျယ်လူငယ်တွေ ခွဲထုတ်ကုန်ကြပြီ။ ပီဒက်နဲ့ပေါင်းပြီး ပြန်ထောင်းဖို့လုပ်ကုန်ကြပြီ။ ဒီရှမ်းနီနဲ့ ပအိုဝ်းအားကိုးနေရတာ ခုတိုင်းဆို တဖြည်းဖြည်းပဲ့ပါကုန်တော့မယ်။ ရိုဟင်ဂျာတွေကို သုံးဖို့လဲ ခက်လာတယ်။ ပအိုဝ်းတွေကလဲ ဘယ်နေ့ ပြန်တွယ်မယ် မသိ။ နိုင်ငံရေးအခြေအနေ ပြောင်းတာနဲ့ စစ်ရေးချိန်ခွင်လျှာ ပြောင်းသွားနိုင်သလို စစ်ရေးပြောင်းတာနဲ့လဲ နေပြည်တော်မှာ ဗြောင်းဆန်သွားနိုင်တာမဟုတ်လား။ ဒါတောင် ကိုးကန့်က လက်နက်ချ အဖမ်းခံတွေ သုံး လေးထောင် ပြန်ပေးထားလို့သာ သက်သာတော့တာ။ နို့မို့ အို့အို့ဆိုတိုင်း အမြှီးနှန့်ပြနေရတော့မှာလေ။
မအလကတော့ ကျေးကျေးပါ ကိုးကန့်ရေ၊ စစ်ဌာနချုပ်ရော အရာရှိတွေရော စစ်သည်တွေရော ပြန်ပေးလို့ ကျေးကျေးပါလုပ်နေတယ်။ တရုတ်မှာ အာဏာလုပွဲတွေဖြစ် ငရှီလေး အပီကျွေးခံရလို့လစ်သွား၊ နောက်လူတွေက ဆက်ဆံရေးပုံပြောင်း နုကြည်ကို ပေါင်းသွားလို့ရင်တော့ သေပြီပေါ့။
ခုဆို မအလခမျာ ဖွဟဲ့ ဖေဖေကြီး အဲလေ ဖျင်ဖျင်ကြီးရေခဲပါစေ လုပ်နေရတယ်။ ဖေဖေကြီးရေခဲမှ ဝမ်ပေါင်တို့ဘာတို့လည်ပတ်နိုင်မှာ၊ ပိုက်ပိုက်ရမှာကိုး။ ဝမ်ပေါင်ဆီက ပိုက်ပိုက်ယူ စောင့်ရှောက်ပေး C တွေကို Non ပြန်ဖြစ်အောင် လုပ်ပေးတဲ့ ပီဒက်တွေကိုလည်း ကျေးဇူးတင်နေပါသတဲ့။ အဲသာကြောင့်လဲ ပီဒက်တွေ ချီတက်ခဲ့ပါ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ကြီး အတူထောင်ကြမယ်၊ ရည်ရွယ်ချက်တူတယ်တွေ ဘာတွေ လုပ်နေတာပေါ့လေ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar