Breaking News

ဖလော်ဒါဟန် - ပြည်သူတွေ ရင်ဆိုင်ကြရဦးမဲ့ဘေး

ဖလော်ဒါဟန် - ပြည်သူတွေ ရင်ဆိုင်ကြရဦးမဲ့ဘေး

မိုးမခ ၊ ဇန်နဝါရီ ၁၆ ၊ ၂၀၂၅


ညက ရာသီဥတုကအေးအေးနဲ့ ငလျင်ဒဏ်ပြင်းပြင်လေး လှုပ်ခတ်သွားတယ်။

၉ နာရီ ၂၆ မိနစ် အချိန်လောက်ကနေ တမိနစ်နီးနီး ရှိမလားဘဲ လှုပ်နေတာပါ ငလျင်လှုပ်ချိန်နဲ့ ငလျင်ပြင်းအား ဆောင်းတွင်းကာလ ကုန်ချိန်မှာ အပြင်းဆုံးလို့ ဆိုရမှာပါ။

မြန်မာပြည်ရဲ့ ဆင်းရဲမွဲတေမှုမှာ ပြည်သူများအတွက် နည်းပညာဆိုင်ရာ မိုး‌လေဝသအခြေအနေ အခြားသော မြေပြင်သတင်းအချက်အလက်များပါမကျန်‌ ဝေဟင်မှ ဂြိုဟ်တု သတင်းပေးများလည်း ရှိကောရှိသေးရဲ့လား ဆိုတာ မသိနိုင်တော့ပါ။

မည်သူမှလည်း ယခင်လို ရေဒီယိုနားထောင်သူ တီဗွီကြည့်သူများလည်း မရှိကြတော့ပါ။

ပြည်သူများမှာ အွန်လိုင်းပေါ်မှ ပါစင်နယ်အကောင့်များဖြင့် တင်ကြသည့် ပို့စ်များမှ မိုးလေဝသဆိုင်ရာ အရေးပေါ်အချက်အလက်များကိုသာ ကြည့်ရှုကြသူများ လာကြသည်ကို မြင်တွေ့ကြားလာကြရသည်။

ယ‌နေ့အချိန်မှာဆို ရာသီဥတုနဲ့ပတ်သက်၍ ဒေသဆိုင်ရာ ဘေးအန္တရာယ်များကို ဆက်တိုက်ဆိုသလို ခံစားနေကြရပါပြီ။

ဒီအတွက် လက်ရှိ အာဏာရအစိုးရအနေနဲ့ စိတ်ဝင်စားမှူမရှိသလို ပြည်သူတွေအပေါ်မှာ မည်သည့်အကျိုးမှ ဆောင်ရွက်ဖို့ အစီအစဉ်များ မရှိသေးပါ။

ယခုလောလောဆယ် စစ်မှုထမ်းကြေးနှင့် ရွေး‌ကောက်ပွဲအတွက် မိမိတို့ အရှုံးကို အမုန်းနဲ့ပြန်လည်ရယူနိုင်ဖို့ ကြိုးစားနေကြဆဲပါ။

ပြည်သူကလည်း မိမိတို့လမ်းကို မိမိတို့ လျှောက်နိုင်ဖို့ အကြမ်းဖက်လာရင် အနုဖက်ငွေကြေးနဲ့ ဖြေရှင်းကြသလို အသက်ကို ရင်းရမဲ့အချိန်မှာ လက်ရှိ အာဏာရှင်များနဲ့ လွတ်ကင်းရာလွတ်မြောက်ရာမှာ နေကြတယ်။

မြန်မာနိုင်ငံရဲ့ ရာသီအကူးအပြောင်းနဲ့အတူ ကျရောက်လာမဲ့ ဘေးဒုက္ခဟူသမျှကို ပြည်သူသာ ခါးစည်းခံလို့ နောက်ထပ် ရာသီစက်ဝန်းတခုကို ဖြတ်ကျော်ကြရဦးမယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar