Breaking News

ဖလော်ဒါဟန် - ပြုပြင်ပြောင်းလဲမှုများမှ လူငယ်များဘဝနဲ့ ဦးဆောင်မှု


ဖလော်ဒါဟန် - ပြုပြင်ပြောင်းလဲမှုများမှ လူငယ်များဘဝနဲ့ ဦးဆောင်မှု

မိုးမခ ၊ ဇူလိုင် ၂၀ ၊ ၂၀၂၅


ပြောင်းလဲမှုတွေအကြောင်း ကြားရတော့ မပြောင်းလဲတဲ့ မိမိစိတ် ခံယူချက်ကို‌ ကျေနပ်နေမိတယ်။

ဘဝမှာ ဒဏ်ဆိုတာ ဆင်းရဲသည်ကိုမှ ဒဏ်လို့ ခေါ်တာ မဟုတ်ပါဘူး။

စိတ်ဒဏ်ရာတွေ ရရှိခဲ့ရင်လည်း မိမိစိတ်ကို ချမ်းသာခြင်း၊ အေးချမ်းခြင်း ဆိုတဲ့ စိတ်ချမ်းသာမှုကိုရှာကြရတယ်။

ဆင်းရဲဒဏ်ကို ကျော်ဖြတ်ဖို့ မိမိရဲ့ ကံ၊ ဉာဏ်၊ ဝီရိယတွေနဲ့ တွဲဖက်ပြီး သင့်တင့်လျောက်ပတ်တဲ့အလုပ်ကို တစိုက်စိုက်မတ်မတ် လုပ်ကိုင်ကြရတယ်။

ကျွန်မတို့ ရွေးချယ်ခဲ့တဲ့လမ်းဖြစ်သည့် တလရမှာ မိမိတတ်နိုင်သည့် ကဏ္ဍအလိုက် တစိုက်မတ်မတ်နဲ့ အလုပ်ကိုယ်စီ၊ တာဝန်ကိုယ်စီ ဆိုသည်ကို မည်သူမှ မပေးဘဲ မိမိအသိနဲ့ လုပ်ကိုင်ခဲ့ကြတယ်

အဲဒီအတွက် လူတိုင်းမှာ သင်ခန်းစာတွေ၊ အတွေ့အကြုံတွေများစွာ ရကြပါတယ်။

ယနေ့အချိန်မှာ တလရအရေးလည်း လုပ်ကြရသလို တဖက်မှာလည်း နိုင်ငံအရေးမှာ မိမိတို့လျှောက်နေသည့်စနစ် မတရားမှုများကို ပြည်တွင်း ပြည်ပမှ လူအများ သိရှိဖို့ လက်ခံယုံကြည်ဖို့လည်း ကြိုးစားကြရပါတယ်။

အာ‌ဏာရှင် ဆိုတာ မိမိလက်ထဲမှာ ရှိနေတဲ့ အစိုးရ ဆိုသည့် တံဆိပ်တုံးကို အသုံးချနေတာကလွဲလို့ ပြည်သူ့မျက်နှာ ရှေးရှုတယ် ဆိုတာ မရှိပါဘူး။

၆ လ တကြိမ် သက်တမ်းတိုးရင်း အသက်ဆက်နေတာဟာ ၅ နှစ် ဆိုတဲ့ အစိုးရသက်တမ်းတခု‌တောင် ပြည့်လုနီးနီးရှိနေပါပြီ။

ပြုပြင်ပြောင်းလဲမှုလို့ ပြောရင် မိမိတို့ရဲ့လုပ်ရပ်နဲ့ ရပ်တည်ချက်၊ ဦးတည်ချက်များက ဘယ်လိုလမ်းကြောင်းမှာ သွားနေကြပါသလဲ။

လိုအပ်ချက်က ဘာ‌တွေလဲ၊ ဖြည့်ဆည်းရမယ့် လိုအပ်ချက်တွေကကော ဘာတွေ လိုအပ်‌နေပါသလဲ။

ဒါထက် အရေးကြီးတာက ဦးဆောင်ဦးရွက်မှုနေရာကနေရင် ရဲဘော်ငယ်တွေရဲ့ အတွေး လုပ်‌ဆောင်မှုစွမ်းရည်တွေရော သိရှိဖို့ လိုသလို သိအောင်လည်း ကြိုးစားကြရမှာပါ။

လူငယ်တွေရဲ့ တီထွင်ကြံဆလိုတဲ့စိတ်နဲ့ တက်ကြွတဲံ့စိတ်မှာ ပါဝင်ပတ်သက်သူ အကြီးအကဲများရဲ့လျစ်လျူရှုမှုများသည်လည်း လူငယ်များကို စိတ်ဓာတ်ကျစေသလို ခြေလှမ်းတွေ အားလျော့သွားနိုင်ပါတယ်။

အခုလို ပြုပြင်‌ပြောင်းလဲမှုများမှ အကြီးအကဲ လူကြီးတွေရဲ့ စိတ်နဲ့ ခံယူချက်သည် နဂိုပင်ကိုအရည်အချင်းကို သံသယဖြစ်စရာ မလိုသည်အထိ ပြည်သူဘက်မှ စိတ်ဓာတ်ကြံ့ခိုင်ခဲ့ကြပါတယ်။

အခုလို ရင့်ကျက်မှု၊ ကြံ့ခိုင်မှုများမှ မိမိတို့အချင်းချင်း နားလည်မှုအပြည့်ထားကြမယ်ဆိုရင် လူငယ်များရဲ့ ဘဝတွေ ပိုပြီးတောက်ပလာကြမယ်ဆိုတာ ထောက်ပြရင်း။

 
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar