Breaking News

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၄) အပိုင်း (၂၇)

မောင်မောင်စိုး ● ကျိုင်းတုံစစ်တမ်း - အခန်း (၄) အပိုင်း (၂၇)
(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၉

● SNA နှင့် ကျိုင်းတုံ
တကယ်တမ်းဆိုရလျင် SNA သည် ရှမ်းအရှေ့ဒေသခံတပ်ဖြစ်သည့် အားလျော်စွာ ကျိုင်းတုံမြို့ဒေသခံများနှင့် ရင်းရင်းနှီးနှီးဆက်သွယ်မှု နှင့် ထောက်ခံမှု ရရှိထားသည်။ SNA နှင့် ရှမ်းတော်လှန်ရေးကို ထောက်ခံသည့် လျ ုှိ့ဝှက်အဖွဲ့အစည်းတရပ် ကျိုင်းတုံတွင် ဖွဲ့စည်းထားရှိသည်။ ကျိုင်းတုံမြို့ပေါ်ရှိ ရှမ်းပညာတတ်များ၊ မြို့မိမြို့ဖများနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ် သည်။ တောတွင်းရှိရှမ်းပြောက်ကျားများအား အထောက်အပံ့ဖြစ်စေရန်နှင့် အချိန်ကျ လျင် မြို့တွင်းပြောက်ကျားဆင်နွှဲနိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းထားကြ ပုံရသည်။

SNA ယိုယွင်းလာသည့်အခြေအနေကို ကုစားရန် ၁၉၆၈ ခုနှစ်တွင် ကျောင်းသားများ တသုတ်ပြီးတသုတ်စေလွှတ်၍ တောခိုစေခဲ့ပြီး SNA အားအားဖြည့်ပေးခဲ့သည်။ ထိုစဉ်ကအခြေအနေမှာ လူစုဆောင်းရသည်က လွယ်ကူသော်လည်း လက်နက်ရရှိရန် ခက်ခဲသည့်ကာလဖြစ်သည်။ တချိန်တည်းတွင် လျှ ို့ဝှက်အဖွဲ့အစည်းမှ လူကြီးတဦးအားလည်း SNA အခြေအနေ ထိမ်းသိမ်းရန်အတွက် စေလွှတ်ခဲ့သည်။ စေလွှတ်ခံရသူမှာ ဆရာစိုင်းမုန်တစ်ဖြစ်သည်။ ဆရာစိုင်းမုန်တစ်သည် BA ဘွဲ့ရတဦးဖြစ်ပြီး ၁၉၆၁ မှ ၁၉၆၅ ထိနောင်တိန် အထကတွင် အထက်တန်းပြတာဝန်ယူခဲ့ပြီး ၁၉၆၅ ခုနှစ်မှ တောခိုသည့် ၁၉၆၈ ထိ အလက ၄ တွင် ကျောင်းအုပ်ဆရာကြီးအဖြစ် တာဝန်ယူနေသူဖြစ်သည်။ ဆရာစိုင်းမုန်းတစ် SNA သို့ ရောက်သွားသောအခါ တကွဲတပြားစီ ဖြစ်နေသော တပ်ဖွဲ့များအား အတန်အသင့် ပြန်လည်စုဖွဲ့နိုင်ပြီးမူဝါဒများ၊ စည်းကမ်းများ ပြန်လည်ချ မှတ်ပေးနိုင်ခဲ့သည်။

သို့သော် ၁၉၇၁ ခုနှစ်တွင် ကတ်ဖအုပ်စု နောင်လရွာတွင် ဖြစ်ပွါးသောတိုက်ပွဲတွင် ဆရာစိုင်းမုန်တစ်အား ဒဏ်ရာဖြင့် တပ်မတော်က ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိချိန်တွင် သူ၏ကျောပိုးအိတ်အတွင်းမှ မြို့ပေါ်လျှို့ဝှက်အဖွဲ့အစည်း၏ လူစာရင်းများနှင့် ဆက်သွယ်ထားသော စာရွက်စာတမ်းများပါ သိမ်းဆည်းရမိသွားခဲ့သည်။ ဒဏ်ရာနှင်ဖမ်းမိသော ဆရာစိုင်းမုန်တစ်လည်းကွယ်လွန်သွားပြီး ကျိုင်းတုံဆေးရုံသို့ ရောက်လာရာ ကျိုင်းတုံလူထုက စည်စည်ကားကားလျှို့သဂြိုလ်ပေးခဲ့သည်။ ကျိုင်းတုံလူထုက စိုင်းမုန်တစ်သည် တပ်မ တော်စစ်ကြောရေးတွင် အစစ်ဆေးခံရင်း ကွယ်လွန်သည်ဟု ယူဆကြသည်။ တပ်မတော်ဖက်ကတော့ ရရှိသော ဒဏ်ရာနှင့် ကွယ်လွန်သည်ဟု ဆိုပေလိမ့် မည်။

ထို့အပြင် ဖမ်းဆီးရမိသည့် စာရွက်စာတမ်းများအရ ကျိုင်းတုံမြို ပေါ်မှ မြို့မိမြို့ဖများ၊ ရှမ်းပညာတတ်များ အဖမ်းဆီးခံရသည်။ စုစုပေါင်း ၃၅ ဦး အဖမ်းခံခဲ့ရသည်။ ၂၂ ဦးအား မတရားသင်းနှင့် ဆက်သွယ်သည့်ဥပဒေ ပုဒ်မ ၁၇ (၁) (၂) တိ့ဖြင့် တရားစွဲအရေးယူခဲ့ပြီး ၁၉၇၄ ခုနှစ် မေလတွင် မန္တလေးထောင်သို့ ပိ့ုဆောင်ခဲ့ပြီး နောက်ထပ် ၂ နှစ်ခန့် အကျ ဉ်းကျခဲ့ကြသည်။ ၁၃ ဦးကိုတော့ တရားစွဲခြင်းမပြု ဘဲ ပြန်လွှတ်ပေးခဲ့သည်။ သို့နှင့် ကျိုင်းတုံမြို့ပေါ်ရှိလျှို့ဝှက်အဖွဲ့အစည်း အားပျော့သွားခဲ့သည်။

သို့သော် ဆရာစိုင်းမုန်တစ်အား ဖမ်းဆီးရမိခြင်းမရှိမီ ၁၉၇၀ ခုနှစ်တွင်SNA ၏ ဒုတိယခေါင်းဆောင် နန်ဆိုင်းကျောက်နှင့် အင်အား ၆၀ ခန့် လက်နက်ချ သည်။ ထို့ပြင် ၁၉၇၀ မှာပင် ကောင်းဖန်ဆန်ကျောက်ဦးစီးသည့် အင်အား ၂၅၀ ခန့်ထပ်မံခွဲထွက် သောအခါ SNA သည် ပြို လဲသွားတော့ သည်ဟု ဆိုရမည်။ အဓိကခေါင်းဆောင် အွန်ကျ န့်လည်း လာအိုရှိ CIA အဆက်အ သွယ်ဟောင်းများထံသို့ သွားရောက်ခိုလှုံ ခဲ့သည်။ ထို့နောက်ပိုင်းတွင် ထိုင်း နိုင်ငံ မယ်ဆိုင်မြို့ပြောင်းရွှေ့၍ မထင်မရှား နေထိုင်ခဲ့သော်လည်း သူ့တပည့် ဟောင်းများသိရှိသွားပြီး အွန်ကျန့်တို့လင်မယားအားပြန်ပေးဆွဲ သတ်ဖြတ်ခဲ့သည်ဟု ဆိုပါသည်။ ၁၉၇၁ ခုနှစ် ဆရာစိုင်းမုန်တစ် ကွယ်လွန်ပြီးကျိုင်းတုံ လျှို့ဝှက်အဖွဲ့ အစည်းမှ လူများ အဖမ်းခံရသောအခါ SNA သည်ဗုံးဗုံးလဲသွား ခဲ့သည်ဟု ဆိုရမည်။ မိုင်းမ၊ မိုင်းယောင်း ဘက်တွင် SNA အင်အားအနဲငယ် ကျန်ခဲ့သေး သော်လည်း လှုပ်ရှားနိုင်စွမ်း မရှိတော့ဟုဆိုရမည်။

၁၉၇၁ ခန့်တွင် အင်အားအချို့ စုစုစည်းစည်းစည်း ကျန်ခဲ့သည်မှာ SNAမှ ခွဲထွက်သွားခဲ့သည့် စဝ်ခွန်မြင့်၏ တပ်ဟန်စစ်တိုင်းအဖွဲ့ဟုဆိုရမည်။ ၎င်းတို့အဖွဲ့သည် မိုင်းယန်းဒေသတဝိုက်တွင် ကျန်ရှိနေခဲ့သည်။ သို့သော် သူတို့ သည်လည်း မိုင်းယန်း၊ ဆီလူးဒေသတွင် ၎င်းတို့အင်အားကိုထိမ်းသိမ်း၍ လူထုကိုစည်းရုံးလှုပ်ရှားနိုင်သော်လည်း ရှမ်းအရှေ့တခွင်လုံးအား သြဇာသက် ရောက်အောင်တော့ မစွမ်းဆောင်နိုင်ဟု ဆိုရမည်။

● SURA နှင့် SSPP/SSA
၁၉၆၄ ခုနှစ်က ဖွဲ့စည်းခဲ့သော SSA မှ မိုးဟိန်းခေါ် စဝ်ကွမ်းဇိဏ်း ခေါင်းဆောင်သည့် ရှမ်းပြည်တောင်ပိုင်းတွင် လှု ပ်ရှားနေသည့် SSA အဖွဲ့ သည် ၁၉၆၉ ခုနှစ် ဇန္နဝါရီလတွင် SURA Shan United RevolutionaryArmy ဟူသော အမည်ဖြင့် ပြန်လည်ခွဲထွက်ရပ်တည်ခဲ့သည်။ SURA ၏ ဌာနချုပ်အား မိုးဟိန်းဦးစီး၍ ရှမ်းအရှေ့ ထိုင်းနယ်စပ် ပိန်းလုံတွင် အခြေပြု သည်။ ၎င်းလက်အောက်တွင် ရှေ့တန်းဌာနချုပ်နှင့် တိုင်း ၃ တိုင်း ဖွဲ့စည်းသည်။

ကန်စစ် ဦးစီးသော SURA ရှေ့တန်းဌာနချုပ်သည် စိုင်းပိုင်မိန်း ဦးစီးသော တိုင်း ၁ မှ အင်အား ၃၀၀ ခန့်နှင့်အတူ လွယ်လင်မြောက်ဖက်နှင့် မိုင်းကိုင်နယ်မြေများတွင် လှုပ်ရှားသည်။ စောကာလုံဦးစီးသော တိုင်း ၂ သည် လင်းခေး၊ မိုးနဲ၊ မောက်မယ်နယ်များတွင် လှုပ်ရှားသည်။ ဆေဟောက် ဦးစီးသော တိုင်း ၃ သည် ထိုင်းနယ်စပ် ပိန်းလုံတွင် ဌာနချုပ်နယ်မြေအား တာဝန်ယူသည်။

ကျန်ခဲ့သည့် SSPP အင်အားစုများသည် ၁၉၇၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် SSA အင်အားတောင့်တင်းရေးအတွက် နိုင်ငံရေးအရခေါင်းဆောင်မှုပေးရန်အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP Shan State ProgressParty ဖွဲ့စည်းရန် မိုင်းတုံနယ်မြေ၌ စတင်ဆွေးနွေးခဲ့ကြသည်။ ၁၉၇၁ ခုနှစ်မတ်လ ၁၆ ရက်တွင် ကျေ းသီးမန်စံ နယ်မြေ ဝမ်ပိန်းကျေးရွာ၌ SSPP ကို စတင်ဖွဲ့စည်းခဲ့ကြသည်ဟု တပ်မတော်မှတ်တမ်းများတွင်ဖေါ်ပြသည်။ သို့သော်ရှမ်းခေါင်းဆောင်များ၏ မှတ်တမ်းများအရ SSPP အား ၁၉၇၁ ခုနှစ် သြဂုတ်လ ၁၆ ရက်တွင် ဖွဲ့စည်းသည်ဟုလည်းဆိုကြသည်။

SSPP ဥက္ကဌ အဖြစ် ခွန်ကြာနု ၊ အထွေထွေအတွင်းရေးမှူ းအဖြစ်စဝ်ဆေဝိုင်တို့ကတာဝ်ယူပြီး ထိုင်းနယ်စပ်တွင် အခြေပြု သည်။ ဒုဥက္ကဌခွန်အုန်းဘောင်၊ တွဲဘက်အထွေထွေအတွင်းရေးမှူ းစဝ်ဆေထင်၊ စစ်ဦးစီးချုပ်စိုင်းလှအောင်တို့က တာဝန်ယူပြီး ရှမ်းပြည်မြောက်ပိုင်းတွင် အခြေပြု သည်။

၁၉၇၂ ခုနှစ် မြန်မာစစ်ဘက်၏ စာရင်းဇယားဖေါ်ပြချက်အရ ရှမ်းပြည်နယ်အတွင်း အဓိက ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့မှာ စဝ်ဆေဝိုင်နှင့်စိုင်းလှအောင်တို့ ဦးစီးသည့် SSPP/SSA အင်အား ၅၀၀ ကျော်ခန့်၊ မိုးဟိန်းဦးစီး SURA အင်အား ၅၀၀ ခန့် ၊ အွန်ကျန့်ဦးစီး SNA အင်အား ၅၀၀ ခန့်၊ စဝ်ခွန်မြင့်ဦးစီး SSA တပ်စစ် အင်အား ၆၀၀ ခန့်ဟု ဖေါ်ပြသည်ကို တွေ့ရပါသည်။ ၁၉၇၀ ခုနှစ်က လည်း ရှမ်းလက်နက်ကိုင်တဖွဲ့ ထပ်ဖွဲ့သေး သည်ကို တွေ့ရ သည်။

● ရှမ်းပြည်သစ်တပ်မတော် ခေါ် တပ်စစ်မိန်းတိုင်မိုင်
အဆိုပါ ရှမ်းတပ်ဖွဲ့ကို ဖွဲ့စည်းသူမှာ ကိုးကန့်စော်ဘွား ဂျင်မီယန် ဖြစ်သည်။ ဂျင်မီယန် သည် တရုတ်ဖြူ ကူမင်တန်များ မြန်မာပြည်ဝင်ရောက်လာသောအခါ ပူးပေါင်းခဲ့ပြီး ထိုင်းနယ်စပ်တွင် ကူမင်တန်တို့နှင့်တွဲ၍ အခြေပြု ခဲ့သည်။ ဂျင်မီယန် သည် မဟာဒေဝီအား နာယက ထားပြီး ၁၉၆၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော SSA စတင်ဖွဲ့စည်းစဉ်က ပါဝင်ခဲ့သေးသည်ဆိုသော်လည်း သူ၏ လှုပ်ရှားမှု ကိုမတွေ့ရပါ။

ဝန်ကြီးချုပ်ဟောင်းဦးနုသည် ၁၉၆၉ ခုနှစ် သြဂုတ်လ ၂၂ရက်တွင် ပါလီ မန်ဒီမိုကရေစီပါတီ(ပဒပ) အားထူထောင်ခဲ့ပြီး ၁၉၇၀ ခုနှစ် ဖေဖဝါရီ ၂၁ ပါတီဌာနချုပ်ကို ဖွဲ့စည်းပြီး ဘန်ကောက်မြို့တွင်အခြေစိုက်ခဲ့သည်။ ထိုနောက်ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်အား လေ့ကျင့် ဖွဲ့စည်းရန်ဆောင်ရွက်ခဲ့သည်။ ထိုအချိန်တွင် ဂျင်မီယန် သည် တာချီလိတ်မြို့တောင်ဖက် ထိုင်းနိုင်ငံဟွေနမ့်ခွန်တွင် အင်အား ၂၀၀ ခန့်နှင့် အခြေပြု၍ နေသည်။ ဦးနုသည် ဂျင်မီယန် အားစည်းရုံး၍ ပြည်ချစ်တပ်မတော် မြောက်ပိုင်းတိုင်းမှူ းအဖြစ် တာဝန်ပေးခဲ့သည်။

၁၉၇၀ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဦးနု၏ မြောက်ပိုင်းတိုင်းမှူ းအဖြစ် တာဝန်ယူလိုက်သည့် ဂျင်မီယန်ဦးစီး၍ တပ်စစ်မိန်းတိုင်းမိုင် ခေါ်ရှမ်းပြည်သစ်တပ်မတော်အမည်ဖြင့် တပ်ရင်း ၂ ရင်း ဖွဲ့စည်းခဲ့သေးသည်။ ဂျင်မီယန်၏ တပ်စစ်မိန်းတိုင်းမိုင်နှင့် လာရောက်ပူးပေါင်းဖွဲ့စည်းခဲ့သူမှာ SNAအွန်ကျန့်ထံမှ ခွဲထွက်ခဲ့သည့် ကောင်းဖန်ဆန်ကျောက်နှင့် အင်အား ၂၅၀ ဖြစ်သည်။ ကောင်းဖန်ဆန်ကျောက်သည် အွန်ကျန့်ထံမှ ခွဲထွက်ပြီးနောက် လာအိုနိုင်ငံ မိန်းမိန်စခန်းတွင် အခြေပြု သည်။ သို့သော်နောက်ပိုင်းတွင် ကူမင်တန်များနှင့် ပဋိပက္ခဖြစ်ပြီး လာအိုမှ ထိုင်းနိုင်ငံတွင်းသို့ အင်အား ၂၀၀ ခန့်ဖြင့်ဝင်ရောက်လာခဲ့သည်။ ထို့နောက် ကောင်းဖန်ဆန်ကျောက်အဖွဲ့သည် ဂျင်မီယန်နှင့်ပူးပေါင်းပြီး တပ်စစ်မိန်းတိုင်းမိုင်၏ ရင်း ၃ အဖြစ်ဖွဲ့စည်းခဲ့သည်။ ၁၉၇၁ခုနှစ်အတွင်း မိုင်းယောင်းဒေသတွင်းသို့ ဝင်ရောက်လှုပ်ရှားခဲ့သည်။ တပ်နှင့်တိုက်ပွဲများဖြစ်ပွါးဖြစ်ပြီးနောက် အဆိုပါ ရင်း ၃ သည်ပြို ကွဲသွားပြီး ၁၉၇၁ခုနှစ် နှစ်ကုန်ပိုင်းတွင် ကောင်းဖန်ဆန်ကျောက်နှင့် အင်အားအနည်းငယ် သည် ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်ခိုလှုံ သွားခဲ့ရသည်။

ဂျင်မီယန်သည် ကူမင်တန်တို့နှင့် ပူးပေါင်းပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်းနယ်စပ်သို့ရောက်ရှိ အခြေပြု ပြီးနောက်ပိုင်း ကူမင်တန်လှု ပ်ရှားမှု များကျဆင်းသွားသောအခါ မဟာဒေဝီနှင့် ပူးပေါင်း၍၎င်း၊ ဦးနုနှင့် ပူးပေါင်း ၍၎င်း ရှမ်းပြည်နယ်တွင်း လှုပ်ရှားရန်ကြံရွယ်ခဲ့သည်ဟုဆိုနိင်သည်။ သို့သော်သူ၏ကြံရွယ်ချက်များသည် လက်တွေ့အကောင်အထည်ပေါ်လာသည်ကိုမတွေ့ရပေ။ နောက်ပိုင်းတွင် ၎င်းဖွဲ့စည်းသည့် တပ်စစ်မိန်းတိုင်မိုင်ကို မတွေ့ရှိရတော့ပေ။

● ရှမ်းပြည်နယ်နှင့် အရှေ့မြောက်ဗမာပြည်ကွန်မြူ နစ်ပါတီ
၁၉၆၈ ခုနှစ် ဇန္နဝါရီ ၁ ရက် ရှမ်းပြည်မြောက်ပိုင်းတွင် ဗမာပြည်ကွန်မြူ နစ်တပ်ဖွဲ့များဝင်ရောက်လာခြင်းသည် ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို တိုက်ရိုက် လှုပ်လှုပ်ခတ်ခတ်သက်ရောက်မှု ရှိခဲ့သည်ကိုတွေ့ရသည်။ တကယ်တမ်းဆိုလျင် ရှမ်းပြည်နယ်အလယ်ပိုင်း အင်းလေးဒေသ၊ ရပ်စောက်ဒေသ၊ မိုးကုတ်ဒေသတို့တွင် ၁၉၄၈ ခုနှစ်နှောင်းပိုင်းမှစပြီးဗမာပြည်ကွန်မြူ နစ်ပါတီတပ်ဖွဲ့များလှု ပ်ရှားမှု ရှိပြီးဖြစ်သည်။ သို့သော် ထိုစဉ်က ဝင်ရောက်သည့် ဗမာပြည်ကွန်မြူ နစ်ပါတီတပ်ဖွဲ့များသည် အင်အားသေးငယ်ခြင်း၊ လက်နက်ခဲယမ်းကျောက်မလုံလောက်ခြင်း၊ လှုပ်ရှားတိုက်ခိုက်နိုင်စွမ်းသေးငယ်ခြင်းတို့ကြောင့် ရှမ်းပြည်နယ်တွင်း ဂယက်ရိုက်မှု သိပ်မကြီးဟုဆိုရမည်။

သို့သော် ၁၉၆၈ ခုနှစ်တွင် ဝင်ရောက်လာသော အရှေ့မြောက်ဗမာပြည်ကွန်မြူ နစ်ပါတပ်ဖွဲ့များသည် အင်အားကောင်းမွန်သည့်အပြင် တရုတ်၏ လက်နက်ခဲယမ်းအပါ ရုပ်ဝတ္ထု ပစ္စည်းကူညီထောက်ပံ့မှု ရရှိထားသည်။ သို့ဖြစ်ရာ ၁၉၇၀ ခုနှစ်များတွင် ဗမာပြည်ကွန်မြူ နစ်ပါတီအရှေ့မြောက်တပ်ဖွဲ့များသည် ရှမ်းပြည်နယ် မူစယ်နှင့်ကွတ်ခိုင်မြောက်ပိုင်းရှိ ကြူ ကုတ်ပန်ဆိုင်းဒေ သ၊ ကိုးကန့်ဒေသ ၊ ဝ နယ် ၊ ကျိုင်းတုံမြောက်ပိုင်းနှင့် ကချင်ပြည်နယ် ကန်ပိုင်တီနှင့်ပန်ဝါဒေသတို့တွင် အခြေခံဒေသများထူထောင်နိုင်ခဲ့သည်။

ထိုသို့အားကောင်းလာသော ဗမာပြည်ကွန်မြူ နစ်ပါတီတပ်ဖွဲ့များသည်ဒေသခံတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလည်း စည်းရုံးသိမ်းသွင်းမှုများပြု လုပ်လျက်ရှိရာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေနှင့် အစိုးရတပ်ဖွဲ့များနှင့် တိုက်ခိုက်နေရချိန်တွင် ကွန်မြူ နစ်များနှင့်ပါတိုက်မလား၊ ပေါင်းမလားဆိုသည့်မေးခွန်းပေါ်လာသည်။ ထို့ပြင် အစိုးရအားပုန်ကန်တိုက်ခိုက်နေသည့် တိုင်းရင်းသားတပ်ဖွဲ့များအဖိ့ု လက်နက်ခဲယမ်းရရှိရန် ထိုစဉ်က ထိုင်းနယ်စပ်ကိုသာ မှီခိုနေရသည်။ ထို့ပြင် ထိုင်းနယ်စပ်မှ လက်နက်များကိုဝယ်ယူရသည်ဖြစ်ရာ ငွေကြေးလိုအပ်သည်။ယခုအခါ တရုတ်နယ်စပ်မှလည်း လက်နက်ခဲယမ်းရရှိနိုင်သည့် အခွင့်အလမ်းပေါ်ပေါက်ခဲ့ပြီ ဖြစ်သည့်အပြင်လက်နက်များရရှိရန် ငွေကြေးမလိုအပ်။ နိုင်ငံရေးအရ ကွန်မြူ နစ်များနှင့် ပူးပေါင်းမည် သို့မဟုတ် မပူးပေါင်းဟူသည့် ဆုံးဖြတ်ချက်သာလိုအပ်သည်။

သို့နှင့် ဤသို့သောအခြေအနေအောက်တွင် ရှမ်းပြည်နယ်တွင်းရှိ ရှမ်း တိုင်းရင်းသားလက်နက်ကိုင်များအပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အတွင်း ကွန်မြူ နစ်များနှင့် ပေါင်းရေးမပေါင်းရေးသည် ပြင်းထန်စွာ ဂယက်ရိုက်လာခဲ့တော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး