အာဆီယံအဖွဲ့ဝင် နိုင်ငံအချင်းချင်းအကြား တီမောလက်စ်တေသံတမန်ကို မြန်မာစစ်အစိုးရက နှင်ထုတ်
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၁၅ မြင်ကွင်း
(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆
အာဆီယံအဖွဲ့ဝင် နိုင်ငံအချင်းချင်းအကြား တီမောလက်စ်တေသံတမန်ကို မြန်မာစစ်အစိုးရက နှင်ထုတ်
ပြီးခဲ့တဲ့ နှစ် ကုန်ပိုင်း အာဆီယံအဖွဲ့ကြီးရဲ့ ညီလာခံမှာ ၁၁ နိုင်ငံမြောက် အဖွဲ့ဝင်အဖြစ် ၁၀ နိုင်ငံက သဘောတူခဲ့ကြတဲ့ တီမောလက်စ်တေ နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံကို ၇ ရက်အတွင်း မြန်မာနိုင်ငံက ထွက်ခွာသွားဖို့ အာဏာသိမ်းစစ်အစိုးရ ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီ ၁၅ ရက်နေ့က နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
အခုလို အာဆီယံ အဖွဲ့ဝင်နိုင်ငံအချင်းချင်း အကြား သံတမန်နှင်ထုတ်မှုဟာ ဖြစ်တောင့်ဖြစ်ခဲ ရှားရှားပါးပါးဖြစ်ရပ် ဖြစ်ပြီး မြန်မာအာဏာသိမ်းစစ်အစိုးရက တီမောလက်စ်တေနိုင်ငံအပေါ် အပြင်းထန်ဆုံး သံတမန်ရေး တုံ့ပြန်မှုလို့ ဆိုရမှာ ဖြစ်ပါတယ်။
မကြာသေးတဲ့ လအနည်းငယ်က ချင်းပြည်နယ်ရှိ ချင်းလူ့အခွင့်အရေး အဖွဲ့ CHRO အဖွဲ့က တီမောလက်စ်တေ နိုင်ငံကို သွားရောက်ပြီး ချင်းပြည်နယ်ထဲမှာ မြန်မာစစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တီမောလက်စ်တေနိုင်ငံက တရားရုံးမှာ အမှုဖွင့်ဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဒီကြိုးပမ်းမှုနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်အစိုးရ က သိသိချင်း တီမောလက်စ်တေ နိုင်ငံကို ကန့်ကွက်ပြောဆိုခဲ့တာ ဖြစ်ပေမယ့် တရားရုံးမှာ အမှုဖွင့်ဖို့ လုပ်ငန်းစဥ်ကို ဆက်လက်လုပ်ဆောင်နေတာ အမှုကို လက်ခံထားပြီး အစိုးရရှေ့နေ တဦးခန့်အပ်ကာ အမှုကြားနာမယ့် အနေအထားရောက်လာချိန်၊ CHRO အဖွဲ့ရဲ့ တာဝန်ရှိသူတွေက တီမောလက်စ်တေ ရဲ့သမ္မတဖြစ်သူက လက်ခံတွေ့ဆုံခဲ့ပြီးနောက် သီတင်းပတ် ၃ ပတ်ကျော်အကြာမှာ အခုလို သံရုံးယာယီတာဝန်ခံကို ၇ ရက်အတွင်း မြန်မာနိုင်ငံက ထွက်ခွာဖို့ ညွှန်ကြားချက်ထုတ်ပြန်တဲ့ အခြေအနေထိ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
တီမောလက်စ်တေ နိုင်ငံအနေနဲ့ အာဆီယံ အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်တွေကတည်းက မြန်မာအာဏာသိမ်းစစ်အစိုးရ ဘက်က အာဆီယံအဖွဲ့တွင်းမှာ ကန့်ကွက်မှုတွေရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အမျိုးသားညီညွတ်ရေး အစိုးရ ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဖြစ်သူကို တီမောလက်စ်တေ နိုင်ငံ အစိုးရအဖွဲ့ ခေါင်းဆောင်တွေက တရားဝင် လက်ခံတွေ့ဆုံတာတွေ လုပ်ဆောင်ခဲ့တာကြောင့် မြန်မာစစ်အစိုးရက တီမောလက်စ်တေ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တယ်လို့ စွပ်စွဲကာ အာဆီယံ အဖွဲ့ဝင်ဖြစ်ရေးကို ကန့်ကွက်ထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ကန့်ကွက်ထားတဲ့ ကာလအတောအတွင်း တီမောလက်စ်တေ နိုင်ငံက သံတမန်တွေက မြန်မာစစ်အစိုးရရဲ့နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ တွေ့ဆုံပြီး ၄င်းတို့နိုင်ငံမှာ အမျိုးသားညီညွတ်ရေး အစိုးရ ရဲ့ ရုံးဖွင့်လှစ်ခွင့် မပြုဖို့ ကတိပေးခဲ့တာ၊ စစ်အစိုးရအပေါ် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်ခွင့်ပေးမှာ မဟုတ်ကြောင်း ၂၀၂၅ ခုနှစ် စက်တင်ဘာလမှာ ကတိပြုခဲ့ပြီးနောက် တီမောလက်စ်တေ နိုင်ငံကို အာဆီယံ အဖွဲ့ဝင် အဖြစ်လက်ခံဖို့ မြန်မာစစ်အစိုးရဘက်က ကန့်ကွက်ချက်ကို ရုပ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။
အဲဒီလို သံတမန်ရေး အရ ပြောဆိုမှုတွေ ဆွေးနွေးမှုတွေ လုပ်ဆောင်ပြီးနောက် အာဆီယံအဖွဲ့ဝင်ဖြစ်လာပြီး လအနည်းငယ်အကြာမှာ မခုလို CHRO အဖွဲ့ရဲ့ မြန်မာစစ်တပ် အပေါ် တရားစွဲဆိုဖို့ လျှောက်ထားမှုတွေ ပေါ်ထွက်လာခဲ့ပြီး နောက်ဆုံးရလဒ်အဖြစ် သံတမန် နှင်ထုတ်မှုအထိ ဖြစ်ပွားလာတာ ဖြစ်ပါတယ်။
ယမန်နှစ် စက်တင်ဘာလ တီမောလက်စ်တေ နိုင်ငံခြားရေး ဝန်ကြီးနဲ့ အဖွဲ့က မြန်မာနိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံစဥ် တီမောလက်စ်တေ နိုင်ငံ ဒီလီမြို့မှာ မြန်မာစစ်အစိုးရ အနေနဲ့လည်း သံရုံးလာရောက်ဖွင့်လှစ်ဖို့ ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပါသေးတယ်။ သို့ပေမယ့် ဒီကာလတွေအတွင်း မြန်မာစစ်အစိုးရ ဘက်က တီမောလက်စ်တေ နိုင်ငံမှာ သံတမန် ထားရှိတာ သံရုံးဖွင့်တာတွေအထိတော့ ဆောင်ရွက်ခြင်း မရှိသေးတာ တွေ့ရပါတယ်။
အရှေ့တီမောလို့လည်း ခေါ်ဆိုတဲ့ တီမောလက်စ်တေ နိုင်ငံဟာ အင်ဒိုနီးရှား လက်အောက်က ၂၀၀၂ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့ပြီး လူဦးရေအားဖြင့် ၁ သန်းကျော်သာ ရှိပါတယ်။ နိုင်ငံရဲ့ GNP အသားတင်ထုတ်လုပ်မှု ပမာဏ ဒေါ်လာ ၁.၂၉ ဘီလျံသာရှိပြီး အရှေ့တောင်အာရှ နိုင်ငံတွေအနက် လူဦးရေနဲ့ စီးပွားရေးပမာဏ အနည်းဆုံး လာအိုနိုင်ငံထက်ကို အဆများစွာ နည်းပါးတဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံလည်း ဖြစ်ပါတယ်။ ကိုလိုနီ အုပ်ချုပ်မှုအောက်မှာ ကာလကြာရှည်စွာ ကြိုးပမ်းခဲ့ရတဲ့ နိုင်ငံဖြစ်တာနဲ့ အညီလက်ရှိခေါင်းဆောင်တွေဟာ တီမောလက်စ်တေရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ ပါဝင်ခဲ့သူတွေဖြစ်ပြီး ဒေသတွင်းနိုင်ငံတွေက အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အပေါ် ကိုယ်ချင်းစာနာမှု ခံစားချက် ရှိကြတဲ့ သဘောလည်း ဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီလှုပ်ရှားမှု၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှုကို ထောက်ခံအားပေး နေတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံက အာဏာသိမ်းစစ်အစိုးရအနေနဲ့ အာဆီယံ အဖွဲ့ဝင် အသစ်ဖြစ်လာတဲ့ တီမောလက်စ်တေကို မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ အပေါ် စာနာကူညီတဲ့ သဘောထားရှိတာ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့က ကိုယ်စားလှယ်တွေကို တရားဝင် လက်ခံတွေ့ဆုံတာတွေ လုပ်ဆောင်မှုကြောင့် မပြတ်တမ်း စောင့်ကြည့်နေပြီး အခုနောက်ဆုံး တုံ့ပြန်မှုကတော့ သံတမန်ရေးအရ အပြင်းထန်ဆုံး တုံ့ပြန်မှု တခုဖြစ်ပါတယ်။
ဒီလို အဖွဲ့ဝင် နိုင်ငံအချင်းချင်း အကြားဖြစ်ပေါ်လာတဲ့ သံတမန်ရေး အရ တုံ့ပြန်မှု မသင့်မမြတ်ဖြစ်မှုတွေကို အာဆီယံ အဖွဲ့အနေနဲ့ ကြားဝင် ဖြေရှင်းရမယ့် အနေအထားရှိလာနေပါတယ်။
မြန်မာစစ်အစိုးရ အပေါ် အာဆီယံမူ ၅ ချက်ကို အကောင်အထည် မဖေါ်နိုင်သေးတာကြောင့် အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွေမှာ အဆင့်လျှော့ချ တဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်ထားတာ ၄ နှစ်ကျော် ရှိလာပြီ ဖြစ်ပါတယ်။
အခု နောက်ဆုံး ဖြစ်ပွားလာတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံအချင်းချင်း အကြားက သံတမန်ရေး ပဋိပက္ခဖြစ်မှုကို အာဆီယံ အဖွဲ့က ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာတော့ စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar