Breaking News

ဝင်းမြင့် - ကိုယ့်အမည်က ဘယ်သူတဲ့လဲ

Art- Than Htay Maung 
ကိုယ့်အမည်က ဘယ်သူတဲ့လဲ
ဝင်းမြင့်
( မိုးမခ) ဇူလိုင် ၉၊ ၂၀၂၅


သဘာဝအတိုင်းနေမယ်ဆိုတဲ့
သစ်ရွက်ခြောက်တွေကို
လှဲကျင်းပြီး မီးရှို့ရတယ်။

လောကရဲ့အပြင်မှာနေတဲ့
ကြယ်တာရာတွေကို
မော့ကြည့်ရင်းနဲ့ ငေးတယ် ။

ဒီ မိုးတတွင်းလုံး
အေးတယ်
ဒီဆောင်းတတွင်းလုံး
ချမ်းတယ် 
ဒီတနွေကိုတော့
မျှော်တယ် ။

အမည်တွေ ကိုယ် အော်ခေါ်ကြည့်တော့
သစ်ရွက်စိမ်းတွေပါ ကြွေတယ် ။ ။


Wama
4 July 25 
 
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar